Galaxy Z Fold Series ရဲ့ ဒီဇိုင်းပိုင်း တိုးတက်ပြောင်းလဲလာပုံ အဆင့်ဆင့်

Samsung အနေနဲ့ ဖုန်းရဲ့  Display အလယ်ကနေ ခေါက်လို့ရတဲ့ Foldable ဖုန်းစီးရီးတွေကို မျိုးဆက် ၅ ခု‌အထိ အောင်အောင်မြင်မြင် ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး ဖြစ်သလို မျိုးဆက် ၆ ခုမြောက် ခေါက်ဖုန်းတွေကိုလည်း မကြာခင်အချိန်မှာပဲ ထပ်မံတွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။ မျိုးဆက်တစ်ခုနဲ့တစ်ခုကြား သူမတူတဲ့ အဆင့်မြှင့်တင်မှုတွေကိုလည်း အဆင့်ဆင့်ပြုလုပ်ခဲ့ကြပြီး လက်ရှိမှာတော့ Foldable ဖုန်းတွေဟာ နေ့စဥ်ဘဝမှာ အမှန်တစ်ကယ်လက်တွေ့ကျအသုံးဝင်ပြီး မြင့်မားတဲ့ လူနေထိုင်မှုအဆင့်တစ်ခုကို ဖော်ဆောင်နိုင်တဲ့ဖုန်းတွေအဖြစ် လူအများက အသိအမှတ်ပြု စိတ်ဝင်စားနေကြပြီ ဖြစ်တာကြောင့် ၂၀၁၉ ခုနှစ်ကစပြီး ထွက်ရှိခဲ့တဲ့ Galaxy Z Fold စီးရီးတွေရဲ့ မျိုးဆက်အလိုက် ပြောင်းလဲလာပုံ အဆင့်ဆင့် သမိုင်းကြောင်းကို မျှဝေလိုက်ပါတယ်။

Image: Samsung

Galaxy Fold – ၂၀၁၉

ဆန်းသစ်ထားတဲ့ နည်းပညာနဲ့အတူ သူမတူတဲ့ ခေါက်ချိုးဒီဇိုင်းတည်ဆောက်ပုံနဲ့ စတင်ပွဲထွက်လာတဲ့ Samsung ရဲ့ ပထမဦးဆုံး Galaxy Z Fold စီးရီးကို ၂၀၁၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ဒီ ပထမမျိုးဆက် Galaxy Z Fold ရဲ့ ခေါက်ထားချိန် အထူမှာ ၁၇.၁ မီလီမီတာ၊ အလေးချိန်မှာ ၂၇၆ ဂရမ် ရှိခဲ့ပါတယ်။

Image: Samsung

Galaxy Z Fold2 – ၂၀၂၀

ပထမဆုံး Galaxy Z Fold ခေါက်ဖုန်းမျိုးဆက်ရဲ့ အသုံးပြုမှုအတွေ့အကြုံတွေအပေါ် အခြေခံပြီး ဒီဇိုင်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေမှာ သိသိသာသာ အဆင့်မြှင့်တင်ထားတဲ့ Galaxy Z Fold2 မှာတော့ Hinge အပိုင်းမှာ အဓိက ပြောင်းလဲတိုးတက်လာပြီး ခေါက်ထားချိန် အထူမှာ ၁၆.၈ မီလီမီတာသာ ရှိတော့ပြီး၊ အလေးချိန်အားဖြင့်တော့ ၂၈၂ ဂရမ်ကို ပြောင်းလဲ ထုတ်လုပ်ခဲ့ပါတယ်။

Image: Samsung

Galaxy Z Fold3 – ၂၀၂၁

ရေစိုခံနိုင်တဲ့ ပထမဦးဆုံးသော Foldable စီးရီးဖြစ်ပြီး ဖုန်းအပြင်ဖက်အပြင် Hinge မှာပါ ရေစိုခံနည်းပညာကို ထည့်သွင်း တည်ဆောက်ထားတဲ့ တတိယမျိုးဆက် Galaxy Z Fold3 ကတော့ အရင်မျိုးဆက်တွေထက် ပိုမိုပါးလွှာလာတဲ့အပြင် Armor Aluminium ကို အသုံးပြုပေးထားလို့ ပိုမိုပေါ့ပါးလာခဲ့ပါတယ်။ ခေါက်ထားချိန်အထူ ၁၆ မီလီမီတာ၊ အလေးချိန် ၂၇၁ ဂရမ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။

Image: Samsung

Galaxy Z Fold4 – ၂၀၂၂

အလေးချိန် ၂၆၃ ဂရမ်အထိ လျှော့ချနိုင်ခဲ့တဲ့ စတုတ္ထမျိုးဆက် Galaxy Z Fold4 ကတော့ ခေါက်ထားချိန် အထူ ၁၅.၈ မီလီမီတာ၊ အလေးချိန်အနေနဲ့ ၂၆၃ ဂရမ်မျှသာ ရှိပြီးတော့ အဲဒီခေတ်ကာလက အပေါ့ပါးဆုံးနဲ့ အကြမ်းအခံဆုံး ခေါက်ချိုးစမတ်ဖုန်းအဖြစ် စမတ်ဖုန်းလောကမှာ အသိအမှတ်ပြု ခံခဲ့ရပါတယ်။

Image: Samsung

Galaxy Z Fold5 – ၂၀၂၃

ဖုန်းရဲ့ အတွင်းအပြင် အဖက်ဖက်က အဆင့်မြှင့်တင်ထားတဲ့ Galaxy Z Fold5 ကတော့ ခေါက်ထားချိန်အထူ ၁၃.၄ မီလီမီတာ၊ အလေးချိန် ၂၅၃ ဂရမ်အထိ ပါးလွှာပေါ့ပါးခဲ့ပြီး ဝယ်ယူသုံးစွဲသူများ အထူးကြိုက်နှစ်သက်ခဲ့ကြတဲ့ စီးရီးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Image: Samsung

မကြာခင်မှာ Samsung Foldable ရဲ့ နောက်ထပ်မျိုးဆက်တစ်ခု ထွက်ရှိလာတော့မှာဖြစ်သလို စွမ်းဆောင်ရည်မြင့်မားလှတဲ့ AI နည်းပညာကိုလည်း ပေါင်းစပ်ထည့်သွင်းပေးတော့မယ်လို့ သတင်းတွေ ထွက်ရှိနေပါတယ်။ ဒီ နောက်ဆုံးထွက် Galaxy Z Fold စီးရီးသစ်ကိုတော့ ဇူလိုင်လ၊ ၁၀ ရက်၊ မြန်မာ စံတော်ချိန် ည ၇း၃၀ အချိန်မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကနေတဆင့် ကမ္ဘာတစ်ဝန်းကို မိတ်ဆက်ပေးသွား တော့မှာဖြစ်ပါတယ်။