KBZPay App မှ Spin Wheel ကိုလှည့်လည်ကာ ဈေးဝယ်ငွေသားကူပွန်များကံစမ်းနိုင်သည့် အစီအစဉ်စတင်

KBZPay App မှ Spin Wheel ကိုလှည့်လည်ကာ ဈေးဝယ်ငွေသားကူပွန်များကို နေ့စဉ်ဝင်ရောက် ကံစမ်းနိုင်နေပြီဖြစ် ကြောင်း KBZPay မှ သိရသည်။

Photo Source https://www.kbzpay.com/my/promotion/kbzpay-enjoy-discounts-with-qr-payments/

အဆိုပါအစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ KBZPay မှာ ကူပွန်တွေကံစမ်းပြီးQR နဲ့ဈေးပြန်ဝယ်ရင်း လျှော့ဈေးများရယူပါ Campaign ကာလသည် ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက် ထိဖြစ်သည်။
၂။ KBZPay မှာ ကူပွန်တွေကံစမ်းပြီးQR နဲ့ဈေးပြန်ဝယ်ရင်း လျော့ဈေးများရယူ ပါCampaign ၏ရည်ရွယ်ချက် မှာ KBZPay အသုံးပြုသူ Level 1, 1.5 နှင့် Level 2 Customer များ အားလုံး သည် ရေတွက်ချိန် ၀၀:၀၀:၀၀ ရောက်ရှိချိန် ( နံနက် ၉ နာရီ) တွင် Spin Wheel လှည့်လည်ကာ ဈေးဝယ် ကူပွန်များ ကံစမ်းနိုင်ရန်ဖြစ်ပြီး ၊ ၎င်းကူပွန်များအား KBZPay အရောင်းမိတ်ဖက်ဆိုင်များတွင် QR ဖြင့်ငွေပေးချေရာတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။
၃။ KBZPay Customers များသည် KBZPay Campaign Banner မှတစ်ဆင့် Spin Wheel ကိုလှည့်လည်ကံစမ်းနိုင်မည်ဖြစ်ပါသည်။
၄။ နေ့စဉ်သတ်မှတ်ထားသော ကူပွန်အရေအတွက် ကန့်သတ်ချက်ကြောင့် Customers များအနေဖြင့် Campaign page မှ ရေတွက်ချိန် ၀၀:၀၀:၀၀ တွင် Spin Wheel အားလှည့်လည် ရန် လိုအပ်ပါသည်။ တစ်နေ့တာသတ်မှတ်ချက် ကူပွန် အရေအတွက်ပြည့်သွားပါက အဆိုပါအစီအစဉ်၏ တစ်နေ့တာပြီးဆုံးမည်ဖြစ်ပါသည်။

Photo Source https://www.kbzpay.com/my/promotion/kbzpay-enjoy-discounts-with-qr-payments/

၅။ Customers များသည် တစ်နေ့လျှင် ကူပွန် ၁ စောင်နှုန်း နှင့် တစ်ပတ်လျှင် ကူပွန် ၃ စောင် အများဆုံးရရှိမည်ဖြစ်ပါသည်။ Customers များသည် တစ်ပတ်အတွင်း Spin Wheel အား ရေတွက်ချိန် ၀၀:၀၀:၀၀ တွင် ထပ်မံလှည့်လည်ရန် အခွင့်အရေး တစ် ကြိမ် ရရှိရန် ၎င်း၏ သူငယ်ချင်း ၃ ယောက်အား Campaign တွင်ပါဝင်ရန် SMS invitation ( SMS ဝန်ဆောင်ခအား Customer ဘက်မှ ကျခံရမည်ဖြစ်ပါသည်) ဖြင့် ဖိတ်ခေါ် ကာ အဆိုပါ သူငယ်ချင်း ၃ ယောက်မှCampaign တွင်ပါဝင်ပြီး Spin Wheel အား လှည့်လည် ရန်လိုအပ်ပါသည်။ ပထမဦးဆုံး အကြိမ် Spin Wheel အားလှည့်လည်ပြီးနောက် Customers တစ်ဦးလျှင် ထပ်မံအခွင့်အရေး ၂ ကြိမ်ထိ အများဆုံး ရရှိနိုင်မည်ဖြစ်ပြီး ၊ အခွင့်အရေး ၂ ကြိမ်ရရှိရန် သူငယ်ချင်း ၆ ဦးအား ဖိတ်ခေါ်ရန်လိုအပ်ပါသည်။ Customers များသည် တစ်ပတ်အတွင်း မိမိ ဖိတ်ခေါ်ပြီးသော သူငယ်ချင်းများအား ထပ်မံဖိတ်ခေါ်၍ မရပါ။
၆။ ရေတွက်ချိန်သည် Customers များအတွက် ထပ်မံ လှည့်လည်ရန် အခွင့်အရေး မရရှိတော့သည့် အချိန်တွင် ပျောက်ကွယ်သွားမည်ဖြစ်သည်။ Customer သည် ဒုတိယအကြိမ် အခွင့်အရေး သို့မဟုတ် တတိယအကြိမ် အခွင့်အရေး အား ရေတွက်ချိန် ၀၀:၀၀:၀၀ ရောက်ရှိသည့်အချိန်တွင် လှည့်လည်ရန် လစ်ဟင်းခဲ့ပါက အဆိုပါအခွင့်အရေးကို တစ်ပတ်မကျော်ခင်အချိန်အတွင်း ( တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ) နောက်တစ်ကြိမ် ရေတွက်ချိန် အားစောင့်ဆိုင်း ၍လှည့်လည်နိုင်သည်။
၇။ Customers များသည် ရရှိထားသော ကူပွန်များအား KBZPay ၏ အရောင်းမိတ်ဖက်ဆိုင်များ တွင် QR ဖြင့် ပေးချေဝယ်ယူရာတွင် အသုံးပြုပြီး လျော့ဈေးရရှိမှာဖြစ်ပါသည်။ Customers များအနေဖြင့်ရရှိထားသော ကူပွန်များကို ရရှိပြီးနောက် ၇၂ နာရီအတွင်းအသုံးပြုရန်လိုအပ်သည်။
KBZPay Customers များသည် Coupons များအား My profile အောက်ရှိ “My Coupons” ထဲသို့ ချက်ချင်းလက်ခံရရှိမည်ဖြစ်သည်။
၈။ Spin Wheel ဆုလက်ဆောင်များမှာ ၁၀၀ ကျပ်တန် ကူပွန်၊ ၁၅၀ ကျပ်တန် ကူပွန်၊ ၂၀၀ ကျပ်တန် ကူပွန် ၊ ၃၀၀ ကျပ်တန် ကူပွန် ၊ ၅၀၀ ကျပ်တန် ကူပွန် ၊၇,၀၀၀ ကျပ်တန် ကူပွန် တို့ဖြစ်သည်။
၉။ ကူပွန်များအား ပြန်လည်အသုံးပြုရာတွင် ၁၀၀ ကျပ်တန်ကူပွန်အား ၅၀၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက် လည်းကောင်း၊ ၁၅၀ ကျပ်တန်ကူပွန်အား ၇၅၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊၂၀၀ ကျပ်တန်ကူပွန်အား ၁၀၀၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊ ၃၀၀ ကျပ်တန်ကူပွန်အား ၁၅၀၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊ ၅၀၀ ကျပ်တန်ကူပွန်အား ၂၅၀၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊ ၇၀၀၀ ကျပ်တန်ကူပွန်အား ၃၅၀၀၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊ အသီးအသီးဖြစ်သည်။ Customer တစ်ဦးသည် ကူပွန် ၃ စောင်အား QR ဖြင့် ဈေးဝယ်ယူမှုတွင် တစ်ပြိုင်တည်း အသုံးပြု၍ မရနိုင်ပါ။ Customer တစ်ဦးသည် ပထမဆုံးရရှိထားသော ကူပွန် ၂ စောင်အားစတင် အသုံးပြုနိုင်ပြီး ဝယ်ယူမှု့တစ်ခုခြင်းစီ အတွက် တစ်စောင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၁၀။ အဆိုပါ Campaign ကာလအတွင်းသာလျှင် KBZPay Level 1 , 1.5 နှင့် Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်သည်။
၁၁။ ဤ Campaign တွင် KBZPay Level အားလုံး ပါဝင်နိုင်သော်လည်း Level 1 Customers များအနေဖြင့် ကူပွန်များအား အရောင်းမိတ်ဖက်ဆိုင်များတွင် ဈေးဝယ်ရန် ပြန်လှည် အသုံးပြုရာတွင် KBZPay Level အဆင့် 1.5 သို့မဟုတ် 2 သို့မြှင့်တင် ထားရန်လိုအပ်သည်။
KBZPay App ကို အောက်ပါ Link မှ ဒေါင်းလုတ်ရယူနိုင်မည်လည်းဖြစ်သည်။
iOS – https://apple.co/31igRU9
Android – http://bit.ly/2RP3U0N