၄ နှစ်အထိ စိတ်ကြိုက်သုံးနိုင်မယ့် OS နဲ့ Security Update တွေရနိုင်ပြီး ရေစိုခံ၊ အကြမ်းခံလာတဲ့ Samsung Galaxy A06 5G အသစ်
Samsung ကနေ နောက်ဆုံးထွက်ရှိထားတဲ့ စမတ်ဖုန်းများထဲက အသက်သာဆုံး စျေးနှုန်းနဲ့ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ Galaxy A06 စမတ်ဖုန်းကို ယခုအခါမှာတော့ 5G အမြန်နှုန်းနဲ့ပါ ရရှိနိုင်မယ့် Galaxy A06 5G မော်ဒယ်အသစ်အနေနဲ့ မြန်မာနိုင်ငံစျေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ Galaxy A06 5G မှာ လိုင်းဆွဲအားပိုကောင်းတဲ့ 5G Connectivity သာမကဘဲ၊ IP54 အဆင့်ရှိ ရေဒဏ်ဖုန်ဒဏ်ခံနိုင်မှုနဲ့ အခြားသော အဆင့်မြှင့်တင်ထားတဲ့ လုပ်ဆောင်ချက်တွေပါ ပါဝင်လာတာဖြစ်ပါတယ်။
ကိုင်တွယ်ရလွယ်ကူပြီး ထူးခြားလှပတဲ့ Flat Side Body ဒီဇိုင်း နဲ့ ထွက်ရှိလာတဲ့ Galaxy A06 5G ဟာ ယခင်ကထွက်ရှိခဲ့တဲ့ Galaxy A06 လိုပဲ ပါးလွာကျစ်လစ်ပြီး ၈ မီလီလီတာသာ အထူရှိပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ ၆.၇ လက်မရှိ HD+ PLS LCD မျက်နှာပြင်မှာ ကြည်လင်တောက်ပတဲ့ ပုံရိပ်တွေကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် Refresh Rate ကိုလည်း 60 Hz ကနေ 90 Hz အထိ တိုးမြင့်ပေးထားတဲ့အတွက် ပိုမိုချောမွေ့မြန်ဆန်စွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Power ခလုတ်ကိုထိရုံနဲ့ လွယ်ကူမြန်ဆန်စွာ Unlock ပြုလုပ်နိုင်မယ့် အရည်အသွေးမြင့် Side Fingerprint လုပ်ဆောင်ချက်ပါဝင်တဲ့အပြင် EAL5+ မှ Certificate ရရှိထားတဲ့ Samsung Knox ကလည်း Hardware နဲ့ Software Attack တွေကနေ ကာကွယ်ပေးထားပါသေးတယ်။
အရည်အသွေးမြင့် 50MP Main Camera နဲ့ 2MP (Depth) Camera နှစ်လုံးနဲ့အတူ 8MP High Resolution Selfie Camera ပါဝင်လာတဲ့အတွက် အမှတ်တရ ပုံရိပ်တွေနဲ့ Selfie ဓါတ်ပုံတွေကို လှပကြည်လင်စွာ ရိုက်ကူးနိုင်စေမှာပါ။ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ ဒေတာတွေကို ပိုမိုသိမ်းဆည်းရ အဆင်ပြေစေဖို့အတွက် မူရင်းပါဝင်တဲ့ Storage အပြင် External အနေနဲ့ microSD ကို 1.5TB အထိထပ်မံတိုးချဲ့ပြီးအသုံးပြုနိုင်အောင်လည်း ပြုလုပ်ပေးထားပါသေးတယ်။ ဘက်ထရီအပိုင်းမှာလည်း စွမ်းဆောင်ရည်အမြင့်ဆုံး Flagship စမတ်ဖုန်းတွေလို 5,000mAh အထိ ပါဝင်လာတဲ့အပြင် 25W Fast Charging ကြောင့် အားသွင်းရာမှာလည်း မြန်ဆန်စေမှာပါ။
Galaxy A06 5G မှာ ပိုမိုအဆင့်မြင့်လာတဲ့ Processor ဖြစ်တဲ့ Dimensity 6300 (6nm) 5G Chip ကိုအသုံးပြုထားတဲ့ အတွက် လုပ်ဆောင်ချက်တိုင်းကို ပိုမိုချောမွေ့စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Samsung ရဲ့ နောက်ဆုံးပေါ် Flagship ဖုန်းများနည်းတူ One UI 7 နဲ့ထွက်ရှိလာတာကြောင့် အဆင့်မြင့် User Interface နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံကိုလည်းရရှိနိုင်မှာပါ။ OS Upgrade ကိုလည်း ၄ ကြိမ်အထိထောက်ပံ့ပေးသွားမှာဖြစ်လို့ နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေကို အမြဲအသုံးပြုနိုင်မယ့်အပြင် Security Update ကိုလည်း ၄ နှစ်အထိ ထောက်ပံ့ပေးထားတာကြောင့် အချိန်ကြာမြင့်စွာ စိတ်ချအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ စျေးနှုန်းအမြင့်ပိုင်းဖုန်းများနည်းတူ IP54 Rating ရရှိထားတဲ့အတွက် ရေနဲ့ဖုန်ကြောင့် ထိခိုက်ပျက်စီးမှုတွေကိုလည်း စိုးရိမ်စရာမလိုဘဲ အသုံးပြုနိုင်စေဦးမှာပါ။

Galaxy A06 5G စမတ်ဖုန်းအသစ်တွေကို Black, Light Gray နဲ့ Light Green အရောင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ အောက်ပါအတိုင်း အတန်ဆုံးစျေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
- Galaxy A06 5G (4/64 GB) – ၆၀၉,၀၀၀ ကျပ်
- Galaxy A06 5G (6/128 GB) – ၇၄၉,၀၀၀ ကျပ်
Galaxy A06 5G စမတ်ဖုန်း ကို ဝယ်ယူအားပေးသူတွေအနေနဲ့ Awesome အဖြစ်ဆုံး အထူးခံစားခွင့်တွေကိုလည်း အောက်ပါအတိုင်းး ရယူသွားနိုင်ဦးမှာပါ။
- Travel Adapter လက်ဆောင်ရရှိသွားမှာဖြစ်ပြီး၊
- Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၁ နှစ်အတွင်း ၁ ကြိမ် ခံစားခွင့် တို့ကို ရရှိနိုင်မှာပါ။
- ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 4GB အထိနဲ့အတူ YouTube နဲ့ TikTok အသုံးပြုရန်အတွက် ဒေတာ Pacakage တွေပါ ၆ ကြိမ် အခမဲ့ ခံစားခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။
- (၆လ) အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း Samsung Showroom တွေမှာ AYA Pay ရဲ့ Buy Now Pay Later၊ Rent to Own၊ Blue Season တို့နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျ ဝယ်ယူသွားနိုင်ဦးမှာပါ။
Galaxy A06 5G စမတ်ဖုန်းအသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးတော့၊ အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။