TikTok က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတတ်မြောက်မှုကို မြှင့်တင်ပေးမည်

TikTok အနေနှင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းအရာ ဇာတ်လမ်းများကိုဝေမျှခြင်းမှစ၍ ခွဲခြားဆက်ဆံမှုများကို ချိုးဖျက်ခြင်းနှင့် ခံနိုင်ရည်စွမ်းအားကိုမြှင့်တင်ပေးခြင်းစသဖြင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို မျှဝေကာ ယုံကြည်ရသည့် အရင်းအမြစ်များကို ရှာဖွေနိုင်အောင် ပံ့ပိုးကူညီပေးသည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။ ထို့ကြောင့် ယနေ့အချိန်တွင် ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများနှင့် TikTok ဗီဒီယိုဖန်တီးသူများ စုစည်းထားသည့် Fides ကွန်ရက်မှ တစ်ဆင့် ယုံကြည်စိတ်ချရသောအကြောင်းအရာများဖန်တီးရန်နှင့် သတင်းမှားများကို တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် ဘရာဇီးရှိ Fides ကွန်ရက်မှ ဗီဒီယိုဖန်တီးသူများသည် အထောက်အထားအခြေပြု အကြောင်းအရာများကို ဖန်တီးရိုက်ကူးပြီး အသိပညာမြှင့်တင်ရန်အတွက် TikTok နှင့် ပူးပေါင်းသွားမည်ဖြစ်ပါသည်။ စိတ်ကျန်းမာရေးအခြေအနေများကို အသိပညာပေးခြင်း၊ စာနာနားလည်မှုရှိပြီး ကူညီရိုင်းပင်းတတ်သော အွန်လိုင်းအသိုင်းအဝိုင်းကို ဖန်တီးခြင်းတို့တွင် WHO ၏ ကမ္ဘာလုံးဆိုင်ရာအလုပ်များကို ပံ့ပိုးရန်အတွက် TikTok အနေဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းကိုလည်း လှူဒါန်းသွားမည်ဖြစ်ပါသည်။

ယုံကြည်မှုတည်ဆောက်ပြီး Fides ကွန်ရက်ဖြင့် အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ခြင်း

WHO ၏ Fides ကွန်ရက်သည် သတင်းမှားများကို တုံ့ပြန်ရန်နှင့် အထောက်အထားအပေါ်အခြေခံသည့် အကြောင်းအရာများကို မြှင့်တင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ ဗီဒီယိုဖန်တီးသူများကို စည်းရုံးရာတွင် အရေးပါပါသည်။ အမျိုးမျိုးသော ပလက်ဖောင်းများမှ တစ်လျှောက် သန်းပေါင်းများစွာသော လူများထံသို့ ရောက်ရှိနိုင်သော ဗီဒီယိုဖန်တီးသူ ၈၀၀ ကျော်ရှိသော အသိုက်အဝန်းမှ တစ်ဆင့် ယုံကြည်ရလောက်သော ဆက်သွယ်မှုကို တည်ဆောက်ခြင်းဖြင့် သိသာထင်ရှားသော အပြောင်းအလဲကိုဖြစ်စေကြောင်း Fides က ပြသခဲ့ပါသည်။

Image: TikTok

WHO နှင့် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် TikTok သည် Fides ဗီဒီယိုဖန်တီးသူများကို ချိတ်ဆက်ကာ ရှုပ်ထွေးသော သိပ္ပံနည်းကျ သုတေသနပြုချက်များကို ကျန်းမာရေးဆိုင်ရာ ခေါင်းစဉ်အမျိုးမျိုးချဲ့ထွင်ပြီး လူအများအလွယ်တကူဆက်စပ် နားလည်နိုင်သော ဗီဒီယိုအကြောင်းအရာအဖြစ် ပြောင်းလဲဖန်တီးသွားပါမည်။ ဗီဒီယိုဖန်တီးသူများကို ပိုမိုအထောက်အပံ့ပေးနိုင်ရန်အတွက်လည်း လေ့ကျင့်ရေးအစီအစဉ်များနှင့် အရင်းအမြစ်များကို အသုံးပြုခွင့်ပေးရန် WHO နှင့် အနီးကပ်လုပ်ဆောင်မည်ဖြစ်ပါသည်။

“လူသန်းပေါင်းများစွာဟာ ကျန်းမာရေးဆိုင်ရာအကြောင်းအရာတွေအပါအ၀င် သူတို့ရဲ့ ဘဝနေထိုင်မှုနယ်ပယ်အားလုံးနဲ့ သက်ဆိုင်တဲ့ အသိုက်အ၀န်းတွေကို ရှာဖွေပြီး မျှဝေဖို့အတွက် နေ့စဉ် TikTok ကို လာရောက်အသုံးပြုကြပါတယ်။ ဒီအရေးကြီးတဲ့အကြောင်းအရာအတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကို သူတို့ရှာတွေ့နိုင်စေဖို့ ကျွန်တော်တို့သေချာအောင် ကြိုးစားနေပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့ရဲ့အသိုင်းအဝိုင်းအတွက် ချိတ်ဆက်မှုနဲ့ တရားဝင်ခိုင်လုံတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာဗီဒီယိုတွေကို ဆောင်ကျဉ်းပေးမယ်ဆိုတဲ့ ကတိကဝတ်ကို ပိုမိုခိုင်မာစေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Fides ကွန်ရက်နှင့် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု Trust and Safety Outreach and Partnerships, TikTok ၏ ကမ္ဘာလုံးဆိုင်ရာအကြီးအကဲ Valiant Richey က ပြောကြားခဲ့သည်။

Avisha NessAiver (@distilledscience) သည် ရှုပ်ထွေးသော သုတေသနများကို လူအများလက်လှမ်းမီနားလည်နိုင်သော ဘာသာစကားအဖြစ် ဘာသာပြန်ဆိုပြီး ကျန်းမာရေးဆိုင်ရာသတင်းမှားများကို တိုက်ဖျက်ရန် အထူးပြုထားသည့် သိပ္ပံပညာရှင်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် Fides တွင်လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့အတွက် Team Halo တွင်လည်းကောင်း ပါ၀င်လျက်ရှိသည်။ ၎င်း၏ဗီဒီယိုများသည် ပလက်ဖောင်းအမျိုးမျိုးတွင် ကြည့်ရှုမှု သန်း ၁၀၀ ကျော် ရရှိထားပါသည်။

“Fides ကွန်ရက်ဟာ တသီးတသန့်ရပ်တည်နေတဲ့ သိပ္ပံပညာရှင်တွေနဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကို အစွမ်းထက်တဲ့ စုပေါင်းအင်အားအဖြစ် ပြောင်းလဲပေးတဲ့ အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးသတင်းမှားတွေ ပျံ့နှံ့မှုကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့အတွက် အသိပညာနှင့် နည်းဗျူဟာတွေကို လက်နက်အဖြစ်ကိုင်ဆောင်ထားပါတယ်” ဟု ၎င်းကဆိုသည်။

Fides ကွန်ရက်၏ လက်ရှိလုပ်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ဤလင့်ကတစ်ဆင့် https://www.who.int/teams/digital-health-and-innovation/digital-channels/fides လေ့လာနိုင်ပါသည်။