ပွင့်ဖတ်လေးလိုပါးလွှာပြီး အလှဆုံး Selfie တွေကိုရိုက်ကူးနိုင်တဲ့ “Super Slim, Super Selfie” 𝗛𝗨𝗔𝗪𝗘𝗜 𝗻𝗼𝘃𝗮𝟭𝟮𝘀

HUAWEI Consumer Business Group (CBG) မှ “Super Slim, Super Selfie” ကဏ္ဍသစ်တစ်ခုနှင့် အတူ Product အသစ်  HUAWEI nova 12s အားမိတ်ဆက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ နောက်ဆုံးပေါ် အသစ်ထွက်ရှိလာသည့်  HUAWEI nova 12s သည် ပါးလွှာပေါ့ပါးသည့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး စွမ်းဆောင်ရည်အမြင့်ဆုံး ထိပ်တန်း ကင်မရာ၊ မြင့်မားတဲ့ လုပ်ဆောင်နိုင်မှုအရည်အသွေးနှင့် လှပသေသပ်သည့် အနုပညာမြောက်သော ဒီဇိုင်းဖြင့် ဖန်တီးထုပ်လုပ်ထားသည့် product အသစ်တစ်ခုအဖြစ်ပွဲဦးထွက်လာပါသည်။ ၎င်းသည် အလယ်အလတ်တန်းဝင်စမတ်ဖုန်းဈေးကွက်တွင် အမြင့်မားဆုံး ကြည်လင်ပြတ်သားသည့် ရှေ့ ကင်မရာပါဝင်လာသည့် စမတ်ဖုန်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။

လူမှုကွန်ယက်ပေါ်မှာ လူတိုင်းက မိမိတို့ရဲ့ နေထိုင်မှုပုံစံနှင့် ကိုယ်ပိုင်စတိုင်တို့ကို ဖော်ပြလာကြ သည်နှင့်အမျှ လူတိုင်း ထင်ပေါ်လာနိုင်သည့် ခေတ်ဖြစ်လာသောကြောင့် မိမိတို့ရဲ့‌ နေ့စဥ်လှုပ်ရှားမှု များကို အကောင်းဆုံးနှင့် အလှပဆုံး ရိုက်ကူးမှတ်တမ်းတင်ပြီး ဖန်တီးဖော်ပြနိုင်ဖို့ အတွက် Huawei မှ ‘nova star’ ဆိုသည့် အခေါ်အဝေါ်ကို မှီငြမ်းပြီး nova smartphone series အဖြစ် nova 12s ကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Image: Huawei

Ultra Slim, Ultra Stylish

HUAWEI nova 12s သည် ပေါ့ပါး၊ ပါးလွှာပြီး ဘေးဘောင်များကိုလည်း R Angle design ဖြင့်ပြုလုပ် ထားသောကြောင့် မိမိကိုင်ဆောင်သော နေ့စဥ်အသုံးအဆောင်များနှင့် တသားထဲဝင်ဆံ့မှာဖြစ် ပါသည်။ HUAWEI nova 12s  ကိုလူတိုင်းကြိုက်နှစ်သက်သည့် အပြာ‌ရောင် နှင့် အမဲရောင် စသည်ဖြင့် အရောင် နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး ကိုယ်ထည်မှာ ပန်းပွင့်ဖတ်လေးများကို နှစ်မြှုပ်ထားသည့် ဒီဇိုင်းက လူတိုင်းရဲ့အမြင်ကို ဖမ်းစားနိုင်မှာဖြစ်ပါသည်။ အရောင်တစ်ခုခြင်းစီက သင့်ရဲ့ ပင်ကိုစတိုင် နှင့် ယုံကြည်ချက်တို့ကို ဖော်ပြပေးနိုင်မှာဖြစ်ပါသည်။

HUAWEI nova 12s သည် စကြဝဠာရဲ့တည်ဆောက်မှုပုံစံကို မှီငြမ်းထားသည့် အထူးထုတ်ကုန်ဖြစ် သောကြောင့် nova 12s ကင်မရာတွင်ပါဝင်သည့် Super Star Orbit Ring ဒီဇိုင်းသည် အများနှင့်မတူညီပဲ ထင်ရှားတောက်ပြောင်နေမှာဖြစ်သည်။ nova 12s မှာ တမူထူးခြားစွာ ပါဝင်ထားသည့် metallic အသားထွင်းထားခြင်းကလည်း စက်ကွင်းတစ်ခုကဲ့သို့ ဟန်ချက်ညီခြင်းနှင့် အချိုးကျခြင်း ခံစားမှုကို ‌ပေးစွမ်းသွားမှာပဲဖြစ်သည်။

Image: Huawei

A New Frontier for Selfie Camera Innovation: Ultra-Wide Angle 60MP Selfie Camera

‌ဗီဒီယိုရိုက်ကူးခြင်းနှင့် tiktok, Instagram stories မျှဝေမှုတို့ ခေတ်စားလာသောကြောင့် ယခုအခါတွင် အရှေ့ကင်မရာသည် လူမှုမီဒီယာတွင် နေ့စဉ်မှတ်တမ်းနှင့် Life Style ဖော်ပြမှုများအတွက် အဓိကလိုအပ်ချက်တစ်ခု ဖြစ်လာခဲ့ပါသည်။

HUAWEI nova 12s မှာဆိုလျှင် အမြင့်မားဆုံး 60MP Ultra-Wide Selfie Camera ပါဝင်သောကြောင့် စျေးတူညီသည့်ဖုန်းများဖြင့်နှိုင်းယှဥ်လျှင် စွမ်းဆောင်ရည် အမြင့်ဆုံးဖုန်းတစ်လုံးဖြစ်ပါသည်။ ထို့အပြင် 100° ultra-wide angle ပါဝင်သောကြောင့် မြင်ကွင်းကျယ်ရိုက်ကူးမှုဖြင့် သူငယ်ချင်းအုပ်စု သို့ မိသားစုဝင်များအားလုံး ဝင်ဆန့်အောင် ရိုက်ကူးနိုင်မှာဖြစ်ပြီး တန်ဖိုးရှိတဲ့ အမှတ်တရများကို အပြည့်အဝ ရိုက်ကူးနိုင်မှာဖြစ်ပါသည်။ ရိုက်ကူးရာတွင်လည်း မိမိရောက်ရှိနေသည့် နေရာ၏ (ဉပမာ- တောင်တန်း သို့ မြို့ပြအလှ) သဘာဝအလှအပများကို မြင်ကွင်းကျယ်ဖြင့် ရိုက်ကူး နိုင်မှာဖြစ်ပါသည်။ အရှေ့ဘက်  selfie ကင်မရာရဲ့ ပံ့ပိုးမှုနှင့်အတူ 50MP Ultra Vision နှင့် 8MP Wide Angle Macro ရှိသည့် အ‌နောက်ဘက် ကင်မရာရဲ့ လုပ်ဆောင်မှုကလည်း အံ့သြဖွယ်ရိုက်ချက်များကို ဖန်တီးနိုင်မှာဖြစ်ပါသည်။ XD Portrait Engine စနစ်ပါဝင်မှုကြောင့် အသုံးပြုသူများအနေဖြင့်  သဘာဝနှင့် ထပ်တူကျသည့် ဓါတ်ပုံများနှင့် တမူထူးခြားသည့် lives, stories များကို ရိုက်ကူးတင်ပြ နိုင်မှာဖြစ်ပါသည်။

နေ့စဥ်လှုပ်ရှားမှုတွေကို မှတ်တမ်းတင်နိုင်ဖို့အတွက် အရှေ့ကင်မရာသည် အလွန်အရေးပါသော ကြောင့် nova 12s ကင်မရာနည်းပညာကို သမရိုးကျထပ်ပိုမိုမြှင့်တင်ထားပြီး အသုံးပြုသူတိုင်း ကျေနပ်အားရစွာဖြင့် nova stars လိုမျိုး လင်းလက်စွာဖော်ထုတ်နိုင်ခွင့်ရကြမှာပဲဖြစ်ပါသည်။

Image: Huawei

Unique and Powerful User Experience

HUAWEI nova 12s  နှင့်အတူ operating system အသစ်ဖြစ်သည့် EMUI 14 ကိုပါ စိတ်လှုပ်ရှားဖွယ် မိတ်ဆက်ခဲ့ပြီး အသုံးပြုရအဆင်ပြေဆုံး အတွေ့အကြုံအသစ် ကိုရရှိမှာပဲဖြစ်ပါသည်။  အဆင့်မြင့် လုံခြုံရေးစနစ်သာမက AOD ပံ့ပိုးမှုဖြင့် စိတ်ကြိုက်ဖန်တီးနိုင်သော lock screen မျက်နှာပြင် အပြင်အဆင်များ ပြုလုပ်နိုင်သည်အထိ၊ အသုံးပြုသူများသည် ၎င်းတို့၏စမတ်ဖုန်းကို ပိုမိုစိတ်ကြိုက် ဖန်တီးနိုင်ခြင်းနှင့် လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှာဖြစ်သည်။ ထို့အပြင် Live View နှင့် Notification Centre အသစ်သည် Multitasking အသုံးပြုသူများအတွက် သတိပေးချက်များကို အကောင်းဆုံး ဖော်ပြနိုင်ပြီး user interface ကို လျှော့ချထားခြင်းကြောင့် ပြုလုပ်နေဆဲ အရာများကို အနှောင့် အယှက်မရှိ ဆက်လက်‌ဆောင်ရွက်နိုင်မှာဖြစ်သည်။

HUAWEI nova 12s သည် ပါးလွှာသည့် ကိုယ်ထည်ရှိသော်လည်း ကြာရှည်အသုံးခံသည့် 4500 mAh battery ဖြင့်တည်ဆောက်ထားပြီး 66W HUAWEI SuperCharge Turbo 2.0 အထောက်အပံ့ပေး သောကြောင့် အချိန်တိုအတွင်း အမြန်ဆန်ဆုံး အားသွင်းနိုင်ပါသည်။ HUAWEI nova 12s မှာ 8GB RAM နှင့် 256GB ROM storage ပါဝင်သောကြောင့် မြန်ဆန်သော စွမ်းဆောင်မှုနှင့် data အများအပြားကို သိမ်းစည်းနိုင်မှာဖြစ်ပါသည်။

Image: Huawei

Stay Connected Anytime with MeeTime

MeeTime မှာ မြင့်မားသော လုံခြုံရေးစနစ်ပါဝင်သောကြောင့် မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စိတ်ချလုံခြုံစွာဖြင့် အဆက်အသွယ်ပြုလုပ်နိုင်သည့် ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ MeeTime ဖြင့် လူ (၁၂) ယောက်အထိပါဝင်နိုင်သည့် group chats ကိုခေါ်ဆိုနိုင်ပြီး encrypted ပြုလုပ်ထားသည့် အတွက်လုံခြုံစွာ ဆက်သွယ်နိုင်မှာဖြစ်ပါသည်။

မြန်ဆန်လွယ်ကူတဲ့ MeeTime Video Call Transfer feature ဖြင့် မတူညီသော devices များကို အလွယ်တကူချိတ်ဆက်နိုင်မှာဖြစ်ပါသည်။ သင့်ဖုန်းဖြင့် ခေါ်ဆိုလျှက်ရှိသည့် video calls ကို လွယ်ကူလျှင်မြန်စွာဖြင့် အခြား devices များကို HUAWEI Vision ဖြင့် ကူးပြောင်းချိတ်ဆက်ပြော ဆိုနိုင်မှာဖြစ်ပါသည်။ MeeTime ဖြင့်လုံခြုံစိတ်ချစွာ အဆက်အသွယ်ပြုလုပ်ပါ။