Samsung Galaxy A Series စမတ်ဖုန်းသစ်များမှာယူရင်း တန်ဖိုးမြင့်လက်ဆောင်များနှင့်အတူ BlackPink World Tour (Bangkok) လက်မှတ်ရရှိနိုင်မည့် အထူးအခွင့်အ‌ရေး

နောက်ဆုံးပေါ် တမူထူးခြားသော အသုံးပြုမှုအတွေ့အကြုံများအား ယူဆောင်လာပေးမည့် Samsung Galaxy A54 5G နှင့် Galaxy A34 5G စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် ယနေ့စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ Galaxy A Series စမတ်ဖုန်းများတွင် ပါဝင်လာသည့် အဆင့်မြှင့်တင် ထားသော နောက်ဆုံးပေါ် လုပ်ဆောင်ချက်များနှင့်အတူ သုံးစွဲသူများအနေဖြင့် မည်သို့သော အလင်းရောင် ရရှိမှု အခြေအနေမျိုး တွင်မဆို ကြည်လင်ပြတ်သားမှု အပြည့်ရှိသော ဓာတ်ပုံနှင့် ဗီဒီယိုများအား ရိုက်ကူးသိမ်းဆည်းသွားနိုင်ရန်၊ ရေစိုမိုးစို အကြမ်းခံနိုင်ရည်ရှိစေရန်၊ ၂ ရက်တာ ကြာရှည်ခံသည့် ဘက်ထရီပမာဏကြောင့် ပိုမိုအဆင်ပြေစွာဖြင့် အပူအပင်မရှိ အသုံးပြုနိုင်ရန် ပြီးပြည့်စုံမှု အရှိဆုံး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။

Image: Samsung

နောက်ဆုံးပေါ် Galaxy A54 5G နှင့် Galaxy A34 5G စမတ်ဖုန်းများအား မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကြိုတင်မှာယူသွားနိုင်မည် ဖြစ်ပြီး ကြိုတင်မှာယူသူများအနေနှင့်

  • Galaxy A34 5G စမတ်ဖုန်းအတွက် Original Card Slot Cover နှင့် Travel Adapter
  • Galaxy A54 5G စမတ်ဖုန်းအတွက် Original Silicone Grip Cover နှင့် Travel Adapter

များအား Pre-Order လက်ဆောင်များအဖြစ် ရရှိသွားနိုင်မည့်အပြင် အထူးအကျိုးခံစားခွင့် အဖြစ် ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဘန်ကောက်၌ ကျင်းပမည့် ၆ သိန်းတန် Blackpink World Tour (Born Pink) လက်မှတ် အစောင် ၂၀ ကိုလည်း ကံစမ်းခွင့် ရရှိသွားမည် ဖြစ်သည်။

Image: Samsung

 “တမူထူးခြားတဲ့ ဒီဇိုင်း၊ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ Galaxy A Series စမတ်ဖုန်းတွေဟာ လူငယ်တွေ ကြားထဲမှာ ရေပန်းအစားဆုံးနဲ့ ယုံကြည်မှုအရရှိဆုံး စမတ်ဖုန်းတွေ အဖြစ် ကာလရှည်ကြာ ရပ်တည်နေပါတယ်။ အခု အသစ်မိတ်ဆက်ခဲ့တဲ့ Galaxy A54 5G နဲ့ Galaxy A34 5G စမတ်ဖုန်းတွေမှာ ဆိုရင်လည်း ကိုယ်ထည်တည်ဆောက်မှု၊ ရေစိုခံ၊ အကြမ်းခံမှုနဲ့ ကင်မရာစွမ်းဆောင်ရည် ပိုင်းဆိုင်ရာတွေမှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတဲ့အတွက် နိုင်ငံတစ်ဝန်း က သုံးစွဲသူတွေ အားလုံးအတွက် ပြီးပြည့်စုံမှု အရှိဆုံး စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံတွေကို ပေးအပ်သွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု Ko Tin Maung Win, Head of Mobile Experience Group မှ ပြောကြားခဲ့သည်။

နောက်ဆုံးပေါ် Galaxy A54 5G နှင့် Galaxy A34 5G စမတ်ဖုန်းတစ်ခုချင်းစီအလိုက် ကြိုတင်မှာယူနိုင်မည့် အရောင်၊ မှတ်ဉာဏ်သိမ်းဆည်းမှု ပမာဏနှင့် ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

စမတ်ဖုန်း အမျိုးအစား အရောင် Memory / Storage Pre-Order ဈေးနှုန်း
Galaxy A54 5G Awesome Lime, Awesome Graphite, Awesome Violet 8GB / 256GB 1,409,000
Galaxy A34 5G Awesome Lime, Awesome Graphite, Awesome Violet 8GB / 128GB 1,095,000

ထို့အပြင် Pre-Order မှာယူသူများအနေနှင့် အောက်ပါ အထူး အကျိုးခံစားခွင့်များကိုလည်း ထပ်ဆောင်း ရရှိသွားနိုင်မည် ဖြစ်သည်။

  • CB Bank Credit Card နှင့် AYA Pay တို့အား အသုံးပြု၍ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ခြင်း
  • ဝယ်ယူသည့်နေ့မှ ၁၂ လအတွင်း Samsung Care+ Premium ဝန်ဆောင်မှုအား ရရှိခံစားနိုင်ခြင်း (ရှေ့ မျက်နှာပြင် မတော်တဆ အက်ကွဲခြင်းအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းနှင့်လက်ခ ၅၀% သက်သာခွင့်
  • အဟောင်းပေးအသစ်ယူ အစီအစဥ်ဖြင့် လက်ရှိကိုင်ဆောင် ထားသော Samsung Galaxy ဖုန်းများ (Galaxy A32) နှင့်အထက် စမတ်ဖုန်းများအပြင် အခြားသော စမတ်ဖုန်းများနှင့် အလဲအလှယ်လုပ်ကာ လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ဝယ်ယူနိုင်ခြင်း (လဲလှယ်ဝယ်ယူသူများအတွက် ထပ်‌ဆောင်းအပို လက်ဆောင်အဖြစ် Galaxy A54 5G စမတ်ဖုန်းအား ဝယ်ယူပါက မြန်မာငွေကျပ် ၁၅၀,၀၀၀ နှင့် Galaxy A34 5G စမတ်ဖုန်းများအား ဝယ်ယူပါက မြန်မာငွေကျပ် ၁၀၀,၀၀၀ အသီးသီး ပေးအပ်သွားမည်)
  • Online မှ တစ်ဆင့်  Pre-order မှာယူသူများအတွက်  Samsung Vacuum Cleaner နှင့် Microwave ဆုပေါင်း (၂၀) အား ထပ်ဆောင်းကံစမ်းရယူနိုင်ခြင်း

Image: Samsung

နောက်ဆုံးပေါ်  Galaxy A54 5G နှင့် Galaxy A34 5G စမတ်ဖုန်းများအား ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၅၀,၀၀၀ ပေးသွင်း၍ ဤလင့်ခ် https://bit.ly/3JG3JzV တွင် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှစတင်၍ ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ငွေတန်ဖိုး အပြည့်အဝပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည်။ Pre-Order အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံ သိရှိလိုပါက Samsung Contact Center – 01 2399888 သို့ ဖြစ်စေ  Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/SamsungMyanmar တွင် ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းသွားနိုင်မည် ဖြစ်သည်။