Covid-19 Syndrome တွင်စားသောက်သင့်သော အစားအစာများနှင့်ဆောင်ရန်၊ ရှောင်ရန်များ

Covid ဖြစ်နေချိန်တွင် အာဟာရပြည့်ဝစွာစားသောက်ပါဟုဆိုသော်ငြားလည်း တကယ်လက်တွေ့တွင်မူ အစာကောင်း ကောင်း မစားနိုင်သဖြင့် ကိုယ်အလေးချိန်များလည်း ကျဆင်းကြရသည်။ အားမရှိသလိုခံစားရခြင်း၊ မူးနောက်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း မကောင်းခြင်း စသည်တို ခံစားနေရပါသည်။
ထိုပြင် နောက်ဆက်တွဲ (complication) အဖြစ် သွေးခဲသည့် ပြဿနာများ ၊ Pulmonary Embolism ၊ Deep vein Thrombosis ၊ သွေးတွင်း Glucose level မငြိမ်သည့်ပြဿာနာများစသည်တိုလည်း လူနာများတွင်တွေ့နေရသည်။
အဓိက ရေကို သောက်ပေးဖိုလိုအပ်သည်။ တနေ့လျှင် အနည်းဆုံး ၂ လီတာ သောက်ပေးရမည်။ မခါးသော ရေနွေးကြမ်းလည်း သောက်လို့ရသည်
ဆောင်ရန် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁)အသား၊ ငါး တရက်လျှင် ၁၀ ကျပ်သား ၊
(၂) ကြက်ဥ တရက်လျှင် ၂ လုံး ၊
(၃)နို (သိုမဟုတ် ) အာဟာရမှုန့် တရက် ၂၀၀ ml ၊
(၄)ဒိန်ချဉ် 150 ml နှင့်ပျားရည် ထမင်းစားဇွန်း၁ ဇွန်း
(၅)အစိမ်းရောင်ရှိသော အရွက် – ဟင်းနုနွယ်၊ ကန်ဇွန်း၊ ဗူးရွက်၊ ကညွတ် — ထမင်းစားဇွန်း ၆ ဇွန်း မှ ၁၀ ဇွန်း၊
(၆) သစ်သီး ၂ လုံး(ပန်ကန်လုံး ၂ လုံးစာ ) (စပျစ်သီး၊ အရည်ရွမ်းသီးများ၊ ဘယ်ရီသီးများ)
(၇ ) ထမင်း/ ခေါက်ဆွဲ / ကြာဆံ / ဖက်ထုပ် – (စားနိုင်သလောက် ) စသည်တိုကိုစားသောက်ပေးဖိုလိုအပ်ပါသည်။
(၈) ဂျင်း၊ ဆနွင်း ၊ ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ အစေ့အဆန်၊ မန်ကျီးသီးအနှစ် တိုကိုဟင်းချက်ရာတွင် ထည့်သုံးပေးသင့် သည်။
Deep vein Thrombosis အတွက် ကာကွယ်မှုပေးနိုင်ပါလိမ့်မည်။ ဆီသုံးရာတွင်လည်း သံလွင်ဆီနှင့်နေကြာဆီကို ဦးစားပေး သုံးသင့်သည်။ပါးစပ်မှအစားမဝင်သူများ နှာခေါင်းပိုက် (Nasogastric tube ) ဖြင့်အစာသွင်းပေးရန်လိုအပ်သည်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများတွင်ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ၎င်းတို့သည် အာဟာရပြည့်ဝအောင် မစားနိုင်ကြပါ။အသက်ရှူလေ့ကျင့်ခန်းကို မနက်တကြိမ်၊ ညတကြိမ် ဆက်လုပ်သင့်သည်။ အခြားပြင်းထန်သောလေ့ကျင့်ခန်းများ ကိုမလုပ်သင့်သေးသော်လည်း လမ်းလျှောက်ခြင်းကို မူမနက် ၁၅ မိနစ်၊ ညနေ ၁၅ မိနစ်ဖြင့် စသင့်ပါသည်။
ရှောင်ရန်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အဓိကရှောင်သင့်သည်မှာ အချိုရည်များ (Soft drink) ၊ငန်သောအစားအစာများ၊ ဟင်းအနှစ်များ၊ လက်ဖက်သုပ်၊ ကလီစာများ၊ ဝက်အူချောင်း၊ကြက်အူချောင်းများ၊ အသင့်စားအစားအစာများကို ၃ လခန့်ရှောင်သင့်ပါသည်။ ကော်ဖီနဲ့ အရက်ကို သွေးခဲကာကွယ်ဆေးထိုးထားသောသူများတွင် မသောက်သင့်ပါ။ ဆေးလိပ်သောက်တတ်သူများ ဆေးလိပ်ဖြတ် ရန်အရေးကြီးသည်။Covid ဖြစ်ပြီးသူများ ၂၁ ရက် / ၃၀ ရက်တွင် medical checkup ပြန်လည်ပြုလုပ်သင့်သည်။
Source Yangon Healthcare Unit Facebook Page