အူရီဒူးမြန်မာက မြန်မာနိုင်ငံ eSports ကဏ္ဍ၏ မှတ်တိုင်သစ်တစ်ခုဖြစ်သည့် Gameverse Champion League ပြိုင်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့
အူရီဒူးမြန်မာသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် Times City နှင့် Junction Square Outdoor Area တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည့် Gameverse Champion League ပြိုင်ပွဲကြီး၏ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာလိုက်ပါသည်။ အဆိုပါပြိုင်ပွဲကြီးတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် Mobile Legends (MLBB) ပြိုင်ပွဲများနှင့် ပေါ့ပေါ့ပါးပါး ဂိမ်းများပါဝင်ပြီး ဆုကြေးငွေကျပ် စုစုပေါင်း ကျပ်သိန်း ၃၂၀ ထိ ပေးအပ်ခဲ့ကာ နိုင်ငံတစ်ဝန်းမှ ထိပ်တန်း eSports ကစားသမားများနှင့် ဂိမ်းဝါသနာရှင်များအတွက် အောက်မေ့ဖွယ် အတွေ့အကြုံကို ပေးစွမ်းခဲ့ ပါသည်။ ယင်းအခမ်းအနားသို့ လာရောက်ကြည့်ရှုသူများအနေဖြင့် ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက် ကြည့်ရှုနိုင်ခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်များ၊ အစီအစဉ်များ၊ ဖျော်ဖြေမှုများနှင့် တစ်မူထူးခြားသော ဂိမ်းအတွေ့အကြုံများက ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
ဇန်နဝါရီလ (၇) ရက်နေ့နှင့် (၈) ရက်နေ့တို့တွင် ကျင်းပခဲ့သည့် Group Stage အွန်လိုင်း ပြိုင်ပွဲများအပြီးတွင် ရန်ကုန်၊ ပုသိမ်၊ တောင်ကြီးနှင့် မန္တလေးတို့မှ ဒေသတွင်းချန်ပီယံများနှင့်အတူ Gameverse Mission 2024 မှ အနိုင်ရရှိခဲ့သည့် အသင်းများဖြစ်သော Falcon Esports နှင့် AI Esports တို့နှင့် Gameverse Battle Land မှ အနိုင်ရရှိခဲ့သူများသည် ဇန်နဝါရီလ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် ကျင်းပခဲ့သော Gameverse Champion League သို့ အတူတကွ တက်လှမ်းခဲ့ကြပြီး ချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဇန်နဝါရီလ (၁၁) ရက်နေ့ Semi-final ပွဲစဉ်များတွင် Actual Esports သည် AI Esports နှင့် ယှဉ်ပြိုင်ခဲ့ပြီး Team 7 သည် Falcon Esports နှင့် ယှဉ်ပြိုင်ခဲ့ကြကာ နောက်ဆုံး Final ပွဲစဉ်သို့ AI Esports နှင့် Falcon Esports တို့ တက်ရောက်ခဲ့ပါသည်။ နောက်ဆုံး ဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် AI Esports နှင့် Falcon Esports တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြကာ Mobile Legends (MLBB) ၏ ချန်ပီယံအသင်းအဖြစ် AI Esports က အနိုင်ရရှိခဲ့ပါသည်။ ထို့အတူ PUBG Mobile Battle Land နှင့် Regional Events များမှ အနိုင်ရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ပြီး Battle Land Winner အဖြစ် Nexus Vanguard က ရရှိခဲ့ပြီး Regional Winner အဖြစ် Burmese Ghouls က ထိုက်တန်စွာ ရရှိခဲ့ကြသည်။ ဤစိတ်လှုပ်ရှားဖွယ်ရာအောင်ပွဲများသည် Gameverse Mission 2024၊ Gameverse Battle Land နှင့် ဒေသတွင်းပြိုင်ပွဲများမှ တစ်ဆင့် နေရာတစ်ခု ရရှိထားသော အသင်းများ၏ ထူးခြားသော စွမ်းရည်များကို ပြသခဲ့သော ပြိုင်ပွဲများဖြစ်ပါသည်။ ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့်အတူ နောက်ဆုံးပွဲစဉ်တွင် ကစားသမားများနှင့် ပရိသတ်များသည် eSports ၏ အမြင့်မားဆုံး ရင်ခုန် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များကို မြင်တွေ့ခဲ့ရပြီး မမေ့နိုင်သော အတွေ့အကြုံကို ဖန်တီးပေးခဲ့ပါသည်။
Image: ooredoo
ရင်သပ်ရှုမောဖွယ်ရာ ပြိုင်ဆိုင်မှုများအပြင် အူရီဒူးမြန်မာသည် စိတ်လှုပ်ရှားစရာ ပွဲနေရာနှစ်ခုဖြင့် ပရိတ်သတ်များအတွက် အောက်မေ့ဖွယ် ပွဲအတွေ့အကြုံကိုလည်း ပေးစွမ်းခဲ့ပါသည်။ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များ၏ Main Stage ကို Times City Outdoor Area တွင် ကျင်းပခဲ့ပြီး Junction Square Outdoor Area တွင် ပရိသတ်များအနေဖြင့် အရည်အသွေးမြင့် LED ဖန်သားပြင်ကြီးများထက်တွင် ဂိမ်းကစားသူများ၏ လှုပ်ရှားမှုများကို ကြည့်ရှုခံစားနိုင်သည့် မြန်မာနိုင်ငံတွင် ပထမဆုံးသော Watch Party Experience ကို ရရှိခံစားနိုင်ခဲ့ပါသည်။ ပွဲနေရာနှစ်ခုစလုံးသည် ပရိသတ်များကို ပွဲအတွင်း အပြည့်အဝ စိတ်လှုပ်ရှားပျော်ရွှင်နိုင်ရန်အပြင် နာမည်ကြီး Streamer Monica နှင့် Mobile Legends Fan Match တွင် ပါဝင်ခြင်း၊ နာမည်ကြီး အဆိုတော် Shine နှင့် Team 143 တို့၏ တိုက်ရိုက်ဖျော်ဖြေမှုများကို ခံစားနိုင်ခြင်း၊ Cosplay ပြိုင်ပွဲများ ပါဝင်ခြင်း၊ Chill Zone တွင် အပန်းဖြေခြင်း၊ Photo Booth တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း စသည့် အစီအစဉ်များအားလုံးကို ၎င်းတို့၏ စိတ်ကြိုက်အသင်းများကို အားပေးနေစဉ် ခံစားရရှိနိုင်ခဲ့ပါသည်။ ပွဲစဉ်အတွင်းပါရှိသော Cosplay ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Cosplayer Parade တစ်ခုဖြစ်ပြီး အရည်အချင်းပြည့်ဝသော Cosplay များ၏ ရင်သပ်ရှုမောဖွယ် ဖျော်ဖြေမှုများဖြင့် ပွဲကြည့်ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Eduardo Quiroga က “Gameverse Champion League ကို မယုံနိုင်လောက်အောင်ကို အများကြီး လာရောက်အားပေးခဲ့ကြသူတွေနဲ့ ဒီပွဲရဲ့ အောင်မြင်မှုအတွက် ကျွန်တော်တို့ ကျေနပ်ဝမ်းသာမိပါတယ်။ ကစားသမားတွေနဲ့အတူ ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုက တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ အနိုင်ရရှိခဲ့တဲ့ အသင်းတွေအားလုံးကိုလည်း Congratulations ပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ဒီပွဲကို အခုလို အောင်မြင်အောင် ပံ့ပိုးပေးခဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ မြန်မာ့ eSports အသိုက်အဝန်းကို ဆက်ပြီးပံ့ပိုးကူညီနိုင်ဖို့နဲ့ ဂိမ်းကစားသမားတွေအတွက် ပိုပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ ထပ်ပြီး ယူဆောင်လာဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်“ ဟု ပြောကြားခဲ့ပါသည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်လက်တိုးတက်လာနေသော eSports အသိုက်အဝန်းကို ပံ့ပိုးပေးနိုင်ရန်အတွက် ကတိကဝတ်ပြုထားပါသည်။ Gameverse Champion League သည် ဂိမ်းကစားသူများကို ၎င်းတို့၏ စွမ်းရည်များကို ပြသရန်နှင့် ပရိသတ်များနှင့် ချိတ်ဆက်နိုင်ရန် အခွင့်အလမ်းများ ပေးဆောင်ရန်ဟူသော အူရီဒူးမြန်မာ၏ စိတ်အားထက်သန်မှုကို ထင်ဟပ်စေပါသည်။ မြန်မာ့ eSports ကဏ္ဍ ဆက်လက်တိုးတက်လာသည်နှင့်အမျှ အူရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ ဂိမ်းအသိုက်အဝန်းအတွက် ပိုမိုစိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များ ဆောင်ကြဉ်းပေးမည့် ပွဲများကို အနာဂတ်တွင် ပံ့ပိုးပေးနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။