ကမ္ဘာ့ထိပ်တန်း Short-video ပလက်ဖောင်းများထဲမှ တစ်ခုဖြစ်သည့် TikTok သည် အသုံးပြုသူများအတွက် ဘေးကင်းပြီး ဗဟုသုတပြည့်၀သော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် ကတိပြုထားပါသည်။ ဒစ်ဂျစ်တယ်အခင်းအကျင်း၏ လျင်မြန်သော ပြောင်းလဲမှုနှင့်အတူ မီဒီယာတတ်မြောက်မှု၊ အွန်လိုင်းဘေးကင်းရေးနှင့် ဒစ်ဂျစ်တယ်ကျန်းမာချမ်းသာရေးတို့သည် တစ်နေ့တခြား အရေးပါလာပါသည် ။ ထို့ကြောင့် ကတိကဝတ်နှင့်အညီ TikTok သည် သုံးစွဲသူများကို အသိပညာနှင့် Tools များဖြင့် အွန်လိုင်းပေါ်တွင် တာဝန်သိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်သည့် အရင်းအမြစ်တစ်ခုဖြစ်သည့် Myanmar Digital Literacy Hub အကြောင်း မျှဝေလိုပါသည်။

Image: TikTok
Myanmar Digital Literacy Hub တွင် အွန်လိုင်းလုံခြုံရေးဆိုင်ရာ Feature များ၊ ဆိုက်ဘာကျန်းမာရေးနှင့် ဒစ်ဂျစ်တယ်ကျန်းမာရေး အပါအဝင် အရေးကြီးသော အကြောင်းအရာများစွာ ရှာဖွေ့တွေ့ရှိနိုင်ပါသည်။ အွန်လိုင်းမှ အမြတ်ထုတ်ခြင်းကို တားဆီးခြင်း၊ အန္တရာယ်ရှိသော ဆေး၀ါးများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် အွန်လိုင်းပေါ်ရှိ အရွယ်မရောက်သေးသူများ၏ ဘေးကင်းမှုကို အာမခံခြင်းဆိုင်ရာ ပညာပေးအကြောင်းအရာများ ပါဝင်ပါသည်။ “တွေးပြီးမှ တင်ပါ” ဟူသော ကမ်ပိန်းဆောင်ပုဒ်အောက်တွင် သုံးစွဲသူများ အွန်လိုင်းဘေးကင်းမှုကို နားလည်သဘောပေါက်လာစေရန် ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များ မျှဝေခြင်း၊ ဉာဏ်စမ်းပဟေဠိများနှင့် ဇာတ်လမ်းအခြေပြု သင်ယူခြင်းကဲ့သို့သော ဆွဲဆောင်မှုရှိသော အကြောင်းအရာများဖြစ်သည့် အင်ဖိုဂရပ်ဖစ်များနှင့် ဒေသခံ Creator များ၏ ဗီဒီယိုများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အဆိုပါ အရင်းအမြစ်များအပြင် TikTok က မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ထားသည့် ပညာပေးဗီဒီယို ၁၀ ခုပါ “Be Safe with Soe” စီးရီးကိုလည်း ကြည့်ရှုနိုင်ပါသည်။ စီးရီးတွင် မြန်မာနိုင်ငံရှိ TikTok အသုံးပြုသူများနှင့် ၎င်းတို့၏ အသိုင်းအဝိုင်းကို ကိုယ်စားပြုသည့် ဇာတ်ကောင်များ ပါဝင်ပါသည်။ ပြည်တွင်းအသံသရုပ်ဆောင်များ၏ အသံဖြင့် ထုတ်လုပ်ထားသည့် ဤဗီဒီယိုများသည် ဒစ်ဂျစ်တယ်ဘေးကင်းရေးအကြောင်း သတိပြုမိစေရန်နှင့် နိုင်ငံတွင်း TikTok ၏ ဘေးကင်းရေးလုပ်ဆောင်မှုများကို အရှိန်မြှင့်ရန် ရည်ရွယ်ပါသည်။ လက်တွေ့ကျသော လမ်းညွှန်ချက်နှင့် စိတ်၀င်စားဖွယ်ဇာတ်လမ်းအကြောင်းအရာကို ပေါင်းစပ်ခြင်းဖြင့် အဆိုပါ စီးရီးသည် သုံးစွဲသူများအား အွန်လိုင်းအန္တရာယ်များကို သတိပြုရန်၊ အကြောင်းအရာဗီဒီယိုများကို တာဝန်သိစွာ ကြည့်ရှုအားပေးတတ်ရန်နှင့် ၎င်းတို့နှင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုလုံခြုံသော အွန်လိုင်းအတွေ့အကြုံကို ဖန်တီးပေးပါသည်။

Image: TikTok
Myanmar Digital Literacy Hub တွင် TikTok ၏ ရင်းနှီးမြှုပ်နှံမှုနှင့် “Be Safe with Soe” ဗီဒီယိုစီးရီးတို့မှ တစ်ဆင့် ဘေးကင်းပြီး ဗဟုသုတပြည့်၀သည့် အွန်လိုင်းပတ်ဝန်းကျင်ကို မွေးမြူရန်ဆိုသည့် TikTok ၏ အလေးပေးပုံမှုများကို သိမြင်နိုင်ပါသည်။ ဘေးကင်းရေး ပဏာမခြေလှမ်းများကို စဉ်ဆက်မပြတ် ချဲ့ထွင်ပြီး လက်လှမ်းမီသော အသိပညာဆိုင်ရာ အရင်းအမြစ်များကို ပံ့ပိုးပေးခြင်းဖြင့် TikTok သည် သုံးစွဲသူများအား တာဝန်သိသော ဒစ်ဂျစ်တယ်ရွေးချယ်မှုများ ပြုလုပ်ရန် အားပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံရှိ TikTok အသုံးပြုသူအားလုံး Digital Literacy Hub တွင် စူးစမ်းလေ့လာပြီး “Be Safe with Soe” ဗီဒီယိုစီးရီးကိုလည်း ကြည့်ရှုကြရန် တိုက်တွန်းလိုက်ရပါသည်။ လူတိုင်းအတွက် ပိုလုံခြုံပြီး ပိုပျော်စရာကောင်းသော ဒစ်ဂျစ်တယ်အတွေ့အကြုံကို အတူတကွ တည်ဆောက်နိုင်ပါသည်။ ထို့ကြောင့် Myanmar Digital Literacy Hub ဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာများ အားကောင်းလာစေရန် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းလိုက်ရပါသည်။