4MP Ultra Clear Triple Camera Set up နဲ့အတူ ထွက်ရှိလာတဲ့ OPPO Reno11 F 5G ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်မှာယူနိုင်ပြီ

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ဟာ ကောင်းမွန်လှတဲ့ Portrait Camera နည်းပညာနဲ့ အတူ ထွက်ရှိလာတဲ့ OPPO Reno11 F 5G ကို မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း ၁,၂၉၉,၉၀၀ ကျပ်ဖြင့် မှာယူရရှိနိုင်ပြီဖြစ်ပြီး Ocean Blue နဲ့ Palm Green ဟူ၍ အရောင် နှစ်ရောင်ဖြင့်  ကြိုတင် စာရင်းပေး မှာယူနိုင်မှာဖြစ်ပါတယ်။ OPPO Reno11 F 5G ကြိုတင်မှာယူသူတွေကို OPPO ကနေ မေတ္တာလက်ဆောင်အနေနဲ့  ငွေကျပ် ၆၀,၀၀၀ တန်ဖိုးရှိတဲ့ Portable Karaoke Set နဲ့အတူ MPT Package စုစုပေါင်း  ကျပ် ၁၂၀,၀၀၀ တန်ဖိုးရှိတဲ့ လက်ဆောင်များကို  ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါတင်သာမက ဧပြီ ၃၀ ရက်နေ့ အထိ OPPO Reno11 F ကြိုတင်မှာယူသူများအားလုံးအတွက် စတင် ဝယ်ယူတဲ့နေ့မှစကာ ၆လ အတွင်း ၂၉၀,၀၀၀ ကျပ် တန်ဖိုးရှိ မှန်တစ်ကြိမ် အခမဲ့ ပြုပြင်ခွင့်နှင့် စုစုပေါင်း ငွေကျပ် ၄၁၀,၀၀၀ တန်ဖိုးရှိ မေတ္တာလက်ဆောင်များကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Image: OPPO

ဈေးနှုန်းတူ ဖုန်းများကြား ဘေးဘောင်အပါးဆုံးနဲ့ ထွက်ရှိလာတဲ့ဒီဇိုင်း

OPPO Reno11 F 5G မှာဆိုရင် ထူးခြားတဲ့ သဘာဝဆန်ဆန် ဒီဇိုင်း နှစ်မျိုး နဲ့ အထူးထုတ်လုပ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အပြာရောင်ကိုတော့ အေးချမ်းကြည်လင်တဲ့ ပင်လယ်လှိုင်းလုံးတွေကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေညှင်းလေးအတိုင်း ခံစားရစေမဲ့ Ocean Blue လို့ အမည် ပေးထားပြီး ဒီအရောင်ကို OPPO Glow နည်းပညာ နဲ့အတူ သံလိုက်မှုန်တွေကိုပါ ထည့်သွင်းပြီး  သံလိုက်စက်ကွင်းနည်းပညာနဲ့ ပုံဖော်ထားတဲ့အတွက် အသုံးပြုတဲ့ အခိုက်အတန့်တိုင်းမှာ ပင်လယ်လှိုင်းအသွင် အသက်ဝင်တောက်ပနေမှာ ဖြစ်ပါတယ်။ အစိမ်းရောင်ကိုတော့ စိမ်းလန်းစိုပြည်တဲ့ တောအုပ်ကြီးထဲက စိမ်းလန်းတောက်ပနေတဲ့ ထန်းပင်များအပေါ် နေရောင်ခြည် ကျရောက်လာတဲ့အခါ ထွက်ပေါ်လာတဲ့ အစိမ်းရောင်အတိုင်း Palm Green လို့ နာမည်ပေးထားတာဖြစ်ပြီး OPPO Glow နည်းပညာနဲ့ ဖန်တီးထားကာ အရောင်ဖန်တီးမှုအတွက် ရွေးချယ်တဲ့အခါမှာလဲ သုံးစွဲသူတွေ  ကြည့်လိုက်တာနဲ့ စိတ်အေးချမ်းမှုကို ရရှိစေဖို့အတွက် သဘာဝကနေ အဓိက ပုံဖော်ဖန်တီးထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ အလေးချိန် 177 g နဲ့ အထူ 7.54 mm ပဲရှိတဲ့အပြင် Screen အနေနဲ့ 6.7” လက်မ မျက်နှာပြင်ကိုမှ Borderless  120 Hz AMOLED Screen၊ 1.07 Billion Rich Colors နဲ့ အတူ ပါးလွှာပြီး ပေါ့ပါးတာမို့ သုံးစွဲသူတွေအတွက် Premium ဆန်တဲ့အရည်အသွေးမျိုးကို ခံစားရရှိမှာ ဖြစ်ပါတယ်။ OPPO Reno11 F 5G ဟာ ဈေးနှုန်းတူဖုန်းများအကြား အချင်း တစ်နည်းအားဖြင့်ပြောရရင် ဘေးဘောင် အပါးဆုံး နဲ့ထွက်ရှိလာတဲ့ စမတ်ဖုန်းလဲ ဖြစ်ပါတယ်။

Image: OPPO

64MP Ultra Clear Triple Camera နဲ့ သုံးစွဲသူတွေ အကြိုက်တွေ့စေမဲ့ Camera အရည်အသွေး

OPPO Reno11 F 5G ဟာ Portrait Expert Engine ကို အသုံးပြုရင်း Portrait ကျွမ်းကျင်ပညာရှင်အဖွဲ့က အတည်ပြု ကြေညာထားတဲ့ Subjective Aesthetic Insights နည်းပညာကို မူ၀ါဒတွေကို ချိန်ညှိခြင်းနဲ့ Portrait Shooting Links တွေကို ပိုမိုကောင်းအောင်ပြုလုပ်တဲ့နေရာမှာ ပြောင်းလဲအသုံးပြုထားတဲ့အတွက်ကြောင့် Portrait ပုံတွေက ကျွမ်းကျင်အဆင့် အလှစံချိန်နဲ့ ပေါင်းစပ်ပြီး မတူညီတဲ့နိုင်ငံ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ စရိုက်လက္ခဏာတွေနဲ့ အကိုက်ညီဆုံး ဖြစ်မှာပါ။ OPPO Reno11 F 5G မှာဆိုရင် ကြည်လင်ပြတ်သားပြီး အသေးစိတ်မြင်ကွင်းကအစ မြင်တွေ့ခံစားနိုင်တဲ့ 64MP Sony OV64B Ultra-Clear Main Camera၊ သုံးစွဲသူတွေရဲ့ ပုံရိပ်ကို ကျယ်ပြန့်စွာ ဖမ်းယူထားနိုင်တာကြောင့် ရှုခင်းပုံ ကြိုက်နှစ်သက်သူတွေအတွက်တော့ သဘောကျစရာ ဖြစ်လာမဲ့ 8MP Sony IMX 355 Ultra-Wide-Angle Camera ၊ သာမန်မျက်စိထဲမှာတောင် မမြင်နိုင်တဲ့ အရာဝတ္ထု ခပ်သေးသေးတွေကအစ တိတိကျကျ ဖမ်းယူထားနိုင်တဲ့ 2MP OV02B10 Macro Camera နဲ့အတူ 32MP Sony IMX 615 Ultra-Clear Selfie Camera ဆိုပြီး ပါရှိလာပါတယ်။ သုံးစွဲသူတွေအကြိုက်တွေ့စေမဲ့ အချက်ကတော့ ဓာတ်ပုံရိုက်ယူပြီးတာနဲ့ AI Portrait Retouching နည်းပညာနဲ့ သဘာဝအကျဆုံး ပြန်လည်ပြုပြင်ပေးတာပဲ ဖြစ်ပါတယ်။ Smart AI Recognition ကလဲ လူရဲ့ မျက်နှာ၊ အသက်၊ ကျား၊ မ ပေါ်မူတည်ဆုံးဖြတ်ပြီး အလိုက်ဖက်ဆုံး Filter နဲ့ Effect ကို ပြောင်းလဲပြင်ဆင် ပေးနိုင်ပါသေးတယ်။ ဒါတင်သာမက ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်ကိုလဲ အလိုက်ဖက်ဆုံး ပြင်ဆင်ပေးကာ Selfie ပုံရိပ်တွေမှာဆိုရင် မျက်နှာကို အပြစ်အနာအဆာကင်းတဲ့ ပုံရိပ် အဖြစ် ပုံဖော်ပြောင်းလဲပေးနိုင်ရုံသာမက သဘာဝကျတဲ့ ဓာတ်ပုံတစ်ပုံရရှိစေဖို့ လည်ပင်းအသားအရေအထိပါ သဘာဝကျကျ ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ Portrait Expert Engine ကြောင့် 4K ဗီဒီယိုတွေ ရိုက်ကူးတဲ့အခါမှာလဲ ကြည်လင်ပြတ်သားပြီး သဘာဝကျတဲ့ ဗီဒီယို အရည်အသွေးကို ရရှိစေမှာ ဖြစ်ပါတယ်။

Image: OPPO

IP 65 Water and Dust Resistance ပါလာတဲ့ ထူးခြားချက်

Outdoor ကင်မရာ ၊ လမ်းမီးတိုင် ၊ LED Board တွေမှာသာ ပါဝင်လေ့ရှိတဲ့ IP 65 Standard ကို အသုံးပြုပြီး IP 65 Water and Dust Resistance ပါဝင်လာတာကြောင့် ရေ နဲ့ ဖုန်မှုန့်တွေကို သိသိသာသာ ခံနိုင်ရည်ရှိတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရလဒ်အတွက် မိုးရေထဲမှာ တစ်နာရီတိတိ စမ်းသပ်ထားတာဖြစ်သလို ကြာမြင့်ချိန်အနေနဲ့ IPX4 Standard ထက် ၆ ဆ ပိုကြာတာဖြစ်ပြီး ရေဖြန်းကြည့်ရင်းနဲ့လဲ ၃ မိနစ် ကြာ‌အောင် စမ်းသပ်ထားတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြင်ပပတ်ဝန်းကျင်ကို သွားလာတဲ့အခါမှာ ရေစိုခြင်းကြောင့် ဖြစ်လာနိုင်တဲ့ စက်ပစ္စည်း ပျက်စီးမှုများမှ ကာကွယ်ပေးနိုင်ခြင်း၊ မီးဖိုချောင်တွေ ဝင်တဲ့အခါ ဆပ်ပြာရည်နဲ့ ရေစိုခြင်းမှ ထိရောက်စွာ ကာကွယ် ပေးနိုင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် သို့မဟုတ် အခြားအလားတူနေရာများမှာ ရှိတတ်တဲ့ ဖုန်မှုန့် ၊ သဲမှုန့် ၊ အညစ်အကြေးနဲ့ အမှုန်အမွှားတွေကြောင့် စက်ပစ္စည်းများ ပျက်စီးခြင်း အစရှိတဲ့အရာတွေကို ကာကွယ်ပေးနိုင်တာကလဲ IP 65 Water and Dust Resistance ပဲ ဖြစ်ပါတယ်။ ဒါကြောင့် OPPO Reno11 F 5G ကို အသုံးပြုသူတွေအနေနဲ့လဲ ပတ်ဝန်းကျင်က ဖုန်မှုန့် ၊ သဲမှုန့် ၊ အညစ်အကြေးနဲ့ ရေစိုခြင်း အစရှိတဲ့ အရာတွေကြောင့် ဖုန်းပျက်စီးမှာကို စိတ်ပူနေရခြင်းမှ လျော့နည်းစေမှာ ဖြစ်ပါတယ်။

Image: OPPO

ColorOS 14 ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များ

OPPO Reno11 5G Series ရဲ့ ထူးခြားချက်အနေနဲ့ ပါဝင်လာတဲ့ ColorOS 14 Feature က ပုံရိပ် သို့မဟုတ် ဗီဒီယိုထဲက မလိုအပ်တဲ့ အရာတွေကို လူ၊ တိရစ္ဆာန်နဲ့ အရာဝတ္ထုတွေပါ မကျန် အကုန်ဖြတ်ထုတ်တဲ့ Smart Image Matting ၊ ဖြတ်ထုတ်ထားသမျှပုံရိပ်တွေကို ပြန်လည်သိမ်းဆည်းနိုင်မဲ့ File Dock၊ ပုံထဲက စာသားတွေကို ပြန်လည်ဖြတ်ထုတ် သိမ်းဆည်းထားနိုင်မဲ့ Smart Touch အစရှိတဲ့ ထူးခြားဆန်းသစ်ထားတဲ့ လုပ်ဆောင်ချက်တွေကြောင့် သုံးစွဲသူတွေအကြား ရေပန်းစားနေတဲ့ Function တစ်ခုပဲ ဖြစ်ပါတယ်။ ColorOS 14 ရဲ့ ဒီလုပ်ဆောင်ချက်တွေဟာဆိုရင် ခေတ်ရှေ့ပြေးနေတဲ့ လုပ်ဆောင်ချက်ဖြစ်တာကြောင့် ရေပန်းစားနေတာ ဖြစ်သလို သုံးစွဲသူတွေအနေနဲ့လဲ လွယ်ကူစွာ အသုံးပြုနိုင်ပြီး လုပ်ငန်းပိုင်းဆိုင်ရာတွေအတွက်ပါ အကြိုက်တွေ့ကြတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ Durability နဲ့ စွမ်းဆောင်ရည်

Durability အနေနဲ့ ဒီတစ်ခေါက်မှာ အဆင့်မြှင့်တင်လိုက်တာက OPPO Reno11 F 5G ဟာ ဂိမ်းဆော့ရင်း ဖုန်းပြုတ်ကျခြင်းနဲ့ အဆောက်အအုံရဲ့ ကြမ်းပြင်တွေမှာ ဖုန်းကို မတော်တဆ တက်နင်းမိခြင်းတွေအထိ ခံနိုင်ရည် ရှိလာအောင် OPPO ရဲ့ လက်တွေ့စမ်းသပ်ခန်းမှာ စမ်းသပ်ထားခဲ့ပါတယ်။ ၁.၉ တန် အလေးချိန်ရှိ ကားတစ်စီးကိုပါ ခံနိုင်ရည်ရှိတာကြောင့် တက်ကြိတ်မိရင်တောင် Screen ၊ ကျောဘက်အဖုံး နဲ့ Camera Lens တွေအထိ ကျိုးကြေ ပျက်စီးခြင်း မရှိကြောင်းကိုပါ ကားပါကင်မှာ စမ်းသပ် လေ့လာထားတာဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ 5000 mAh အား ရှိပြီး ဘက်ထရီ သက်တမ်းအနေနဲ့ ၄ နှစ်ကြာ အသုံးခံနိုင်ပြီး ၄ နှစ်ကြာ သုံးပြီးသည့်တိုင်အောင် ဘက်ထရီ  အနေနဲ့လဲ ၈၀ ရာခိုင်နှုန်းကျော် ကျန်ရှိနေမှာဖြစ်ကြောင်း အာမခံထားပါတယ်။ 67 W SUPERVOOCFlash Charge ကို အသုံးပြုထားတဲ့အပြင် ၄၈ မိနစ် အားသွင်းရုံနဲ့ အား ၁၀၀ ရာခိုင်နှုန်းအထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Mediatek Dimensity 7050 ကို အသုံးပြုထားပြီး Storage အနေနဲ့ 256 GB ROM ၊ 8GB RAM နဲ့အတူ RAM Expansion အနေနဲ့လဲ 8 GB အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Image: OPPO

ထူးခြားပြီးဆန်းသစ်လှတဲ့ အရောင် နှစ်ရောင်၊ ကောင်းမွန်လှတဲ့ 64MP Ultra Clear Triple Camera ပါဝင်ပြီး AI နည်းပညာရဲ့ လုပ်ဆောင်ချက် တွေ ပါဝင်လာတဲ့ OPPO Reno11 F ကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ မတ်လ ၂၉ ရက်နေ့မှ  စတင်၍ ၁,၂၉၉,၉၀၀ ကျပ်ဖြင့် မှာယူနိုင်ပြီဖြစ်ပြီး ကြိုတင်မှာယူသူတွေအနေနဲ့ မေတ္တာလက်ဆောင်အနေနဲ့ ငွေကျပ် ၆၀,၀၀၀ တန်ဖိုးရှိ Portable Karaoke Set နဲ့အတူ MPT Package စုစုပေါင်း  ကျပ် ၁၂၀,၀၀၀ တန်ဖိုးရှိတဲ့ လက်ဆောင်များနှင့်အတူ ဧပြီ ၃၀ ရက်နေ့ အထိ OPPO Reno11 F ကြိုတင်မှာယူသူများအားလုံးအတွက် စတင် ဝယ်ယူတဲ့နေ့မှစကာ ၆လ အတွင်း ၂၉၀,၀၀၀ ကျပ် တန်ဖိုးရှိ မှန်တစ်ကြိမ် အခမဲ့ ပြုပြင်ခွင့် ၊ စုစုပေါင်း ငွေကျပ် ၄၁၀,၀၀၀ တန်ဖိုးရှိ မေတ္တာလက်ဆောင်များကို ရရှိသွားမှာဖြစ်ပါတယ်။ OPPO Reno11 F 5G နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – https://bit.ly/4ajw3mv နဲ့ Website – https://bit.ly/3IVtn2z တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။