MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၄) မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေနံ့သာမြို့သစ်၊ ကျောက်တန်း၊ မှော်ဘီ နှင့် သန်လျင်မြို့နယ်များတွင် ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP)၊ ကြိုးဖုန်းဝန်ဆောင်မှုနှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ စဉ် တိုင်းဒေသကြီး/ပြည်နယ် အိတ်ချိန်း အော်တိုတယ်လီဖုန်း နံပါတ်များ အဆင့်မြှင့်တင်မည့်ရက်စွဲ ၁ ရန်ကုန်တိုင်းဒေသကြီး ရွှေနံ့သာမြို့သစ် အိတ်ချိန်း ၀၁-၈၆၀၉xxx မေလ (၂၆) ရက် မှ ဇွန်လ (၂) ရက်အထိ

Read more

MPT က TikTok Dance Challenge နှင့်အတူ“နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ထပ်မံ သက်တမ်း တိုးလိုက်ပြီဖြစ်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်မှ မေလ ၃၁ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သုံးစွဲသူများ၏ ကောင်းမွန်သော တုံ့ပြန်မှုများနှင့်

Read more

MPT က ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်မှတစ်ဆင့် လူငယ်များအတွက် မရှိမဖြစ်လိုအပ်သော အသိပညာနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများကို ပံ့ပိုးဆောင်ရွက်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်နေသည့်အပြင်  မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များအား မြေတောင်မြှောက်ပေးရန်အတွက် တတ်အားသရွေ့ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT သည် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် (၁၈) ခုမှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား အခွင့်အလမ်းကောင်းများ ပေးအပ်ရန်အတွက် ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်ကို ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ Image: MPT MPT ၏ ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်ကို ဧပြီလတွင် စတင်ခဲ့ပြီး ဇွန်လအထိ MPT ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀) ခုရှိ MPT ရုံးများတွင် ဆောင်ရွက်လျက် ရှိကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၀) ခန့်အား စာတွေ့၊ လက်တွေ့ လေ့ကျင့်မှုများ ပေးအပ်လျက် ရှိပါသည်။ အဆိုပါအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများသည် မိုက္ခရို၊ ဖိုင်ဘာစသည့် အဝေးဆက်သွယ်ရေး နည်းပညာများ၊ မိုဘိုင်းဆက်သွယ်ရေးနည်းပညာများနှင့် FTTH နည်းပညာများ  စသည့် တယ်လီကွန်း ဆက်သွယ်ရေးနည်းပညာများအပြင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး  (HSE) နှင့် သတင်းအချက်အလက် လုံခြုံရေး စသည့် လုပ်ငန်းခွင်နှင့် သက်ဆိုင်သော အသိပညာများကို စာတွေ့၊လက်တွေ့ လေ့လာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။။ အဆိုပါကျောင်းသား၊ ကျောင်းသူများအနက် ရန်ကုန်တိုင်းဒေသကြီးရှိ MPT ၏ Network Center နှင့် သင်တန်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူ (၅၅) ) ဦးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ MPT ရုံးများတွင် ကျောင်းသား၊ ကျောင်းသူ (၁၂၁) ဦးတို့သည် ဆက်သွယ်ရေးဆိုင်ရာသင်တန်းများနှင့် လက်တွေ့လေ့ကျင့် ဆောင်ရွက်ခြင်းများကို သင်ယူလေ့လာ လျက်ရှိပါသည်။ Image: MPT MPT ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ အကြံပေးအရာရှိဖြစ်သူ Mr. Naoki Shimane က “လူငယ်တွေဆိုတာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့ မျိုးဆက်သစ်တွေပဲ ဖြစ်ပါတယ်။ MPT ရဲ့ ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်ကတစ်ဆင့် ကျွန်တော်တို့အနေနဲ့ လူငယ်တွေကို ဆက်သွယ်ရေးကဏ္ဍမှာ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မရှိမဖြစ်လိုအပ်တဲ့ အသိပညာနဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုတွေကို မျှဝေပေးထားပါတယ်။  ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဆက်သွယ်‌ရေးကဏ္ဍနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ရရှိနိုင်စေရုံသာမက မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးရဲ့ အရေးပါမှုကိုလည်း နားလည်သဘောပေါက်စေနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်က နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူတွေ ယုံယုံကြည်ကြည်နဲ့ လုပ်ငန်းခွင်ဝင်ရောက်ဖို့အတွက် ဆောင်ရွက်ရာမှာ များစွာအထောက်အပံ့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။ MPT သည် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး  နိုင်ငံတစ်ဝန်းရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူပေါင်း (၂,၀၀၀) ကျော်ကို တကယ့်လုပ်ငန်းခွင်နှင့် ဆက်စပ်နေသော ဗဟုသုတများ၊ အရည်အသွေးနှင့် ကျွမ်းကျင်မှုများကို မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ Image: MPT MPT အနေဖြင့် သက်ဆိုင်ရာကဏ္ဍများအားလုံးတွင် မျိုးဆက်သစ်လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို  စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါသည်။ သိသာထင်ရှားသည့် အားထုတ်မှုတစ်ခုအဖြစ်  အီလက်ထရွန်းနစ် နည်းပညာသုံးပညာရေး ပလက်ဖောင်းအစီအစဉ် https://csrelearning.mpt.com.mm/ မှတစ်ဆင့် မြန်မာနိုင်ငံရှိ  ပညာသင်ကြားလိုသူ လူငယ်များ ဒေတာကုန်ကျစရိတ်နှင့် သင်တန်းကြေး ပေးရန်မလိုဘဲ အခမဲ့လေ့လာသင်ယူနိုင်မည့် ပညာရေးအစီအစဉ်ကိုလည်း ဆောင်ရွက်ထားပါသည်။ MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

Read more

MPT က သုံးစွဲသူများ အဆင်ပြေစေရန်အတွက် A+ Wallet ၊ NearMe တို့ နှင့် ပူးပေါင်း၍ ငွေပေးချေမှုနည်းလမ်းအသစ်များကို တိုးချဲ့ ဆောင်ရွက်

မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ငွေပေးချေမှုနည်းလမ်းအသစ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် အသုံးပြုပြီးမှပေးဆောင်ရသော (postpaid) သုံးစွဲသူများ (B2B နှင့် B2C) နှင့် FTTH သုံးစွဲသူများအားလုံးအတွက်  A+ Wallet နှင့် NearMe အမှတ်အသားရှိသောဆိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ကာ လွယ်ကူချောမွေ့သော ငွေပေးချေမှုနည်းလမ်းအသစ်များကို စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။ ယခုထပ်မံတိုးချဲ့လိုက်သည့် နည်းလမ်းများဖြင့် MPT သုံးစွဲသူများသည် A+ Wallet နှင့် NearMe အမှတ်အသား ရှိသောဆိုင်များမှတစ်ဆင့် လစဉ်ငွေပေးချေမှုများကို လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ လွယ်ကူချောမွေ့စွာ ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။ Image: MPT MPT သုံးစွဲသူများသည် ၎င်းတို့၏ လစဉ်ငွေပေးချေမှုများအတွက် အောက်ဖော်ပြပါ ငွေပေးချေမှု နည်းလမ်းများစွာကို  ရွေးချယ်နိုင်ပါသည်။ A+ Wallet                                           :https://bit.ly/MPT-AplusWalletUserManual NearMeအမှတ်အသားရှိသောဆိုင်များ:https://www.nearme.com.mm/our-services-my/eservices-my/ . လက်ရှိ ငွေပေးချေမှုနည်းလမ်းများ : https://mpt.com.mm/en/payment-channels/ ထိုအပြင် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် https://einvoice.mpt.com.mm/#/Einvoice တွင် E-invoicing အကောင့် စာရင်းသွင်းနိုင်ပါသည်။ ထိုကဲ့သို့ စာရင်းသွင်းခြင်းဖြင့် သုံးစွဲသူများသည် ငွေတောင်းခံလွှာများကို email နှင့် SMS အသိပေးစာမှတစ်ဆင့် လွယ်ကူစွာ လက်ခံနိုင်မည် ဖြစ်ပါသည်။ MPT-KSGM JO စီးပွားရေးဌာနအရာရှိချုပ်၏ အကြံပေးအရာရှိဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေပေးအပ်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ A+ Wallet နှင့် NearMe အမှတ်အသားရှိတဲ့ ဆိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ငွေပေးချေမှုနည်းလမ်းတွေ တိုးချဲ့ဆောင်ရွက်ခြင်းက သုံးစွဲသူတွေကို ပိုမို အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချရတဲ့ ငွေပေးချေမှု အတွေ့အကြုံတွေကို ပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ပိုမိုအဆင်ပြေတဲ့ ရွေးချယ်မှုတွေ ပေးအပ်နိုင်ဖို့အတွက် နောက်ထပ်မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Read more

MPT က ပန်းလှိုင်ဆေးရုံကြီးနှင့် ပူးပေါင်း၍ ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသများအတွက် 24/7 ပတ်လုံး ကျန်းမာရေးဆွေးနွေးနိုင်မည့် အခမဲ့ ကျန်းမာရေးဖုန်းလိုင်း ‘2025’ ကို မိတ်ဆက်

လွန်ခဲ့သည့် မတ်လ (၂၈) တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်  အခက်အခဲ ကြုံတွေ့နေရသည့် လူမှုအသိုက်အဝန်းရှိအများပြည်သူတို့ကို အ‌ထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်ပြီး MPT အနေဖြင့်  ပန်းလှိုင်ဆေးရုံကြီးနှင့် ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို 24/7 ရက်ပတ်လုံး ဆွေးနွေးနိုင်မည့် အခမဲ့

Read more