“Samsung နဲ့အတူ အတောက်ပဆုံး နေ့ရက်တွေဆီ” အသံလှူဒါန်းမှု အစီအစဉ်နဲ့ ကျပ်သိန်း (၃၅၀) တန်ဖိုးရှိ လှူဒါန်းမှုတွေကို Samsung သုံးစွဲသူများနဲ့ အတူ ပါဝင်လုပ်ဆောင်ခဲ့တဲ့ Samsung Love & Care

လက်ရှိကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၂.၂ ဘီလီယံခန့်၊ မြန်မာနိုင်ငံမှာဆိုရင် ၂၀၁၉ ခုနှစ်က ကောက်ယူထားတဲ့ စစ်တမ်းတွေ အရ လူဦးရေ ၆ သိန်းကျော်လောက်ဟာ အမြင်အာရုံ အားနည်း / ချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့အတွက် တော့ နေ့စဉ်နေ့တိုင်းမှာ “အသံ” ဟာ ချစ်ခင်ရတဲ့သူတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အတွက် အရေးအပါဆုံး အခန်းကဏ္ဍ တစ်နေရာကနေ ပါဝင်နေပါတယ်။

Image: Samsung

ဒီလို မတူကွဲပြားမှုတွေနဲ့ နေထိုင်နေရသူတွေအတွက် ချစ်ခြင်းမေတ္တာတွေမျှဝေရင်း ပိုမိုကောင်းမွန်တဲ့နေ့ရက်တွေဆီကို အတူ အရောက်လှမ်းနိုင်ဖို့ Samsung Myanmar ကနေ “အတောက်ပဆုံး နေ့ရက်တွေဆီ” ဆိုတဲ့ လူမှုကွန်ရက် Campaign ကို နှစ်စဉ်ကျင်းပနေကြ Love & Care လူမှုအကျိုးပြု အစီအစဉ်နဲ့အတူ လုပ်ဆောင်ခဲ့ပြီး Samsung သုံးစွဲသူတွေကိုပါ မွန်မြတ်လှတဲ့ အသံလှူဒါန်းမှုမှာ ပါဝင်နိုင်ဖို့ စီစဉ်ဖိတ်ခေါ် ပေးခဲ့ပါတယ်။ လက်ရှိ အချိန်အထိ ဒီလို မွန်မြတ်လှတဲ့ အလှူမှာ တစ်တပ်တစ်အား ပါဝင်ကူညီဖို့အတွက် Samsung Members ပေါင်း ၃၅၀ ကျော် က စာရင်း ပေးသွင်း ထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် Samsung Myanmar ကနေ ဒီနှစ် Love & Care အခမ်းအနားကိုလည်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ခဝဲခြံမှာရှိတဲ့ ရန်ကုန်မျက်မမြင်ကျောင်းမှာ ဒီနေ့ကျင်းပပြုလုပ်ခဲ့ပြီး ဒီမွန်မြတ်လှတဲ့ လှူဒါန်းမှုကို Samsung Myanmar အဖွဲ့သားတွေ၊ သုံးစွဲသူ Samsung Members တွေ၊ Team Galaxy အဖွဲ့ဝင်တွေဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ မေတိုးခိုင်၊ အခြားအနုပညာရှင်တွေနဲ့ မီဒီယာမိတ်ဆွေတွေ တက်ရောက်ခဲ့ပါတယ်။

Image: Samsung

Samsung Myanmar အနေနဲ့ အမြင်အာရုံ အားနည်း / ချို့ယွင်းသူပေါင်း ၁၁၅ ယောက် ရှိတဲ့ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) အတွက် ဘက်စုံသုံးလှူဒါန်း‌ငွေ ကျပ်သိန်း (၅၀) နဲ့အတူ နောက်ထပ် ကျပ်သိန်း (၃၀၀) တန်ဖိုးရှိတဲ့ Samsung ထုတ်ကုန်တွေနဲ့ သင်ကြားရေး အထောက်အကူပြုပစ္စည်းတွေ – စုစုပေါင်း ကျပ်သိန်း (၃၅၀) တန်ဖိုး ရှိတဲ့ လှူဒါန်းမှုတွေနဲ့အတူ နေ့လည်စာနဲ့ အမှတ်တရလက်ဆောင် လှူဒါန်းမှုတွေကိုပါ လုပ်ဆောင် ခဲ့ပါတယ်။ ဒါ့အပြင် Samsung Members တစ်ချို့နဲ့ Team Galaxy အနုပညာရှင်တွေ ဟာ ကလေးငယ်တွေ အတွက် လိုအပ်တဲ့ အသံလှူဒါန်းမှုတွေကို တစ်ခါတည်း ရန်ကုန်မျက်မမြင်ကျောင်းမှာ လုပ်ဆောင်ခဲ့ကြပါတယ်။ လာမယ့်ရက်သတ္တပတ်တွေမှာလည်း အခုစာရင်းပေးသွင်းထားတဲ့ Samsung Members ပေါင်း ၃၅၀ ကျော်ဟာ မွန်မြတ် လှတဲ့ အသံလှူဒါန်းမှုတွေကို အွန်လိုင်းကနေတဆင့် ပါဝင်လုပ်ဆောင်ပေးသွားကြမှာ ဖြစ်ပြီး သူတို့ရဲ့ အသံဖိုင်တွေကို မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မျက်မမြင်ကျောင်းတွေကို လှူဒါန်းနိုင်ဖို့ ဆက်လက်ကူညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ရည်ရွယ်ချက်ကောင်းမွန်လှတဲ့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ (မ.ခ.မ.မ) ၏ အထွေထွေ အတွင်း‌ရေးမှုူး Reverend ဦးသိန်းလွင် က “အမြင်အာရုံအားနည်း / ချို့တဲ့သူတွေအတွက် အသေအချာစဉ်းစားပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို လာရောက် လှူဒါန်းတဲ့အတွက် ကျောင်းမှာရှိတဲ့ ကလေးတွေအတွက် အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒါ့အပြင် မွန်မြတ်လှတဲ့ အသံလှူဒါန်းမှုကိုပါ သေချာ အချိန်ပေး လာရောက်လှူဒါန်းပေးကြတဲ့အတွက် Samsung အဖွဲ့သားတွေ တစ်ဦးချင်းစီ ကို အလေးအနက် ကျေးဇူးတင်ရှိကြောင်း ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) ကိုယ်စား ပြောကြားပါရစေ” ဆိုပြီး အမှတ်တရ ပြောကြား ခဲ့ပါတယ်။

Image: Samsung

ဒါ့အပြင် Love & Care အခမ်းအနားအတွင်းမှာ ဆရာဦးသိန်းလွင်နဲ့အတူ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) က ကျောင်းသားတွေကလည်း အမြင်အာရုံ အားနည်းသူတွေ ဖုန်းအသုံးပြုတဲ့အခါ အဆင်ပြေစေဖို့ Samsung စမတ်ဖုန်း တွေမှာ တစ်ပါတည်း Built in ပါဝင်ပြီးသားဖြစ်တဲ့ Talk Back နဲ့ Voice Command လုပ်ဆောင်ချက်တွေကို လည်း လက်တွေ့အသုံးပြုပြခဲ့ပါတယ်။

Samsung ဟာ ကမ္ဘာတစ်ဝှမ်းက အမြင်အာရုံ အားနည်း / ချို့ယွင်းသူတွေအတွက် အသုံးပြုရလွယ်ကူစေမယ့် Relumino Mode လုပ်ဆောင်ချက်ကိုလည်း အမြင်အာရုံ အားနည်း / ချို့တဲ့သူတွေရဲ့ အတွေ့အကြုံတွေ၊ အကြံပြုချက်တွေ အ‌ပေါ်မူတည်ပြီး တစ်ဆင့်ချင်းစီ အသေးစိတ် တီထွင် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အခုလက်ရှိမှာတော့ ဒီ Relumino Mode ကို သတ်မှတ်ထားတဲ့ Samsung တီဗီမော်ဒယ်တွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Image: Samsung

“Samsung Myanmar အနေနဲ့ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ အခွင့်အလမ်းနည်းပါးတဲ့ကလေးငယ်တွေအတွက် လိုအပ်တဲ့ ကူညီ‌ပံ့ပိုး မှုတွေကို တစ်ဖက်တစ်လမ်းကနေ ကမ်းလက်တစ်စုံအဖြစ် ပေးအပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့  မြန်မာနိုင်ငံ မှာ ၂၀၁၅ ခုနှစ်ကနေစပြီး Love & Care အစီအစဉ်တွေကို စတင် လုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ Samsung အဖွဲ့သားတွေအပြင် တန်ဖိုးထားလေးစားရတဲ့ သုံးစွဲသူတွေကပါ အားတက်သရော ဒီ မွန်မြတ်လှတဲ့ အလှူကို ပါဝင်ကူညီကြတာကို တွေ့မြင်ရတဲ့အတွက် တစ်ကယ့်ကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။” ဆိုပြီး Samsung Myanmar ရဲ့ Managing Director ဖြစ်သူ Mr.Harrison Song က ပြောကြား ခဲ့ပါတယ်။

Samsung အနေနဲ့ Love & Care လူမှုအကျိုးပြုအစီအစဉ်ကို မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတစ်ဝန်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ၊ မျက်မမြင်နဲ့ မသန်စွမ်း အဖွဲ့အစည်းတွေ အတွက် လိုအပ်တဲ့ ငွေအား၊ လူအား ကူညီထောက်ပံ့မှုတွေကိုပေးအပ်နေပါတယ်။ ဒီလိုမွန်မြတ်လှတဲ့ Love & Care အစီအစဉ်ကို နောက်နောင်များတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုင်းအဝန်းများ၊ ကျောင်းသားလူငယ်များ အပါအဝင် အမျိုးမျိုးသော ထောက်ပံ့မှုများလိုအပ်နေတဲ့ နေရာများမှာလည်း တတ်စွမ်းသမျှ ဆက်လက် ကူညီထောက်ပံ့ပေးသွားဖို့အတွက် ရည်ရွယ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။