OPPO က VivaTech 2023 မှာ 2023 Inspiration Challenge အတွက် Proposal တွေ တင်သွင်းရန် ခေါ်ဆိုမှုကို နောက်ဆုံးအကြိမ် ထပ်မံကြေညာ

ဥရောပမှာ အကြီးကျယ်ဆုံး Startup နဲ့ နည်းပညာဆိုင်ရာပွဲဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း စီးပွားရေးခေါင်းဆောင်တွေ၊ တက်သစ်စလူငယ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ အားလုံး တက်ရောက်လေ့ရှိကြတဲ့ Viva Technology ပွဲကို ဇွန်လ ၁၄ ရက်နေ့က စတင်ကာ ၄ ရက်ကြာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပွဲမှာ OPPO က ယခုနှစ်မှာ ဒုတိယအကြိမ် ကျင်းပတဲ့ 2023 OPPO Inspiration Challenge အတွက် ဝင်ခွင့်ခေါ်ဆိုမှုကို နောက်ဆုံးအကြိမ်အဖြစ် ကြေညာခဲ့ပါတယ်။ ထို့ပြင် ယမန်နှစ်က စတင်ကျင်းပခဲ့တဲ့ Inspiration Challenge ရဲ့ အောင်မြင်မှုအချို့ကိုလဲ ခင်းကျင်း ပြသထားပါတယ်။

Image: OPPO

ထိုပွဲအတွင်း OPPO Technology Strategic Planning Expert ဖြစ်သူ Mr. Rabinovich Adi က အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ နည်းပညာကို မည်ကဲ့သို့ အသုံးပြုနိုင်ကြောင်း မိန့်ခွန်း ပြောကြားခဲ့ပြီး 2023 OPPO Inspiration Challenge ရဲ့ နောက်ဆုံး Update များကိုလဲ မိတ်ဆက်ခဲ့ကာ ပြပွဲတွင် ယင်းတို့ရဲ့ ဆန်းသစ် တီထွင်မှုတွေကို သရုပ်ပြသဖို့ နည်းပညာပိုင်း Startup လုပ်ငန်းအများအပြားကိုလဲ ပါဝင်ရန် ဖိတ်ကြားခဲ့ပါတယ်။

”ပြီးခဲ့တဲ့နှစ်မှာ ပထမဆုံး OPPO Inspiration Challenge ရဲ့ ရလဒ်အနေနဲ့ Startup လုပ်ငန်းတွေမှာ အဖိုးတန်တဲ့ ဆန်းသစ်တီထွင်မှုတွေ ဖန်တီးနိုင်ဖို့ ကောင်းမွန်တဲ့ အလားအလာနဲ့ ဖြစ်နိုင်ခြေတွေရှိကြောင်း ပြသခဲ့ပါတယ်” ဟု Adi က ပြောကြားခဲ့သည်။ “ဒီနှစ် ဒုတိယအကြိမ် Inspiration Challenge အတွက် ကျွန်တော်တို့အနေနဲ့ Inspiration for People နဲ့ Planet for Inspiration ဆိုတဲ့ အပိုင်း ၂ ပိုင်းကို အဓိကထားပြီး အခန်းကဏ္ဍ အသစ် ၂ ခုကို မိတ်ဆက်ပေးခဲ့ ပါတယ်။ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်တိုးတက်ရေး စတာတွေက ဒီကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းရဲ့ တူညီတဲ့ ပန်းတိုင်တွေ ပါပဲ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အရင်းအမြစ်တွေကို Startup လုပ်ငန်းအသိုင်းအဝိုင်းရဲ့ ထက်မြက်မှုတွေနဲ့အတူ ပေါင်းစပ် လိုက်မယ်ဆိုရင် ဒီအရေးကြီးတဲ့ နယ်ပယ် ၂ခုမှာ ဆန်းသစ်တီထွင်မှုကနေ တစ်ဆင့် စစ်မှန်တဲ့ ပြောင်းလဲမှုတွေကို ယူဆောင်လာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု  ထပ်လောင်းပြောကြားခဲ့သည်။

Image: OPPO

OPPO က ယမန်နှစ် Inspiration Challenge Winner တွေကို စိတ်အားတက်ကြွမှုကနေ တစ်ဆင့် အကောင်အထည် ဖော်နိုင်ဖို့ အားပေးပြောင်းလဲခဲ့

2022 Inspiration Challenge တွင် ကမ္ဘာ့နိုင်ငံတွေနဲ့ ဒေသပေါင်း ၃၉ ခုမှ Proposal စုစုပေါင်း ၅၃၆ ခု အဆိုပြု တင်သွင်းခဲ့သည်။ ယင်းတို့အနက် OPPO ဟာ အဖွဲ့ ၁၈ ဖွဲ့ကို စိစစ်ရွေးချယ်ကာ ယင်းတို့ရဲ့ အကြံဉာဏ် စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ ပံ့ပိုးကူညီခဲ့ပါတယ်။ ယခုနှစ် VivaTech ပွဲတွင် OPPO အနေနဲ့ မနှစ်က Inspiration Challenge Winner ဖြစ်သည့် Alango Technologies နဲ့ Europe & Israel Regional Challenge ဆုရှင် ဖြစ်တဲ့ Sign Now တို့ကို 2022 Inspiration Challenge မှာ ၎င်းတို့ ရရှိခဲ့တဲ့ အတွေ့အကြုံများကို မျှဝေရန် ဖိတ်ခေါ်ထားခဲ့ပါတယ်။

အသံဆက်သွယ်မှုဆိုင်ရာ ဒစ်ဂျစ်တယ်အသံမြှင့်တင်မှုနည်းပညာနယ်ပယ်တွင် ထိပ်တန်းဦးဆောင်နေသည့် Alango Technologies ဟာ လက်တွေ့ဘဝ အခြေအနေတွေတစ်လျှောက် နစ်မြုပ်နေတဲ့ အသံအတွေ့အကြုံတွေအတွက် သူတို့ရဲ့ စားသုံးသူ အီလက်ထရွန်နစ် ထုတ်ကုန်ပစ္စည်းများဆိုင်ရာ Concept နဲ့ ပတ်သက်တဲ့ Proposal ဖြစ်တဲ့ BeHear ဖြင့် ယမန်နှစ် OPPO Innovation Challenge တွင် အနိုင်ရရှိခဲ့ပါတယ်။

Image: OPPO

Alango Technologies ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ Dr. Alexander Goldin က 2022 Inspiration Challenge ဆုကို ဂုဏ်ယူဝမ်းမြောက်စွာ ဆွတ်ခူးရာတွင် “ပြိုင်ပွဲကို အနိုင်ရတာဟာ ကျွန်တော်တို့အတွက် ထူးခြားတဲ့ အခိုက်အတန့် ပါပဲ” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဆုရရှိပြီးနောက်ပိုင်း OPPO နဲ့ ပူးပေါင်းပြီး ပရိုမိုးရှင်း ဗီဒီယိုတစ်ခုလဲ ဖန်တီးခွင့် ရခဲ့ပါတယ်။ ဒါအပြင် ကျွန်တော်တို့ရဲ့ Algorithm တွေကို ပြုပြင်ဖို့နဲ့ အသုံးပြုနိုင်မှု နယ်ပယ်ကို ချဲ့ထွင်ဖို့အတွက် ဆုငွေတွေကို အကျိုးရှိရှိ အသုံးပြုခဲ့ပါတယ်”ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

Sign Now ရဲ့ Community of Head of Hila Almog က “ဒေသတွင်း ပြိုင်ပွဲမှာ အနိုင်ရရှိပြီးတဲ့နောက် ကျွန်တော်တို့ အနေနဲ့  မီဒီယာသတင်းတော်တော်များများမှာ ပါလာပြီး အခု VivaTech ပွဲမှာလဲ ကျွန်တော်တို့ရဲ့ ဆန်းသစ် တီထွင်မှုတွေကို မျှဝေဖို့အတွက် အခွင့်အရေးရရှိခဲ့ပါတယ်။ အချိန်နဲ့ တစ်ပြေးညီ ဗီဒီယိုခေါ်ဆိုမှုတွေကနေ တစ်ဆင့် လိုအပ်ရင် လိုအပ်သလို လက်သင်္ကေတ ဘာသာစကားကို ဘာသာပြန်ပေးတဲ့ ဝန်ဆောင်မှုပါတဲ့အတွက် ကျွန်တော်တို့ရဲ့ App ဟာ အသံနဲ့ အကြားအာရုံ ချို့တဲ့သူတွေ အသိုင်းအဝိုင်းနဲ့ ဝန်ဆောင်မှုပေးသူတွေအကြား ပေါင်းကူးတံတား တစ်ခုအဖြစ် ဆောင်ရွက်‌ပေးနေတာ ဖြစ်ပါတယ်။ OPPO ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ  အသံနဲ့ အကြားအာရုံ ချို့တဲ့သူတွေ အသိုင်းအဝိုင်းအတွက် လက်လှမ်းမီနိုင်ဖို့နဲ့ တန်းတူအခွင့်အရေးတွေကို ဖန်တီးပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

Image: OPPO

နည်းပညာဖြင့် ပိုမိုကောင်းမွန်သောအနာဂတ်ကို တည်ဆောက်ရန်အတွက် OPPO နဲ့ ပူးပေါင်းလုပ်ဆောင်နေသော Startup လုပ်ငန်းများ

Startup လုပ်ငန်းအသိုင်းအဝန်းသည် ကမ္ဘာ့အဆင့်မီ ဆန်းသစ်တီထွင်မှုအချို့ရဲ့ တန်ဖိုးရှိတဲ့ အရင်းမြစ်များဖြစ်တဲ့ အတွက် OPPO ဟာ VivaTech ပွဲမှာ Outdoor Cooling Coatings Research and Development မှာ ထိပ်တန်း ဦးဆောင်နေတဲ့ SolCold ကို သူတို့ရဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ အတွေ့အကြုံများကို မျှဝေရန်အတွက် ဖိတ်ကြား ခဲ့ပါတယ်။

SolCold ရဲ့ CEO နဲ့ Co-founder ဖြစ်သူ Yaron Shenhav က “အခု OPPO နဲ့အတူ Mobile Device တွေမှာ ဆန်းသစ်တဲ့ Coating တွေကို နောက်ထပ် ဘယ်လိုအသုံးပြုလို့ရနိုင်မလဲဆိုတာ ထပ်ပြီး သိရှိနိုင်အောင် ကြိုးစားလုပ်ဆောင် နေပါတယ်” ဟု ပြောကြားခဲ့ပါတယ်

Image: OPPO

2023 OPPO Inspiration Challenge သို့ ဝင်ရောက် ယှဥ်ပြိုင်ဖို့ နောက်ဆုံးအကြိမ် ဖိတ်ခေါ်မှု

VivaTech 2023 ဟာ ယခုနှစ် OPPO Inspiration Challenge မှာ ပါဝင်ဖို့ နောက်ဆုံးအကြိမ် ဖိတ်ခေါ်မှု ဖြစ်ပါတယ်။ Proposal တွေကို တင်သွင်းရန် နောက်ဆုံး သတ်မှတ်ရက်မှာ ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်ဖြစ်ပါတယ်။ ပါဝင်ယှဥ်ပြိုင်ရန် လျှောက်ထားသူတွေဟာ ဒေသဆိုင်ရာ ပြိုင်ပွဲ ၃ ခုအနက်မှ ၁ ခုကို ပါဝင်ယှဥ်ပြိုင်ရန် တာဝန်ပေးခံရမှာဖြစ်ပြီး ဒေသတစ်ခုစီမှ အသင်း ၅ သင်းစီ ရွေးချယ်ကာ နောက်ဆုံးကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ 2023 OPPO Inspiration Challenge ရဲ့ ကမ္ဘာလုံးဆိုင်ရာဆုရှင်တွေအဖြစ် စုစုပေါင်းအသင်း ၅ ဖွဲ့ကို ရွေးချယ်သွားမှာဖြစ်ပြီး ၎င်းတို့ တစ်ဖွဲ့ချင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ (အခွန်ပါဝင်ပြီး) ထောက်ပံ့ကြေးအပြင် OPPO နဲ့ ယင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေထံက အလားအလာရှိတဲ့ လုပ်ငန်းမိတ်ဖက်တွေနဲ့ ရန်ပုံငွေဆိုင်ရာ အခွင့်အလမ်းတွေ ရရှိမှာ ဖြစ်ပါတယ်။