Rakuten Viber ၏ Business Account လုပ်ဆောင်ချက်အား မြန်မာနိုင်ငံ၏ အသေးစားစီးပွားရေးလုပ်ငန်းများအကြား အသုံးပြုမှု လျင်မြန်စွာ မြင့်တက်လာ
Rakuten Viber ၏ အရေးအပါဆုံး ဈေးကွက်များအနက် တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် (Business Account လုပ်ဆောင်ချက်အသစ်အား မိတ်ဆက်ခဲ့သည့်) ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ယခုအချိန်အထိ နိုင်ငံတွင်းရှိ အသေးစား စီးပွားရေးလုပ်ငန်းများအကြား Business Account အသုံးပြုမှု ၁၂၁% အထိ တဟုန်ထိုး တိုးတက်လာခဲ့ပြီး အပတ်စဉ် နိုင်ငံတဝန်းမှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ဝယ်ယူသူများအကြား ဆက်သွယ်စကားပြောဆိုမှုများ လည်း သောင်းချီရှိနေကြောင်း သိရှိရသည်။ ထို့အပြင် Rakuten Viber အား မြန်မာနိုင်ငံတွင် လစဉ်အသုံးပြုသူ (Monthly Active Users – MAU) အရေအတွက်သည်လည်း ယမန်နှစ်ကထက် ၁၈% ပိုမိုတိုးတက်လာ သည်ကိုလည်း တွေ့ရှိရသည်။
Rakuten Viber မှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ Business Account များ၏ ထက်ဝက်ကျော်ခန့်သည် Gen Z နှင့် Millennials (အသက် ၁၈ – ၃၅ နှစ်ကြား) လုပ်ငန်းရှင်များဖြစ်ကြပြီး အများစုမှာ Shopping၊ အလှအပ၊ အဝတ်အစားနှင့် အီလက်ထရောနစ် ပိုင်းဆိုင်ရာ လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြသည်။

Image: TikTok
Viber Business Account အားအသုံးပြု၍ ရောင်းအား သိသိသာသာ တိုးတက်လာသည့် ပြည်တွင်းလုပ်ငန်းတစ်ခုမှာ အလှပန်းစည်းများ နှင့် အခြားဈေးနှုန်းသင့်တင့်သည့် လက်ဆောင်ပစ္စည်းများအား ရောင်းချပေးနေသည့် မန္တလေးမြို့အခြေစိုက် HE Floral ဖြစ်သည်။ Viber ၏ Business Account လုပ်ဆောင်ချက်များအား အသုံးပြု၍ HE Floral သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရှေ့လကထက် ရောင်းအား ၄၀% ခန့်နှင့် Subscribers အရေအတွက် ၆၆% ခန့်အထိ တိုးတက်လာခဲ့သည်။
“Viber Business Account စတင်ဖွင့်လှစ်လိုက်တဲ့အချိန်ကစပြီး ကျွန်မတို့ရဲ့ ဝယ်ယူအားပေးသူတွေနဲ့ ပိုမို မြန်ဆန်ချောမွှေ့စွာ ဆက်သွယ်ချိတ်ဆက်နိုင်လာပါတယ်။ Viber Business Account ဟာ အသုံးပြုရ လွယ်ကူတဲ့အပြင် လုပ်ငန်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သိရှိနိုင်တာကလည်း ကျွန်မတို့ အတွက် တစ်ကယ့်ကို အသုံးဝင်စေပါတယ်။ အထူးသဖြင့် Viber Business Account ကနေတဆင့် Reach, Subscriber Growth (အသုံးပြုသူ ပမာဏ တိုးတက်လာမှု) နဲ့ Average Response Time (မေးမြန်းမှုများအတွက် ပြန်လည်ဖြေကြားရန် ပျှမ်းမျှကြာချိန်) စတာတွေကို စောင့်ကြည့်နေနိုင်တဲ့အတွက် ဝယ်ယူအားပေးသူတွေ ပိုမိုစိတ်ကျေနပ်မှုရှိစေဖို့ ဘယ်လိုမျိုး ဆောင်ရွက်နိုင်မလဲဆိုတာကို ကျွန်မတို့အနေနဲ့ အချိန်နဲ့တပြေးညီ သိရှိနိုင်ပါတယ်။” ဟု HE Floral ၏ တည်ထောင်သူ မအိသဉ္ဇာကျော် ကပြောကြားခဲ့သည်။
ဖုန်းနှင့်ဆက်စပ်ပစ္စည်း လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် ရန်ကုန်မြို့မှ Cover Link သည်လည်း Viber ၏ Business Account လုပ်ဆောင်ချက်များအား ထိရောက်စွာ အသုံးပြု၍ ပိုမိုများပြားသော ဝယ်ယူသူများနှင့် ချိတ်ဆက်နိုင်ခဲ့သည်။ Cover Link အနေနှင့် Business Account မှတဆင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရှေ့လကထက် ရောင်းအား ၃၀%၊ Subscribers အရေအတွက် ၅၀% နှင့် Reach ၂၄% အထိ ပိုမိုတိုးတက်လာခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် Cover Link အနေနဲ့ Viber Business Account ကိုစတင်အသုံးပြုတဲ့အချိန်ကစပြီး Sales, Subscribers နဲ့ Reach တွေ ပုံမှန်တိုးတက်လာတာကို တွေ့ရှိရပါတယ်။ ဖုန်းနဲ့ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူချင်သူတွေ အနေနဲ့ မဝယ်ခင်မှာ ထုတ်ကုန်တွေနဲ့ ဒီဇိုင်းတွေကို ကြည့်ရှုနိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပြီး Viber Business Account မှာဆိုရင် ထုတ်ကုန်တွေနဲ့ ရောင်းဈေးတွေကို တစ်ခါတည်း ပြသထားနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဝယ်ယူသူတွေအတွက် တစ်ကယ်ကို အဆင်ပြေစေပါတယ်။ ရှေ့ဆက်ပြီး တော့လည်း Rakuten Viber အနေနဲ့ ဘယ်လိုမျိုး ဆန်းသစ်တဲ့ စီးပွားရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို မိတ်ဆက်ဦးမလဲဆိုတာ စောင့်မျှော်နေပါတယ်။” ဟု Cover Link ၏ ပိုင်ရှင်ဖြစ်သူ ကိုဝင်းအောင် က ပြောကြားခဲ့သည်။

Image: TikTok
အသေးစားစီးပွားရေးလုပ်ငန်းများအား အွန်လိုင်းမှ အသုံးပြုသူများနှင့် ပိုမိုရှင်းလင်းလွယ်ကူစွာ ဆက်သွယ်ချိတ်ဆက်ပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် Rakuten Viber သည် ၎င်း၏ Business Account လုပ်ဆောင်ချက်များအား ကမ္ဘာတဝန်းမှ အဓိကဈေးကွက်များတွင် ၂၀၂၄ ခုနှစ်၊ စတုတ္တ ၄ လပတ်အတွင်း စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Viber Business Account အား အသုံးပြု၍ စီးပွားရေး လုပ်ငန်းရှင်များအနေနှင့် ၎င်းတို့၏ လုပ်ငန်းပရိုဖိုင်များအား အလွယ်တကူဖန်တီးနိုင်ခြင်း၊ ထုတ်ကုန် (သို့) ဝန်ဆောင်မှု အခု ၅၀ အထိ ပြသထားနိုင်ခြင်း၊ စုံလင်လှသည့် Marketing Tools များအား အသုံးပြုနိုင်ခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက် များအား သိရှိနိုင်ခြင်း အစရှိသည့် နောက်ဆုံးပေါ် လုပ်ဆောင်ချက်များအား ရယူအသုံးပြုသွားနိုင်မည် ဖြစ်ကာ အွန်လိုင်းပေါ်မှတဆင့် ဝယ်ယူအားပေးသူများနှင့် ပိုမိုအဆင်ပြေလွယ်ကူမှုရှိရှိ ဆက်သွယ်ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများအနေနှင့် Viber ၏ Business Account အား အသုံးပြု၍ လုပ်ငန်းပရိုဖိုင်များ ဖန်တီးနိုင်ခြင်း၊ ရရှိနိုင်မည့် ထုတ်ကုန် (သို့) ဝန်ဆောင်မှုများ၏ နာမည်၊ ဈေးနှုန်း၊ ရုပ်ပုံ၊ အသေးစိတ်ဖော်ပြချက်များအား ပြသထားနိုင်ခြင်း အစရှိသည့် သူမတူသော နည်းလမ်းများဖြင့် ဝယ်ယူအားပေးသူများ၏ စိတ်ဝင်စားမှုများအား ရယူသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် လုပ်ငန်းများ၏ အမည်၊ တည်နေရာနှင့် လုပ်ငန်း အမျိုးအစားများအပေါ်မူတည်၍ Viber ၏ Search မှတဆင့် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ကာ Marketing Tools များကို အသုံးပြု၍လည်း ရောင်းအားတိုးတက်လာစေရန် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အလားတူပင် ဝယ်ယူအားပေးသူများထံ အလိုအလျောက်ပြန်လည်ဖြေကြားမှုများအား ကြိုတင်သတ်မှတ် စီစဉ်ထားနိုင် မည် ဖြစ်သည့်အပြင် Reach, Subscribers Growth နှင့် Average Response Time စသည့် လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်များ ကိုလည်း အချိန်နှင့်တပြေးညီ သိရှိသွားနိုင်မည် ဖြစ်သည်။
Viber အသုံးပြုသူများအနေနှင့် Business Account များအား အခမဲ့ ဖွင့်လှစ်အသုံးပြုနိုင်မည် ဖြစ်ပြီး ပိုမိုစိတ်လှုပ်ရှားဖွယ် ကောင်းသည့် လုပ်ဆောင်ချက်အသစ်များကိုလည်း မကြာမီ ဆက်လက်မိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ Viber Business Account နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက https://lp.viber.com/smblp တွင် ဝင်ရောက်ကြည့်ရှု နိုင်မည် ဖြစ်သည်။