ကလေးများအိမ်မှာနေရင်းစာသင်ယူနိုင်သည့် KG တန်းမှ Grade 11 အထိ သင်ရိုးများအကြောင်း (၃)

ကျောင်းမသွားတဲ့ ကလေးများမိမိအိမ်မှာနေရင်းစာသင်ယူလို့ရနိုင်ရန်အတွက် KG တန်းကနေ Great 11 အထိ သင်ရိုး Link တွေ ထုတ်ပြန်ထားပါရှိပါတယ်။ အခုသင်ရိုးကတော့ Grade 2 တန်းတွေအတွက် ဖော်ပြပေးထားတဲ့ သင်ရိုးဖြစ်ပါတယ်။ သင်ကြား ရေးလမ်းညွှန်ဆရာ၊ ဆရာမတွေအတွက်လည်း အကျိုးရှိစေမှာ အမှန်ပါပဲ။
ကလေးကြိုက်နှစ်သက်မယ့် ကာတွန်း ပုံပြင် စတဲ့ ရုပ်ပြတိုလေးတွေဖတ်ခိုင်းနိုင်ပါတယ်။ ဖတ်တဲ့အခါ စာလုံးပေါင်းဖတ် နေလည်း ဖတ်ပါစေ။ စာလုံးပေါင်းဖတ်တာတောင် အဆင်မပြေနိုင်တဲ့အခြေအနေဆိုရင် မိဘက စာရွက်မှာ စာတိုလေး တွေရေးပြီး ကပ်ထားပေးပါ။ တစ်နေ့ကို ထိုစာတမ်းမျိုး ၃ခုစာလောက်ပဲ ကလေးကိုဖတ်ခိုင်းပါ။ ဖတ်ပြီးလျှင်မှတ်မိ သလောက် ပြန်ချရေးခိုင်းနိုင်ပါတယ်။ ပြီးလျှင်ထိုစာတမ်းကို နောက်နေ့မှာလည်း မနေ့ကကပ်ထားတဲ့ စာ၃ခုကိုပြန်ဖ တ်စေပြီးနောက် နောက်ထပ်စာတမ်း ၃ ခုရေး ကလေးကိုဖတ် ပြန်ချရေးခိုင်းပြီးလျှင် နံရံမှာကပ် ထိုအတိုင်းနေ့တိုင်း လုပ်သွား ရင် ကလေးက ပုံပြင်တိုလေးများကိုဖတ်တတ်တဲ့အနေအထားတစ်ခုကို ရောက်လာပါမယ်။ ပုံပြင်ဖတ်နိုင်တဲ့ အခြေအနေ ရောက်လျှင် ကလေးဖတ်ပြီးတဲ့ပုံပြင်ကို မိဘကိုပြန်ပြောပြစေရပါမယ်။ ဒါတွေဟာ အခြေခံအရေးကြီးတဲ့အချက် တွေပါ။

Photo Source https://web.facebook.com/photo/?fbid=557369948569421&set=a.103848410588246

သင်္ချာအတွက် အလီကိုကျက်ခိုင်းလို့ရပါပြီ။ ကလေးရဲ့လက်ရေးကို ပြင်ပေးချင်ရင်တော့ ၄ ကြောင်းမျဉ်းမှာ စာတိုလေးတွေ ကူးရေးစေပြီးပြင်ပေးနိုင်ပါတယ်။G2 တက်မယ့်အရွယ်ဟာ တကယ့်ကလေးလေးပဲရှိသေးလို့ အိမ်တွင်းမှုနဲ့ပတ်သတ်တာတွေ ဘာသာရေး မိမိကိုယ်ကိုကို တာဝန်ယူတတ်အောင် စတဲ့အရာတွေဆက်သင်ပေးနိုင်တယ်။ KG G1 မှာလည်းရေးခဲ့ပါတယ်။ စည်းကမ်းဟာ အိမ်ကစပါတယ်။ ကျောင်းမဖွင့်ခင်မှာ မိမိကလေးကို လိုအပ်သလိုပုံဖော်နိုင်ပါတယ်။ ကလေးစိတ်ဝင်စားမယ့် အရာလေးတွေလည်း လုပ်ဆောင်ခိုင်းနိုင်ပါတယ်။
ဖတ်စာအုပ်တွေနဲ့ လေ့လာစေချင်ရင်တော့ ဖတ်စာအုပ်တန်ဖိုးက ၁၀၀၀၀ အောက်ပါပဲ။ ဘာသာရပ် ၁၀ခု လေ့လာရပါတယ်။ အပြင်ဖတ်စာအုပ်တွေက ဘာသာရပ် ၇ခုပဲ ပါနိုင်ပါတယ်။ သိပ္ပံ စာရိတ္တစာအုပ် ဘဝတွက်တာစာအုပ်တွေဖတ်စေပြီး အပြန်အလှန် ဆွေးနွေးနိုင်ပါတယ်။ သင်္ချာကတော့ သင်တဲ့ပုံစံတွေမတူတော့လို့ စနစ်သစ်သင်ကြားရေးအတွေ့အကြုံမရှိရင် မသင်လည်းအဆင်ပြေပါတယ်။ မိဘတတ်နိုင်သလောက်ပဲလုပ်ပေးနိုင်ပါတယ်။ လူမူရေးစာအုပ်ကိုလည်းဖတ်ခိုင်းပြီး ပြန်ပြော ပြစေတာမျိုးလုပ်ပေးနိုင်ပါတယ်။
မိဘက အင်္ဂလိပ်လိုအနည်းငယ်ပြောဆိုနိုင်ရင် အင်္ဂလိပ်လိုပြောပြီးသင်ပေးနိုင်ပါတယ်။ စကားလုံးလေးတွေသင်တဲ့အခါ သင်နည်းလေးတစ်ခုကို အရင်က ဆရာ ဆရာမတွေအတွက် ဝေမျှပေးဖူးတာလေးရှိလို့ လေ့လာချင်ရင် အောက်က လင့်မှာ ဝင်ကြည့်ပေးပါ။
link တစ်ခုချင်းစီမှ မိမိတို့ လိုအပ်သော စာအုပ်များကို Download ရယူနိုင်ပါတယ်။ စာအုပ်များကို တင်ပေးထားသော မူရင်း Website မှ Download ဆွဲချင်ပါကအောက်ပါ Link ကရယူနိုင်ပါတယ်။
http://www.derpt.moe.edu.mm/?page_id=11989

http://www.derpt.moe.edu.mm/?page_id=11989…
တစ်ဘာသာချင်းစီအတွက်အောက်ပါ Link မှာ ရယူနိုင်ပါတယ်။
မြန်မာစာ
https://www.mediafire.com/…/01._G2_Textbook…/file

https://www.mediafire.com/…/01._G2_Textbook…/file
အင်္ဂလိပ်စာ

https://www.mediafire.com/…/02._G2_Textbook…/file

https://www.mediafire.com/…/02._G2_Textbook…/file
သင်္ချာ

https://www.mediafire.com/…/03._G2_Textbook_Math…/file

https://www.mediafire.com/…/03._G2_Textbook_Math…/file
သိပ္ပံ

https://www.mediafire.com/…/04._G2_Textbook…/file

https://www.mediafire.com/…/04._G2_Textbook…/file
လူမှုရေး

https://www.mediafire.com/…/05._G2_Textbook…/file

https://www.mediafire.com/…/05._G2_Textbook…/file
စာရိတ္တနှင့်ပြည်သူ့နီတိ

https://www.mediafire.com/…/07._G2_Textbook…/file

https://www.mediafire.com/…/07._G2_Textbook…/file
ဘဝတွက်တာကျွမ်းကျင်စရာ
https://www.mediafire.com/…/06._G2_Textbook…/file

https://www.mediafire.com/…/06._G2_Textbook…/file
ကာယပညာ

https://www.mediafire.com/…/08._G2_Textbook…/file

https://www.mediafire.com/…/08._G2_Textbook…/file
အနုပညာ(ဂီတ)

https://www.mediafire.com/…/10._G2_Textbook…/file

https://www.mediafire.com/…/10._G2_Textbook…/file
အနုပညာ(ပန်းချီ)
https://www.mediafire.com/…/09._G2_Textbook…/file

https://www.mediafire.com/…/09._G2_Textbook…/file
စာအုပ်နဲ့ audio တွေ လင့်ပျက်ရင် အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=589537348686014&id=100028892617574

Source .. Ministry of Education Myanmar and Hanni Linn Facebook