ယခုအပတ် မြန်မာ Tech — မော်စကိုရှိ ဥက္ကဋ္ဌနေရာ၊ ရွှေကို Live ဖြင့် ရောင်းခွင့်ပိတ်ခြင်း၊ တဲထဲမှ ဂြိုဟ်တုအင်တာနာ လေးခု

ဤသည်မှာ Myanmar Tech Press ၏ အပတ်စဉ်ကော်လံ ဖြစ်သည်။ လတ်တလော ဖော်ပြခဲ့သော သတင်းများကို ချိတ်ဆက်ပေးခြင်း၊ ယခင်က ထောက်ပြခဲ့သော အချက်များကို ပြန်လည်စစ်ဆေးခြင်း၊ သတင်းဆောင်းပါးတစ်ပုဒ်တည်းတွင် နေရာမလောက်သော သုံးသပ်ချက်များကို ထပ်ဖြည့်ခြင်းတို့ ပြုလုပ်သည်။ …

မော်စကိုရှိ ကမ္ဘာ့ဒစ်ဂျစ်တယ်ဖိုရမ်တွင် မြန်မာပါဝင် – ပူးတွဲဥက္ကဋ္ဌနေရာရသော်လည်း သဘောတူညီမှု မဖော်ပြ၊ ရုရှားနှင့် ၅ လအတွင်း နည်းပညာထိတွေ့မှု ၄ ကြိမ်မြောက်

ဒစ်ဂျစ်တယ်ဖွံ့ဖြိုးရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် (U Min Zeyar Hlaing) ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်အထိ မော်စကိုတွင် ကျင်းပသော ဒုတိယအကြိမ် ကမ္ဘာ့ဒစ်ဂျစ်တယ်ဖိုရမ်သို့ တက်ရော…