အက်တမ် (ATOM) မှ ဆိုင်ကလုန်းမုန်တိုင်း မိုခါး ဝင်ရောက်မည့် ရခိုင်ပြည်နယ်ရှိ အသုံးပြုသူ customer များအတွက် အခမဲ့ ဖုန်းခေါ်ဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ပေးအပ်ခဲ့

အက်တမ် (ATOM) သည် ဆိုင်ကလုန်းမိုခါး ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်ကြုံတွေ့ရမည့် ရခိုင်ပြည်နယ်ရှိ အသုံးပြုသူ customer များကို ကူညီထောက်ပံ့လျက်ရှိပါသည်။ အက်တမ် (ATOM) သည် ရခိုင်ပြည်နယ်ရှိ အသုံးပြုသူ customer များအနေဖြင့် မိမိချစ်ခင်ရသူများထံ ဆက်သွယ်နိုင်ရန်နှင့် လိုအပ်သည့်အချိန်တွင် အကူအညီ တောင်းဆိုနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ မိနစ် (၅၀) အခမဲ့ ဖုန်းပြောခွင့်နှင့် စာတိုအဆောင် (၅၀) အခမဲ့ ပေးပို့ခွင့်ကို ပေးအပ်သွားမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေသည့်ကာလအတွင်း အဆက်အသွယ် မပြတ်စေရန် အရေးကြီးသည့်အချက်အား အက်တမ် (ATOM) က နားလည်သဘောပေါက်ထားပြီး ယခုကဲ့သို့ ခက်ခဲနေသည့် အချိန်ကာလအတွင်း ပြည်သူများကို ဆက်သွယ်ချိတ်ဆက်ပေးနိုင်ရန်  အက်တမ် (ATOM) က ကတိကဝတ်ပြုထားပါသည်။ အက်တမ် (ATOM) မှ ယခုကဲ့သို့ ကူညီပံ့ပိုးမှုသည် ကုမ္ပဏီ၏ လက်ရှိအကောင်အထည်ဖော်လျက်ရှိသော ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံအတွင်း အရေးပေါ်အခြေအနေ တုံ့ပြန်မှုများအဖြစ် လုပ်ဆောင်ချက်များကို ကူညီသည့်အနေဖြင့် အဓိပ္ပာယ်ပြည့်ဝသော ပံ့ပိုးထောက်ပံ့မှုများကို ပြုလုပ်ခြင်းဖြစ်ပါသည်။

အက်တမ် (ATOM) မှ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများနှင့် အက်တမ် (ATOM) ၏ အသုံးပြုသူ customer များကို သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသည့် ကာလအတွင်း လိုအပ်သည့် ကာကွယ်မှုများပြုလုပ်ကြရန်နှင့် လုံခြုံဘေးကင်းစွာ နေထိုင်ကြရန် တိုက်တွန်းလိုက်ရပါသည်။ မိုးလေဝသသတင်းများကို နားစွင့်ထားခြင်း၊ အကြံပြုချက်များကို လိုက်နာလုပ်ဆောင်ခြင်း၊ လိုအပ်ပါက ပိုမိုလုံခြုံစိတ်ချရသည့်နေရာသို့ ပြောင်းရွှေ့ခြင်း၊ အရေးပေါ်ကာလအတွင်း အသုံးပြုရန် မိုဘိုင်းဖုန်းများကို အားသွင်းထားခြင်း၊ အရေးပေါ်လွယ်အိတ်ကို ပြင်ဆင်ထားခြင်း၊ အရေးကြီးသည့် စာရွက်စာတမ်းများနှင့် မှတ်ပုံတင်များကို လုံခြုံသည့်နေရာတွင် သိမ်းဆည်းထားခြင်း၊ သောက်ရေနှင့် စားစရာများကို ပြင်ဆင်ထားခြင်း အစရှိသည့် အသုံးဝင်သော နည်းလမ်းများကို ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။