ဈေးနှုန်းတူ စမတ်ဖုန်းတွေထက် သာလွန်ကောင်းမွန်တဲ့ IP68/IP69 နဲ့အတူ အကြမ်းခံနိုင်ဆုံး AI ဖုန်းဖြစ်လာမဲ့ OPPO A5 Pro ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်ဝယ်ယူနိုင်ပြီ
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က ဝယ်ယူသူတိုင်းကို ဂုဏ်ယူဝံ့ကြွားမှု အပြည့်အဝနဲ့ ယုံကြည်မှုအပြည့်အဝရရှိလောက်အောင် ပြီးပြည့်စုံတဲ့ အကြမ်းခံမှုနဲ့ IP68/69 နဲ့အတူ ရေစိမ်ခံနိုင်တဲ့ ခပ်ကြမ်းကြမ်း OPPO A5 Pro ကို မေလ ၁ ရက်နေ့က စတင်ကာ မြန်မာနိုင်ငံဈေးကွက်အတွင်း ၈၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ယခုမိတ်ဆက်လာတဲ့ OPPO A Series မှာဆိုရင် အဆင့်အတန်းမြင့် IP69/68/66 ရေနှင့် ဖုန်ဒဏ်ခံနိုင်ရည်နှင့် Military-Grade Shock Resistance လက်မှတ်တို့နှင့်အတူ OPPO A Series အတွက် အလွန်တာရှည်ခံမှုနှင့် ယုံကြည်စိတ်ချရမှုကို ယူဆောင်လာပါတယ်။ ဒါတင်သာမက OPPO A Series ရဲ့ Pro ထုတ်ကုန်လို့ ပြောရလောက်အောင် ကောင်းမွန်ပြီး အကြမ်းခံနိုင်မှုအဆင့် ထိပ်တန်း လုပ်ဆောင်ချက်နဲ့အတူ AI လုပ်ဆောင်ချက်တွေ ပါရှိလာတဲ့ OPPO A5 Pro ဟာ သုံးစွဲသူတွေကို Pro အဖြစ် ခံစားနိုင်စေအောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ ကွန်ရက်ဆက်သွယ်မှုတွေအတွက် AI LinkBoost နှင့် BeaconLink၊ Flagship အဆင့်ရှိ AI လုပ်ဆောင်ချက်များ၊ ကြီးမားတဲ့ 5,800 mAh ဘက်ထရီတို့နှင့်အတူ သုံးစွဲသူတွေရဲ့ တစ်နေ့တာဘဝမှာ ကြာရှည်ခံစမတ်ကျတဲ့အတွေ့အကြုံတွေကို ပေးစွမ်းနိုင်တဲ့ အဖော်မွန်ကောင်းတစ်ယောက်လို ခံစားရစေမဲ့ OPPO A5 Pro ကို မေလ ၁ ရက်နေ့က စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး မေလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အတွင်း စတင်ဝယ်ယူသူတွေအတွက် လက်ဆောင်တွေအဖြစ် တန်ဖိုးအားဖြင့် စုစုပေါင်း ၃၀၀,၀၀၀ ကျပ် တန်ဖိုးရှိတဲ့ 180 Days Screen Protection Plan ၊ 5 Years Battery Protection Plan ၊ အားပြန်သွင်းပြီး အသုံးပြုနိုင်တဲ့ LED မီးအိမ်နဲ့အတူ ATOM Package တွေ ရရှိမှာဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့မှ စတင်ဝယ်ယူသူတွေအနေနဲ့ အားပြန်သွင်းပြီး အသုံးပြုနိုင်တဲ့ LED မီးအိမ်နဲ့အတူ ATOM Package တွေကို လက်ဆောင်အဖြစ်ရရှိမှာဖြစ်ပါတယ်။
Image: OPPO
သူမတူတဲ့ Flagship အဆင့်ရှိ ရေစိမ်ခံနိုင်မှုနဲ့အတူ အကြမ်းခံနိုင်မှု Level ပိုမြင့်တက်လာတဲ့ Shock Resistance
OPPO A5 Pro ဟာ အမြင်အားဖြင့် စတိုင်ကျစေမဲ့အပြင် အကြမ်းခံမှုမှာဆိုရင်လဲ ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား သာမန်ထက်ပိုလွန်တဲ့ အကြမ်းခံမှုနဲ့အတူ ထွက်ရှိလာတဲ့ OPPO ရဲ့ A Series အမြင့်ပိုင်း ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ ဒီဇိုင်းအရ တောက်ပပြီး ခေတ်ဆန်လှပတဲ့ ဒီဇိုင်းရှိတဲ့ OPPO A5 Pro ဖုန်းဟာဆိုရင် ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည်ရှိတဲ့ IP69၊ IP68၊ IP66 တို့နဲ့ တည်ဆောက်ထားပြီး ထိပ်တန်းအဆင့်မြင့်စံနှုန်းများကိုပင် ကျော်လွန်ကာ အဆုံးစွန်ဖြစ်တဲ့ အကြမ်းခံနိုင်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဘက်စုံကာကွယ်မှုအပိုင်းမှာဆိုရင်လဲ OPPO A5 Pro ဟာ သာမန်ရေစိမ်ခံနိုင်ရုံသာမက အပူချိန်မြင့်တဲ့ရေအထိ ရေစိမ်ခံလာနိုင်မှာဖြစ်သလို ဖိအားမြင့် ရေဖြန်းခြင်းများအပြင် ဖုန်မှုန့်ဝင်ရောက်ခြင်းမှလဲ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
သာမန် IP68/69 ပါရှိတဲ့စမတ်ဖုန်းတွေထက် ပိုမို အကြမ်းခံရတဲ့ အကြောင်းရင်း
ဒီလို ပြည့်စုံတဲ့ ရေစိမ်ခံဒီဇိုင်းနဲ့အတူ OPPO A5 Pro ကို ပုံဖော်ထားတဲ့အတွက် ရေဝင်ရောက်မှုကနေ ကာကွယ်ဖို့အတွက် အကောင်းဆုံးသော ရေစိုခံခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးမှာဖြစ်သလို ဖုန်းရဲ့ ဘေးဘက်အဖွင့်အားလုံးကို လေလုံအောင် ဖန်တီးရန်အတွက် ဆီလီကွန် ကွင်းတွေနဲ့ ကော်တွေနဲ့ ပိတ်ထားတဲ့အပြင် အလွှာနှစ်ခုပါရှိတဲ့ Sponge Bionic Cushioning နဲ့အတူ ပေါင်းစပ်ကာ ဖုန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
OPPO A5 Pro ရဲ့ Screen Cover အတွက် အသုံးပြုထားတဲ့ အဆင့်မြင့် Double-tempering Glass ဟာဆိုရင် အခြားသော စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ ပုံမှန် Double-tempered Glass တွေနဲ့ နှိုင်းယှဉ်ပါက ပြုတ်ကျတဲ့ဒဏ်ကနေ ၁၆၀ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်တဲ့အပြင် ရေနဲ့ဖုန်မှုန့်တွေ၊ နေ့စဉ်ကြုံတွေ့ရနိုင်တဲ့ အစက်အပြောက်တွေနဲ့ ခြစ်ရာတွေကိုပါ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ Motherboard Cover အတွက်၊ AM04 အားကောင်းတဲ့ Aluminium သတ္တုစပ် ကိုယ်ထည်ဖြစ်တဲ့ AM04 က ဖုန်းရဲ့ အရေးကြီးတဲ့ အဓိက အစိတ်အပိုင်းတွေကို ကာရံထားပြီး Sponge Bionic Cushioning ကလဲ Camera ၊ Motor ၊ Speaker ၊ Battery နဲ့ အခြားအရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပွတ်တိုက်မိတဲ့အခါ အပေါ်မှ လေအိတ်ငယ်ကဲ့သို့ ကာကွယ်ပေးမှာဖြစ်ပါတယ်။
OPPO A5 Pro ရဲ့ အတွင်းပိုင်းကိုရော အပြင်ပိုင်းကိုပါ အကြမ်းခံနိုင်ပြီး တကယ်မာကြောအောင် တည်ဆောက်ထားတာကြောင့် OPPO A5 Pro ဟာ တင်းကျပ်လွန်းလှတဲ့ Military-Grade Shock Resistance စမ်းသပ်မှုပေါင်း ၁၄ ခုကို အောင်မြင်ထားကြောင်း အသိအမှတ်ပြုလက်မှတ်ကိုပါ ရရှိထားတာဖြစ်ပါတယ်။ ဒီလို စမ်းသပ်မှုတွေက OPPO A5 Pro ရဲ့ ဘက်စုံခံနိုင်ရည်ရှိမှု ၊ သုံးစွဲသူတွေအတွက် တကယ်ကို အသုံးဝင်တဲ့ ပြင်ပအလုပ်နဲ့ စွန့်စားမှုတွေအတွက် ပြီးပြည့်စုံတဲ့ ဖုန်းအဖြစ် သက်သေပြနိုင်တာဖြစ်ပါတယ်။
Image: OPPO
အကောင်းဆုံးချိတ်ဆက်မှု နဲ့ အချောမွေ့ဆုံး ပါရှိလာတဲ့ Outdoor Mode
ဒါတင်သာမက ရုံးထိုင်မဟုတ်ဘဲ အပြင်ဘက်မှာ အလုပ်လုပ်ရသူတွေအတွက် အံဝင်ခွင်ကျဖြစ်အောင် ဖြစ်အောင် ဖန်တီးထားတဲ့ OPPO A5 Pro ဟာဆိုရင် ကွန်ရက်ဆက်သွယ်မှုတွေကို အရှိန်မြှင့်ရန်၊ ကွန်ရက်နှင့် CPU Resource တွေကို သက်ဆိုင်ရာ နေရာတွေထံသို့ ခွဲဝေပေးပြီး လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့ Outdoor Mode ကိုပါ ထည့်သွင်းလာပြီဖြစ်ပါတယ်။ OPPO A5 Pro မှာဆိုရင် ထူထဲတဲ့ သားရေလက်အိတ်တင်သာမက ရေစိုခံလက်အိတ် အပါအဝင် ဘယ်လိုအမျိုးအစားလက်အိတ်မျိုးနဲ့မဆို အကောင်းဆုံး ထစ်ငေါ့နှောင့်နှေးမှု မရှိဘဲ လွယ်ကူစွာ အသုံးပြုနိုင်တဲ့ Outdoor Mode ပါရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်အောက်မှာတောင် ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းကို ရရှိစေနိုင်တဲ့ 1,000 nits Ultra Bright Display ကလဲ Outdoor Mode ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် အလိုအလျောက် ချိန်ညှိထားပြီးသားဖြစ်နေမဲ့အပြင် OPPO A5 Pro မှာ ထောက်ပံ့ပေးထားတဲ့ Dual Stereo Speaker ရဲ့ အကူအညီနဲ့အတူ Notification နဲ့ Ringtune အသံတွေကို အကျယ်ဆုံးအဖြစ် အလိုအလျောက်ဖွင့်ပေးထားမှာဖြစ်ပါတယ်။ ဒါတင်သာမက ဖုန်းပြောတဲ့အခါမှာလဲ အဆင်ပြေနေစေဖို့အတွက် Speaker Mode ကို အလိုအလျောက် ချိန်ညှိပေးထားမှာဖြစ်ပါတယ်။
OPPO A5 Pro ကို တစ်နေကုန် အကောင်းဆုံး အချိန်ကြာကြာအသုံးပြုနိုင်ဖို့အတွက် 5,800mAh ဘက်ထရီ နဲ့အတူ အသုံးပြုထုတ်လုပ်ထားပြီး 45W SUPERVOOC Flash Charge ကြောင့် ဖုန်းကို ၁၉ မိနစ်ဝန်းကျင်အတွင်း ၃၀ ရာခိုင်နှုန်းအထိ အား အမြန်သွင်းနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။
Image: OPPO
OPPO A Series မှာ စတင်ထည့်သွင်းလာတဲ့ Flagship အဆင့်ရှိ AI လုပ်ဆောင်ချက်များ
ဈေးနှုန်းတူဖုန်းများအကြား OPPO A5 Pro ဟာ Flagship အဆင့် AI လုပ်ဆောင်ချက်တွေဖြစ်တဲ့ AI Eraser 2.0 ၊ AI Reflection Remover၊ AI Unblur၊ AI Clarity Enhancer နဲ့ AI Studio တို့ ပါရှိလာတာကြောင့် ရုပ်ပုံတွေကို စနစ်ကျကျ စတိုင်ကျကျ ပြုပြင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ OPPO Reno Series တွေထဲက စလို့ လက်ရာသေသပ်လှပလို့ နာမည်ကျော်ကြားခဲ့တဲ့ AI Eraser 2.0 ဟာဆိုရင် အခုအခါ OPPO A5 Pro မှာပါ အကောင်းဆုံးအတွေ့အကြုံတွေနဲ့အတူ ရောက်ရှိလာပါပြီ။ ဒါတင်သာမက ဓာတ်ပုံရိုက်ရာမှာ ပိုပြီးကြွရွစေမဲ့ Livephoto လုပ်ဆောင်ချက်ကို ပထမဆုံးအကြိမ်အဖြစ် ယူဆောင်လာခဲ့ပြီဖြစ်သလို သုံးစွဲသူတွေအနေနဲ့ အရည်အသွေးမြင့် ဗီဒီယိုနဲ့ အသံကို အချိန်တိုင်း အပြည့်အ၀ ဖမ်းယူနိုင်စေမှာဖြစ်ပါတယ်။ သဘာဝအတိုင်း ပုံဖော်ပေးနိုင်တဲ့ အဆင့်မြင့် Algorithms ပါဝင်လာမဲ့ Portrait Mode နှင့် AI Portrait Retouching တို့ ပါရှိလာတဲ့အပြင် OPPO A5 Pro မှာ ရေအောက်ဓာတ်ပုံရိုက်နိုင်မဲ့ Underwater Photography လုပ်ဆောင်ချက်ပါရှိလာမှာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ ရေမျက်နှာပြင်အောက်မှာ ကြည်လင်ထင်ရှားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
သာမန်ထက်ပိုတဲ့ အကြမ်းခံနိုင်မှု ၊ ရေစိမ်ခံနိုင်တဲ့ Flagship Level IP68/69 အဆင့်နဲ့အတူ AI လုပ်ဆောင်ချက်တွေ ပါရှိလာတဲ့ “ ခပ်ကြမ်းကြမ်းသုံးရေစိမ်ခံAIဖုန်း “ OPPO A5 Pro ကို မေလ ၁ ရက်နေ့မှစတင်ပြီး ၈၉၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး မေလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အတွင်း စတင်ဝယ်ယူသူတွေအတွက် လက်ဆောင်တွေအဖြစ် တန်ဖိုးအားဖြင့် စုစုပေါင်း ၃၀၀,၀၀၀ ကျပ်တန်ဖိုးရှိတဲ့ 180 Days Screen Protection Plan ၊ 5 Years Battery Protection Plan ၊ အားပြန်သွင်းပြီး အသုံးပြုနိုင်တဲ့ LED မီးအိမ်နဲ့အတူ ATOM Package တွေ ရရှိမှာဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့မှ စတင်ဝယ်ယူသူတွေအနေနဲ့ အားပြန်သွင်းပြီး အသုံးပြုနိုင်တဲ့ LED မီးအိမ်နဲ့အတူ ATOM Package တွေကို လက်ဆောင်အဖြစ်ရရှိမှာဖြစ်ပါတယ်။
ဈေးနှုန်းတူတဲ့ စမတ်ဖုန်းတွေအကြား အကြမ်းခံနိုင်ဆုံး AI ဖုန်းလို့ ဆိုရလောက်မဲ့ “ခပ်ကြမ်းကြမ်းသုံး ရေစိမ်ခံAIဖုန်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ထွက်ရှိလာတဲ့ OPPO A5 Pro နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – Facebook Link : https://shorturl.at/Mj6CZ ၊ Website – https://l1nq.com/JMQ7M ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင် ပါတယ်။