MPT က ‘TeamFit: Unite & Move’ အစီအစဉ်၏ တစ်စိတ် တစ်ပိုင်း အဖြစ် ယမန်နှစ်က အောင်မြင်စွာကျင်းပခဲ့သည့်အပေါ် အခြေခံပြီး ဒုတိယ အကြိမ်မြောက် ဖူဆယ် ဘောလုံး ပြိုင်ပွဲကို ဇူလိုင်လ (၅) ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် ကစားကွင်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲသည် ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကျန်းမာကြံ့ခိုင်မှုနှင့် ကိုယ်စိတ်ကျန်းမာစွာ ရှိမှု၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ခိုင်မာစေရန်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု တိုးတက်စေရန်အတွက် MPT ၏ ဌာနကြီး (၅) ခုမှ ဝန်ထမ်းများအတူတကွပါဝင်ကာ စုစုပေါင်း အသင်း (၈) သင်းဖြင့် ထပ်မံဆောင်ရွက်လိုက်ခြင်း ဖြစ်ပါသည်။
ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာကြံ့ခိုင်စွာရှိမှု နှင့် တက်ကြွသောလူနေမှုပုံစံရှိနေခြင်းက ခိုင်မာကောင်းမွန်သည့် အဖွဲ့အစည်း တစ်ခုအတွက် အရေးကြီးကြောင်း MPT ကကောင်းစွာယုံကြည်ထားပါသည်။ ၎င်းက အပြုသဘော ဆောင်သော လုပ်ငန်းခွင်ကို ပျိုးထောင်ပေးကာ နောက်ဆုံးအနေဖြင့် နိုင်ငံတစ်ဝန်းရှိ တန်ဖိုးထားရသော သုံးစွဲသူ များသို့ ဝန်ဆောင်မှုပေးရာတွင် အကောင်းဆုံးကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။

Team COO-1 received the Champion Award at the 2nd Fusal Tournament 2025
Image: MPT
MPT-KSGM JO ၏ အမှုဆောင်အရာရှိချုပ်ဌာနကြီးမှ Mr. Mikinori NAITO က “ ‘TeamFit: Unite & Move’ ရဲ့ ဒုတိယအကြိမ်မြောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျွန်တော်တို့ ဆက်လက်ပြီးအောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့ပြီး စိတ်အားထက်သန်မှုတွေကို မြင်တွေ့ရတဲ့အတွက် အထူးပဲဂုဏ်ယူမိပါတယ်။ ဒီဖူဆယ်ဘောလုံးပြိုင်ပွဲက MPT ကို ခိုင်မာစည်လုံးတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်စေတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေဖြစ်တဲ့ တက်ကြွတဲ့ လုပ်ငန်းခွင်ဓလေ့ကို မြှင့်တင်ပေးနိုင်မှု၊ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးမှု၊ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ခိုင်မာစေမှုတွေကို အမှန်တကယ် ပုံဖော်ပေးနေတာဖြစ်ပါတယ်။ ဒီနေ့ပြိုင်ပွဲမှာ ကျွမ်းကျင်မှု၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့ ကြိုးပမ်းမှုအားထုတ်မှု အရည်အသွေးတွေကိုပြသခဲ့ပြီး ချန်ပီယံ ဆုဖလားကို ဆွတ်ခူးသွားခဲ့တဲ့ COO-1 ဖူဆယ်ဘောလုံးအသင်းကို ထပ်မံပြီးဂုဏ်ပြုလိုပါတယ်။ ဒီနှစ်မှာလည်း ကျင်းပတဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ဆက်လက်အောင်မြင်အောင် ကူညီထောက်ပံ့ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
MPT သည် “TeamFit:Unite & Move” အစီအစဉ်မှတစ်ဆင့် ယောဂနှင့် Zumba ကဲ့သို့သော ကျန်းမာရေး လုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြင့် ကိုယ်စိတ်ကျန်းမာစွာရှိမှုနှင့်တက်ကြွသော လူနေမှုပုံစံကို မြှင့်တင်ခြင်းတို့ကို အသိအမှတ်ပြုပြီး ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှုကို အလေးထားဆောင်ရွက်လျက်ရှိကာ ယင်းကတစ်ဆင့် တူညီသည့်ရည်ရွယ်ချက်သို့ ရောက်ရှိရန်အတွက် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုကို ပျိုးထောင်ပေးပြီး အဆုံးတွင် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ပေးစေနိုင်မည် ဖြစ်ပါသည်။

Team COO-2 received 2nd Winner Up Award at the 2nd Fusal Tournament 2025
Image: MPT
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရသော အရည်အသွေးမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန်နှင် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးကူညီနိုင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။