အူရီဒူးမြန်မာက “တန်ခူးလက်ဆောင် သိန်း ၁,၀၀၀”အစီအစဥ်မှ အထူးဆုကြီးဖြစ်သည့် ငွေကျပ် သိန်း ၁,၀၀၀ နှင့် အခြားဆုပေါင်း ၃၀ ပေးအပ်ချီးမြှင့်ခဲ့

အူရီဒူးမြန်မာက တန်ခူးလက်ဆောင် သိန်း ၁,၀၀၀ အစီအစဥ်မှ အထူးဆုကြီးဖြစ်သည့် ငွေကျပ် သိန်း ၁,၀၀၀ နှင့် အခြားဆုကြီးများအား ကံထူးရှင်အသီးသီးသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ Melia ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အထူးဆုကြီးဖြစ်သည့် ကျပ်သိန်း ၁,၀၀၀ နှင့် အခြားကံထူးဆုပေါင်းများစွာအတွက် ကံထူးရှင်များ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် မေလ (၃) ရက်နေ့က Junction City တွင် အများပြည်သူနှင့် မီဒီယာများ ရှေ့မှောက်တွင် မဲနှိုက်ရွေးချယ်ခဲ့ပြီး Ooredoo Myanmar Facebook စာမျက်နှာမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။

Image: ooredoo

ဤဆုလက်ဆောင်ပေးအပ်ပွဲ အခမ်းအနားသည် တန်ခူးလက်ဆောင် သိန်း ၁,၀၀၀ အစီအစဥ်၏ အထူးဆုကြီးဖြစ်သည့် ငွေကျပ် သိန်း ၁,၀၀၀ ၊ iPhone Pro Max ၁၅ ဆုနှင့် ရွှေ ၅ မူးသား ၁၅ ဆု တို့ အပါအဝင် စုစုပေါင်း ၃၁ ဆုကို သက်ဆိုင်ရာ ကံထူးရှင်ထံ အောင်မြင်စွာ လွှဲပြောင်းပေးအပ်ခဲ့သည့် နောက်ဆုံးပိတ် အခမ်းအနားဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Head of Marketing ဖြစ်သူ Mr. Nalin Jain က “ “တန်ခူးလက်ဆောင် သိန်း ၁၀၀၀” သင်္ကြန်ပရိုမိုးရှင်းအစီအစဥ်ရဲ့ ကံထူးရှင်တွေအားလုံးကို ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါတယ်။ အူရီဒူးကို ချစ်ခင်ပြီး အစဥ်အမြဲအသုံးပြုလာကြတဲ့ သုံးစွဲသူများ အားလုံးကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြလိုတဲ့အတွက် ထူးခြားတဲ့ သင်္ကြန်ပွဲတော်ကာလမှာ ယခုပရိုမိုးရှင်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဒီအပေါ်မှာ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ရရှိခဲ့တာက အနာဂတ်မှာ ဆုကြီးတွေနဲ့ ဆန်းသစ်တဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကို ထည့်သွင်းစဉ်းစားဖို့ ကျွန်တော်တို့ကို ခွန်အားပေးပါတယ်။ ဒီနေ့မှာတော့ အူရီဒူးမြန်မာအဖွဲ့သားတွေနဲ့အတူ ကံထူးရှင်တွေရဲ့ ပျော်ရွှင်မှုကို မျှဝေခံစားခွင့်ရလို့ ဝမ်းသာမိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“တန်ခူးလက်ဆောင် သိန်း ၁,၀၀၀” ပရိုမိုးရှင်းအစီအစဉ်၏ အောင်မြင်မှုသည် အူရီဒူးမြန်မာမှ သုံးစွဲသူများ၏ ချစ်ခြင်းမေတ္တာနှင့် စဥ်ဆက်မပြတ်အားပေးမှုကို အသိအမှတ်ပြုမှုနှင့်အတူ ကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ကမ်းလှမ်းချက်များ ပေးအပ်လျက်ရှိနေသည်ကိုပါ ပြသနေသည့်အပြင် အဆိုပါ အောင်မြင်မှုက အနာဂတ်တွင် ဆန်းသစ်ကောင်းမွန်သော အစီအစဉ်များကို ပြုလုပ်နိုင်ရန်လည်း ဦးတည်လျက်ရှိပါသည်။

Image: ooredoo

အထူးဆုကြီး ငွေကျပ် သိန်း ၁,၀၀၀ ကံထူးရှင် မမေမီမောင်က “အူရီဒူးမြန်မာက တိုက်ရိုက်ထုတ်လွှင့်တဲ့ မဲနှိုက်ရွေးချယ်ပွဲအတွင်းမှာ အထူးဆုကြီး ငွေကျပ် သိန်း ၁,၀၀၀ ကို ကံထူးတဲ့အကြောင်း  ဖုန်းလက်ခံရရှိခဲ့တဲ့ အချိန်မှာ ကျွန်မ အတိုင်းမသိ ၀မ်းသာခဲ့ရပါတယ်။ ကျွန်မ အူရီဒူးကို သုံးစွဲလာတာ ၄ နှစ်နီးပါး ရှိနေပါပြီ။ Ooredoo SuperApp ကနေ အင်တာနက်ပက်ကေ့ချ် ၀ယ်ယူအသုံးပြုပြီး “တန်ခူးလက်ဆောင် သိန်း ၁,၀၀၀” ပရိုမိုးရှင်းမှာ အထူးဆုကံထူးရှင်အဖြစ် ကျွန်မ ကံထူးနိုင်ခဲ့တာပါ။ သိန်း ၁,၀၀၀ ကံထူးနိုင်ခဲ့တဲ့အတွက် လိုအပ်နေသူတွေကို ထောက်ပံ့ပေးနိုင်ဖို့၊ အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့နဲ့ ချစ်ရသူတွေကို လက်ဆောင်တွေပေးနိုင်ဖို့ဆိုတဲ့ ကျွန်မရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာတော့မှာပါ” ဟု ပြောကြားခဲ့ပါသည်။

မြန်မာ့သင်္ကြန်ပွဲတော်အထိမ်းအမှတ်အနေဖြင့် “တန်ခူးလက်ဆောင် သိန်း ၁,၀၀၀” ပရိုမိုးရှင်းအစီအစဉ်ကို ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ အဆိုပါကာလအတွင်း အူရီဒူးသုံးစွဲသူများအနေဖြင့် နှစ်သက်ရာ ဖုန်းခေါ်ဆိုမှု သို့မဟုတ် အင်တာနက်ပက်ကေ့ချ်များကို ဝယ်ယူအသုံးပြုရုံဖြင့် နေ့စဉ်ဆုများနှင့် အထူးဆုကြီး ကံစမ်းမဲအစီအစဉ်များတွင် ပါဝင်ခွင့်ရရှိခဲ့ကြပါသည်။