အူရီဒူးမြန်မာမှ ပံ့ပိုးပေးထားသည့် နည်းပညာခေတ်ရဲ့ပျိုမေများအစီအစဉ် ၂၀၂၃ – ၂၀၂၄ အတွက် လေ့ကျင့်သင်ကြားရေး အောင်မြင်စွာပြီးဆုံး၍ နောက်ဆုံးအဆင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတင်ဆက်မှုတွင် ဆုရရှိသူ ၄၀ ဦး

အူရီဒူးမြန်မာမှ ပံ့ပိုးပေးထားသည့် နည်းပညာခေတ်ရဲ့ပျိုမေများအစီအစဉ် ၂၀၂၃ – ၂၀၂၄ (Tech Age Girls Myanmar Program 2023-2024) ၏ လေ့ကျင့်သင်ကြားရေးအောင်မြင်စွာပြီးဆုံး၍ နောက်ဆုံးအဆင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတင်ဆက်မှုတွင် ဆုရရှိသူ ၄၀ ဦးအား ထုတ်ပြန်ကြေညာခဲ့သည်။

နည်းပညာခေတ်ရဲ့ပျိုမေများအစီအစဥ် ၂၀၂၃-၂၀၂၄ တွင် သင်တန်းသူ‌ဦးရေ အယောက် ၂၅၀ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်၏  ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် ဒစ်ဂျစ်တယ်ပိုင်းနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ စွမ်းရည်များကို ပြုစုပျိုးထောင်လေ့ကျင့်မှုများဖြစ်သည့် ကွန်ပျူတာနှင့် ICT ပညာ၊ စီမံကိန်းများ စီစဉ်ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲမှု၊ ဆန်းသစ်စွာ တွေးခေါ်ခြင်း၊ ဖန်တီးနိုင်စွမ်းရှိပြီး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်ခြင်းစသည့် လေ့ကျင့်သင်ကြားမှုများ ပေးအပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကာလပြီးနောက် အမျိုးသမီးငယ်လေးများအနေဖြင့် လေ့လာသင်ယူခဲ့သော  နည်းပညာပိုင်းနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးချခြင်းဖြင့် လူမှုဝန်းကျင်အသီးသီး၏ လိုအပ်ချက်များအပေါ် အခြေခံ၍ လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများအား တင်ပြခဲ့ကြပါသည်။ ဆုရရှိသူများကို ၎င်းတို့၏ စီမံကိန်းဆိုင်ရာ တင်ပြချက်များနှင့် စီမံကိန်းအသီးသီးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းများအပေါ် အခြေခံ၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အမှတ်ပေး သုံးသပ်အကဲဖြတ်ရာတွင် သက်ဆိုင်ရာ လူမှုအသိုင်းအဝန်းများ၏ လိုအပ်ချက်များကို စိစစ်ဆောင်ရွက်နိုင်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာအသုံးပြုခြင်း၊ တင်ဆက်မှုပုံစံနှင့် တီထွင်ဖန်တီးမှုတို့အပေါ်တွင် စိစစ်အကဲဖြတ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

အူရီဒူးမြန်မာမှ ဆုရရှိသူများအားလုံးကို လက်ပ်တော့သစ်တစ်လုံးစီနှင့် လူမှုဝန်းကျင်အကျိုးပြု စီမံကိန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ငွေသားဆု ကျပ် ၃၀၀,၀၀၀ စီ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဆုရရှိသူ ၄၀ ဦးအနေဖြင့် အစီအစဥ်၏ နောက်ဆုံးပိုင်းဖြစ်သော Leadership Summit သို့ တက်ရောက်ခွင့် ရရှိပြီး ၎င်းတို့ အဆိုတင်သွင်းထားသော လူမှုဝန်းကျင်အကျိုးပြု စီမံကိန်းများကို အကောင်အထည်ဖော်ရန် လိုအပ်သော လမ်းညွှန်မှု၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ရရှိနိုင်မည်ဖြစ်ပါသည်။

Image: ooredoo

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ “အူရီဒူးမြန်မာအနေနဲ့  နည်းပညာခေတ်ရဲ့ ပျိုမေများအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ သင်တန်းသူ အားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့ အားထုတ်ကြိုးပမ်းမှုတွေကို မြင်တွေ့ခဲ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီဆုရွေးချယ်ခံရတဲ့ အမျိုးသမီးငယ် အယောက် ၄၀ အနေနဲ့လဲ လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကို ကျွမ်းကျင်စွာ အကောင်းဆုံး အသုံးချတာကိုလဲ မြင်တွေ့ခဲ့ရပါတယ်။ ဆုရသွားတဲ့ သင်တန်းသူအားလုံးကို ဝမ်းမြောက်ဝမ်းသာစွာ ဂုဏ်ပြုအပ်ပါတယ်။ ဒီအစီအစဥ်မှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးလေးတွေအနေနဲ့ မိမိတို့ သင်ယူတတ်မြောက်ခဲ့တဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ စွမ်းရည်တွေကို အသုံးချပြီး မိမိတို့ဘဝ တိုးတက်ရေးအတွက်သာမက လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အကျိုးပြုပြီး သိသာထင်ရှားတဲ့ ပြောင်းလဲတိုးတက်မှုတွေကို ယူဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားလိုက်ပါသည်။

နည်းပညာခေတ်ရဲ့ ပျိုမေများအစီအစဥ် ၂၀၂၃-၂၀၂၄ ၏ Leadership Summit ကို ၂၀၂၄ ခုနှစ်၊ မေလ (၁၃) ရက် မှ ဇွန်လ (၂) ရက်အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ Leadership Summit တွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ ဟောပြောခြင်း၊ အမျိုးသမီး စွန့်ဦးတီထွင်မှုဆိုင်ရာ ဆွေးနွေးစကားဝိုင်း၊ လုပ်ငန်းများ ထိရောက်စွာ ဆက်သွယ်လုပ်ကိုင်ခြင်းနှင့် အမျိုးသမီးအခွင့်အရေး စသည့် အကြောင်းအရာများ ပါဝင်ပါသည်။

နည်းပညာခေတ်ရဲ့ပျိုမေများ အစီအစဥ်သည် တစ်နှစ်ခန့်ကြာမြင့်သည့် အစီအစဥ်တစ်ခုဖြစ်ပြီး ယနေ့ဒစ်ဂျစ်တယ်ခတ်တွင် နည်းပညာနှင့် ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝသော အမျိုးသမီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

အူရီဒူးမြန်မာအနေဖြင့် နည်းပညာခေတ်ရဲ့ပျိုမေများအစီအစဥ် ၂၀၂၃-၂၀၂၄ ကို စီစဉ်ဆောင်ရွက်ရန် အပြည့်အဝ ပံ့ပိုးပေးထားပြီး လေ့ကျင့်သင်ကြားရေးအတွက် Succor Foundation နှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် ၂၀၁၆ ခုနှစ်မှ စပြီး ဤအစီအစဥ်အတွက် လိုအပ်သည့် အင်တာနက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများကို စတင်ပံ့ပိုးပေးခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ ယခုနှစ်အထိ သင်တန်းတစ်ခုလုံးအတွက် အလုံးစုံပံ့ပိုးမှုများ ပေးအပ်လျက်ရှိပါသည်။

နည်းပညာခေတ်ရဲ့ပျိုမေများ အစီအစဥ် ၂၀၂၃-၂၀၂၄ မှ ဆုရရှိသူများစာရင်း
 

ပြည်နယ်/

တိုင်းဒေသကြီး

 

စာကြည့်တိုက်

နံပါတ် အမည် စီမံကိန်းခေါင်းစဥ်
ဧရာဝတီ မအူပင်ဒေသဖွံ့ဖြိုးတိုးတက်ရေးစင်တာ နန့်မေဇင်ဦး ခေတ်သစ်ပျိုမဒီတို့ ကျန်းမာဖို့ အသိပညာမျှဝေစို့
ရွှေဇင်ဦး တို့ကမ္ဘာလေး လှပဖို့ ပလတ်စတစ်များ လျော့ချစို့
တော်ဝဖွံ့ဖြိုးတိုးတက်ရေးစင်တာ မြတ်သန္တာစိုး သင်ယူလေ့လာ လက်မှုပညာ
Spectrum Vigor နှင်းပွင့်ဖြူ လူငယ်နှင့် လက်မှုပညာ
လေးအိမ်စု မင်္ဂလာ စာကြည့်တိုက် ခင်မေဩ စွန့်ပစ်ပစ္စည်းများ စနစ်တကျ ပြန်လည်အသုံးပြုနိုင်ရေး
ဝင်းသော်တာ “Mobile Library” လေးမှ စာအုပ်ငှားဖတ်မယ်
အမျိုးသား စာကြည့်တိုက် ရွှန်းလဲ့လဲ့ထိုက် ဆီးချိုရောဂါ စောင့်ရှောက်မှု
ပဲခူး အုတ်တွင်း ရှေးဦးအရွယ်ကလေးငယ်များ
စောင့်ရှောက်ရေးကွန်ယက်
နော်မေရီ ငှက်ဖျားကင်းစင်သော အနာဂတ်
အောင်ဆန်း စာကြည့်တိုက် ခင်ဝတ်မှုန် အထီးကျန်နေသူ လက်တွဲကူ
မကွေး ပွင့်ဖြူ ECCD ကွန်ယက် ၁၀ အိသွင်မျိုး လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း
Knowledge House စာကြည့်တိုက် ၁၁ မြတ်ပန်းငုံ အသိတရားမှန်ဖို့ရာ စာအုပ်တွေနဲ့ လမ်းပြမှာ
မန္တလေး Future Light စာကြည့်တိုက် ၁၂ အောင်မေဖြိုး စွန့်ပစ်တာယာ အသုံးဝင်ဖို့ ဒို့တွေ တီထွင်စို့
၁၃ ဇူးမြတ်နိုး တီထွင်ဆန်းသစ် အလှစစ်
ဇောတိပါလ စာကြည့်တိုက် ၁၄ ဖြူစင်ဦး ရွှေရောင်နေ့သစ် နည်းပညာခေတ်
၁၅ သီသီဖြိုး သန့်ရှင်းကျန်းမာ ပျိုမေတို့ကမ္ဘာ
တတ်သိပညာ စာကြည့်တိုက် ၁၆ ထက်ယမင်းဦး အောင်မြင်မှု ပန်းတိုင်ရောက်ရှိဖို့ အခြေခံကစ လေ့လာစို့
ဓမ္မအလင်း စာကြည့်တိုက် ၁၇ အိဇင်ဖြိုး မြန်မာမှုကို ထိန်းသိမ်းဖို့ ရိုးရာမုန့်တွေ လုပ်ကြစို့
ပညာကြေးမုံ စာကြည့်တိုက် ၁၈ နန္ဒာအောင် စိမ်းလန်းသာယာ တို့ကျေးရွာ
လောကရတနာ စာကြည့်တိုက် ၁၉ သက်မွန်နိုင် မြန်မာ့ရိုးရာသရေစာများ မပျောက်ပျက်စေရန်နှင့်
မြန်မာလများအကြောင်း သိကောင်းစရာ
ရခိုင် CTC- Computer Technology City ၂၀ ချမ်းမြင့်ဝင်း စိတ်ကူးပန်းချီ အနာဂတ်ဆီ
စာပေ စာကြည့်တိုက် ၂၁ ရွှေခိုင်ဌေး စာကြည့်တိုက်မှ ဗဟုသုတမျှဝေရေး
လင်းရောင်ခြည် စာကြည့်တိုက် ၂၂ စောထိန်လင်း နည်းပညာဖြင့် လူငယ်များ၏ အနာဂတ်လူ့ဘောင်သစ်
တည်ဆောက်အံ့
စစ်ကိုင်း Century Lamp ၂၃ ချယ်ရီ ဓာတုဆေးဒဏ် ကွယ်ကာဖို့ သဘာဝဆေး သုံးကြစို့
၂၄ သွယ်သွယ်ဟန် စာအုပ်စာပေ ဖတ်ကြစို့
ရှမ်း Summer Shelter ၂၅ နှင်းကြည်စင် အားလပ်ရက်မှာ ပညာရှာ
၂၆ မေမဒီဗိုလ် ဒစ်ဂျစ်တယ်အသိပညာဝေမျှလို စာဖတ်အလေ့အထ ဖြန့်ဝေကြပါစို
လင်းရောင်ခြည် စာကြည့်တိုက် ၂၇ ဝတ်မှုန်သွေး အရုပ်စာကြည့်တိုက် ဖြစ်မြောက်ရေး
သုတပျိုးခင်း စာကြည့်တိုက် ၂၈ ဖြူခိုင် အခြေခံ စက်ချုပ်သင်တန်း
တနင်္သာရီ Dawei Millennium Centre (DMC) ၂၉ ရွှေစင်ဝင်းမောင် သက်တန့်ရောင်စုံ ကမ္ဘာသစ်များဆီသို့ လက်ကမ်းကာလှမ်းလို့လာ
၃၀ အိချမ်းမြေ့ဦး သက်ကြီးမှသည် ဖီးနစ်အသွင်
၃၁ လတ်စုထိုက် ဉာဏ်ရည်ထက်မြက်သူများ ကလပ်
၃၂ မြတ်သီရီကျော် အဖိုးတန်ရတနာများအဖြစ်သို့
White Youth Development Center ၃၃ ထက်ဝန်းမေ သင်ယူလေ့လာ ဂျပန်စာ

လျှောက်လှမ်းပါစို့ ပန်းတိုင်သို့

ပထက် စာကြည့်တိုက် ၃၄ သူသူစိုးစံ အရောင်အသွေးစုံလင်စွာ Printing နည်းပညာ
New Future စာကြည့်တိုက် ၃၅ သန္တာအောင် ကလေးများ စာတတ်ဖို့ ပညာဒါန သင်ကြားစို့
 

 

 

ရန်ကုန်

သုခမိန် စာကြည့်တိုက် ၃၆ ကြည်ဖြူလွင် မိုဘိုင်းဖုန်းတစ်လုံး၏ အသုံးဝင်ပုံများ
၃၇ သရဖီဦး သောက်သုံးရေကန်သန့်ရှင်းဖို့ဝိုင်းဝန်းကူညီကြပါစို့။
သုတအလင်းရောင် စာကြည့်တိုက် ၃၈ အိရွှေစင်ဖြိုး မွမ်းမံပြင်ဆင် သုတအလင်းရောင်တွင်
အလင်းရောင် စာကြည့်တိုက် ၃၉ ဧကရီထွန်း လူငယ်များအတွက်TAG ၏ ခြေလှမ်းသစ်
၄၀ မိသက် လူငယ်နှင့် ပျိုဖော်ဝင်ချိန် သိကောင်းစရာများ