ပညာရေးကိုအားပေးနေတဲ့ ပန်းတိုင် Map website

ဟိုတစ်လောက ပညာရေးနဲ့ပတ်သက်တဲ့ အကြောင်းကိုဆောင်းပါးတစ်ခုရေးမယ်ဆိုပြီး ရှာဖွေနေတဲ့အခါမှာ Facebook Page တစ်ခုကိုရှာတွေ့ခဲ့တယ်။အဲ့ဒီ့ Facebook Page ရဲ့ နာမည်ကတော့ ပန်းတိုင် Map ပဲဖြစ်ပါတယ်။ Page ထဲဝင်ကြည့်လိုက်တော့ ပညာရေးနဲ့ပတ်သက်တဲ့ ကိုယ်တွေ့ဆောင်းပါများ၊ လူငယ်တွေစိတ်ဝင်စားအောင် မေးခွန်းလေးတွေနဲ့ မဲဖောက်ပေးတဲ့အစီအစဉ်များကိုလည်းတွေ့ရပါတယ်။ သို့သော် Likes နဲ့ Follower အရေအတွက်ကနည်းနေတာကြောင့် ဖွင့်တာမကြာသေးလောက်ဘူးဆိုပြီးစိတ်ဝင်စားလို့ ဆက်လက်ပြီးလေ့လာကြည့်နေသေးတယ်။


လေ့လာရင်းနဲ့ ပန်းတိုင် Map website လေးတစ်ခုကိုတွေ့လိုက်ရတယ်။
အဲ့ဒီထဲဝင်ကြည့်လိုက်တဲ့အခါမှာတော့ ”အခုဘဲကျောင်းတွေနဲ့သင်တန်းတွေကိုရှာဖွေလိုက်ရအောင်”ဆိုတဲ့ခေါင်းစဉ်ကိုရေးထားတာတွေ့လို့ပိုပြီးစိတ်ဝင်စားလာလို့ အဲ့မှာရေးထားတဲ့ဖုန်းနံပါတ်ဆီကိုဖုန်းဆက်ပြီး ပန်းတိုင် Map နဲ့ပတ်သက်တဲ့ဆောင်းပါးကိုရေးချင်ကြောင်းရှင်းပြလိုက်တော့ ပန်းတိုင် Map ဘက်မှ သေချာရှင်းပြပေးပါတယ်။


ပန်းတိုင် Map ဟာဆိုလျှင် လူငယ်တွေ ကိုယ်တက်ချင်တဲ့ ကျောင်းကို အလွယ်တကူရှာဖွေနိုင်ပြီး သင်တန်းမျိုးစုံကို တစ်နေရာတည်းမှာဘဲအသေးစိတ်သိရှိနိုင်အောင်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ လူငယ်တွေက တက်ချင်တဲ့ကျောင်းကို Facebook မှာဘဲရှာမယ်ဆိုရင် သင်တန်းရဲ့နာမည်သိနေမှရပြီး  Search Result မှာပေါ်လာတဲ့ကျောင်းတွေကလည်း ကိုယ့်နေအိမ်နဲ့မနီးဘဲဝေးနေသည့်အခါမျိုးလည်းရှိနိုင်ပါတယ်။ ပြီးတော့ အသေးစိတ်အချက်အလက်တွေကိုသေချာတင်ထားတဲ့သင်တန်းကျောင်းတွေကနည်းပြီးဖုန်းနဲ့ (သို့) သင်တန်းနေရာထိသွားပြီးစုံစမ်းရတဲ့အခါမျိုးလည်းရှိနိုင်ပါတယ်။ ထိုပြဿနာများကို ဖြေရှင်းပေးလိုက်တာကတော့ ပန်းတိုင် Map ဘဲဖြစ်ပါတယ်။ ပန်းတိုင် Map website  မှာဆိုလျှင် ကျောင်းတွေရဲ့အသေးစိတ်အချက်အလက်များအပြင် ကျောင်းရဲ့တည်နေရာ၊ ကျောင်းရဲ့ လုပ်ငန်းစဉ်များကိုပါအသေးစိတ်တင်ထားပြီး တစ်နေရာတည်းမှာဘဲ ကိုယ်တက်ချင်တဲ့ကျောင်းကို အသေးစိတ်သိရှိလို့ရမှာဘဲဖြစ်ပါတယ်။


ရှာဖွေနည်းကတော့ လွယ်ပါတယ်။ https://pandaingmap.com/ ဒီlink ကိုဝင်ပြီးတော့
တည်နေရာ၊အမျိုးအစားနေရာမှာ ကိုယ်တက်ချင်တဲ့ကျောင်းအမျိုးအစားကိုရိုက်ထည့်ပြီး မိမိအိမ်နဲ့နီးတဲ့ကျောင်းကိုဖြည့်ပြီးရှာလိုက်ရုံနဲ့ ကိုယ်တက်ချင်တဲ့သင်တန်းအမျိုးအစားနဲ့ ကိုယ့်အိမ်နဲ့နီးတဲ့နေရာကသင်တန်းကိုရှာဖွေလို့ရတဲ့ အလွန်သုံးရတာလွယ်ပြီးအဆင်ပြေတဲ့ Website လေးဘဲဖြစ်ပါတယ်။နေ့ရတွေအချိန်တွေနဲ့ ရှာလို့ရတဲ့အတွက် မိမိအားလပ်ချိန်မှာတက်လို့ရတဲ့ကျောင်းတွေကိုလည်းရှာလို့ရမှာဖြစ်ပြီး သင်တန်းကျေးနဲ့လည်းရှာလို့ရတဲ့အတွက် မိမိတတ်နိုင်တဲ့ဈေးနှုန်းနဲ့သင်တန်းကိုရှာလို့ရပါတယ်။ ကျွန်တော်ထင်သလိုဘဲ အခုတော့ စတာမကြာသေးတဲ့အတွက် ကျောင်းအရေအတွက်လည်းနည်းနေသေးပါတယ်။ သို့သော် နောက်ပိုင်းလူသိများလာတဲ့အခါမျိုးကျရင်တော့ တော်တော်လေးကိုအဆင်ပြေပြီး လူငယ်တွေရဲ့ပညာရေးအတွက်လည်းအထောက်အကူဖြစ်နိုင်ပါတယ်။
ပန်းတိုင် Map အကြောင်းကို အသေးစိတ်သိရှိလိုပါက
Facebook Page = https://www.facebook.com/pandaingmap/
Website = https://pandaingmap.com/