မိဘများနှင့် အုပ်ထိန်းသူများသိထားသင့်သည့် မြန်မာနိုင်ငံရှိ ဆယ်ကျော်သက်များအတွက် TikTok ၏ ဘေးကင်းရေး ကိရိယာများ

TikTok သည် မြန်မာနိုင်ငံ အပါအဝင် အသုံးပြုသူအားလုံးအတွက် လုံခြုံသော အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားပြီး ဤကြိုးပမ်းမှုသည် ၎င်း၏ ငယ်ရွယ်သော သုံးစွဲသူများအတွက် အထူးအရေးကြီးသည်ဟု ခံယူထားပါသည်။ အသုံးပြုသူများသည် TikTok တွင် သူတို့ကိုယ်သူတို့ ဖန်တီးနိုင်စွမ်း ကောင်းကောင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လုံခြုံပြီး အားလုံးပါ၀င်နိုင်သည့် ပတ်ဝန်းကျင်မှာ အပန်းဖြေနိုင်ဖို့ လိုအပ်ပါသည်။ မကြာသေးမီက နယ်ပယ်အတွင်း တိုးတက်မှုများနှင့် စိန်ခေါ်မှုများကြောင့် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများတစ်လျှောက် ဆယ်ကျော်သက်များကို ကာကွယ်ရန် TikTok အနေဖြင့် ကတိကဝတ်ပြုထားသည့်အလျောက် အွန်လိုင်းဘေးကင်းရေး ကြိုတင်သတိပေးလုပ်ဆောင်မှုများကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ အသက် ၁၈ နှစ်အောက် လူငယ်တစ်ဦးချင်းစီ၏ ကျန်းမာသုခကို အာမခံနိုင်ရန် TikTok သည် အသက် ၁၃ နှစ်နှင့် အထက်ရှိသူများကိုသာ အကောင့်ဖွင့် အသုံးပြုနိုင်အောင် ခွင့်ပြုထားပါသည်။

Image: TikTok

App အတွင်း လုံခြုံရေးလမ်းညွှန်များ

လျင်မြန်စွာပြောင်းလဲနေသော ယနေ့ဒစ်ဂျစ်တယ်ခေတ်တွင် ဆယ်ကျော်သက်များ၏ အွန်လိုင်းလုံခြုံရေးနှင့် တာဝန်သိ အပြုအမူများသည် ၎င်းတို့၏ မိဘများနှင့် အုပ်ထိန်းသူများထံမှ ရရှိသော လမ်းညွှန်မှုနှင့် ပံ့ပိုးကူညီမှုအပေါ်တွင် သိသိသာသာမူတည်သည်။ မိဘများနှင့် အုပ်ထိန်းသူများသည် ဆယ်ကျော်သက်များ ဒစ်ဂျစ်တယ်ကမ္ဘာအတွင်း ဘေးကင်းစွာ သွားလာနိုင်ရန် လမ်းညွှန်ပြီး ခွန်အားပေးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပါသည်။

ထိုသို့ ဆယ်ကျော်သက်များကို ဒစ်ဂျစ်တယ်ဘေးကင်းရေးအကြောင်း ပညာပေးပြီး ၎င်းတို့၏ အွန်လိုင်း တည်ရှိမှုကို ပစ္စုပန်နှင့် အနာဂတ်တွင် တာဝန်သိစွာ စီမံခန့်ခွဲနိုင်ရန် အသိပညာပေးမည့် မိဘများနှင့် အုပ်ထိန်းသူများကို ပံ့ပိုးပေးရန် အရေးပါကြောင်း TikTok က နားလည်ထားပါသည်။ ထို့ကြောင့် အုပ်ထိန်းသူများအတွက် TikTok၏ လမ်းညွှန်ချက်များကို မိဘများနှင့် အုပ်ထိန်းသူများအတွက် ရည်ရွယ်ဒီဇိုင်း ဆွဲထားပါသည်။ လူမှုအသိုင်းအဝိုင်းအတွက် ဘေးကင်းပြီး အပြုသဘောဆောင်သော အွန်လိုင်းအတွေ့အကြုံ ရရှိဖို့ သေချာစေရန် TikTok တွင် ထည့်သွင်းထားသော ကိရိယာများ (Tools) နှင့် ထိန်းချုပ်မှုများကို အရွယ်ရောက်ပြီးသူများကို လမ်းညွှန်နိုင်ရန် အဖိုးတန်အကြံပြုချက်များနှင့် အရင်းအမြစ်များကို ၎င်းလမ်းညွှန်ချက်တွင် ထည့်သွင်းထားပါသည်။

အစစအရာရာ နည်းပညာကို အသုံးပြုနေသော ယနေ့ခေတ်တွင် မိသားစု၀င်များ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံမှု ရှိစေရေးသည် အရေးကြီးပါသည်။ TikTok၏ Youth Portal၊ လူမှုအသိုင်းအ၀ိုင်းလမ်းညွှန်ချက်များနှင့် အုပ်ထိန်းသူများအတွက် လမ်းညွှန်ချက်များကဲ့သို့သော အရင်းအမြစ်များကို အသုံးချခြင်းဖြင့် ၎င်းတို့၏ ဆယ်ကျော်သက်များနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများကို လွယ်ကူချောမွေ့စေပြီး ဒစ်ဂျစ်တယ် ကမ္ဘာတွင် ဘေးကင်းရေးဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်စေပါသည်။ TikTok တွင် သာမက အခြားဒီဂျစ်တယ်ပလက်ဖောင်းများတွင်ပါ ဆယ်ကျော်သက်များ၏ အွန်လိုင်းလှုပ်ရှားမှုများအကြောင်း ပွင့်လင်း ရိုးသားစွာ ပြောဆိုနိုင်အောင် အားပေးခြင်းဖြင့် ဒစ်ဂျစ်တယ်ဆိုင်ရာ တာဝန်သိစိတ်ကို မြှင့်တင်ပေးရုံသာမက အင်တာနက် အသုံးပြုရာတွင် ၎င်းတို့၏ ဘေးကင်းရေးကို ဦးစားပေးလုပ်ဆောင်ရန်လည်း ခွန်အားပေးမည် ဖြစ်ပါသည်။

Image: TikTok

ဆယ်ကျော်သက်များအတွက်  App အတွင်း လုံခြုံရေး ကိရိယာများ (Tools)

Report ပြုလုပ်ခြင်း

TikTok သည် အသုံးပြုသူမှ Report မပြုလုပ်မီကပင် အကြောင်းအရာအများစုကို ဖယ်ရှားနိုင်သော်လည်း လမ်းညွှန်ချက်များကို ချိုးဖောက်သည်ဟု ခံစားရသည့် အကြောင်းအရာကို အသုံးပြုသူများ ကိုယ်တိုင် Report လုပ်ခြင်းဖြင့် TikTok ကို ဘေးကင်းလုံခြုံသည့် နေရာတစ်ခုအဖြစ် ထားရှိရာတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နိုင်အောင် TikTok က တိုက်တွန်းပါသည်။ TikTok သည် လမ်းညွှန်ချက်များကို ချိုးဖောက်သော အကြောင်းအရာ သို့မဟုတ် အခြားအကောင့်များကို ကြည့်ရှုခြင်း သို့မဟုတ် အခြားသူများ မျှဝေခြင်း မပြုမီ ဖယ်ရှားရန် အလေးအနက်ထား လုပ်ဆောင်ပါသည်။ ပလက်ဖောင်းအတွင်း ဘေးကင်းစေရန်အတွက် TikTok သည် ၎င်း၏ လူမှုအသိုင်းအ၀ိုင်းလမ်းညွှန်ချက်များကို ဆန့်ကျင်သည့် အကြောင်းအရာများကို ပြန်လည် သုံးသပ်ရန် စက်နှင့် လူသားအကြား ပေါင်းစပ်မှုကို အသုံးပြုထားပါသည်။ လမ်းညွှန်ချက်ကို ချိုးဖောက် နိုင်ခြေရှိသည်ဟု ယူဆပါက ၎င်းကို အလိုအလျောက် ဖယ်ရှားခြင်း သို့မဟုတ် ဆက်လက်စစ်ဆေးရန်အတွက် စိစစ်သူများထံ ပေးပို့မည်ဖြစ်ပြီး ကြည့်ရှုမှုမြင့်မားသော ဗီဒီယိုများကိုတော့ ထပ်လောင်းစိစစ်မှုများ ပြုလုပ်မည် ဖြစ်ပါသည်။ TikTok ၏ မူဝါဒများကို လိုက်နာရန်ခြင်း ရှိ မရှိ သေချာစေရန် Report များကို သေချာပြန်လည် သုံးသပ်ပြီးနောက် ပါဝင်သည့် အကြောင်းအရာသည် မည်သည့်နိုင်ငံ သို့မဟုတ် ဒေသတွင်မဆို တရားမ၀င်ကြောင်း စစ်ဆေးပြီး သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ဆောင်ရွက်ပါသည်။

Image: TikTok

အကောင့်ဆက်တင်များ

TikTok သည် အသုံးပြုသူများ၏ ကိုယ်ရေးလုံခြုံမှုနှင့် အများသူငှာထံ ရောက်ရှိမှုကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားသော အကောင့်ဆက်တင် အမျိုးမျိုးမှ တစ်ဆင့် ထိန်းချုပ်ခြင်းနှင့် စိတ်ကြိုက်ပြုလုပ်ခြင်းတို့ ပြုလုပ်နိုင်ရန် ပံ့ပိုးပေးထားပါသည်။ အသက် ၁၆ နှစ်အောက် အသုံးပြုသူများအတွက် အကောင့်များကို သီးသန့်အကောင့်အဖြစ် သတ်မှတ်ထားပြီး ဖော်လိုလုပ်ရန် တောင်းဆိုမှုများကို ထိန်းချုပ်ခွင့်ပြုထားပါသည်။

အသုံးပြုသူများသည် ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုရှိ သင်၏ ဒေတာကို ဒေါင်းလုဒ်ရန် ရွေးချယ်မှုမှ တစ်ဆင့် ပရိုဖိုင်များနှင့် လုပ်ဆောင်ချက်အပါအဝင် ၎င်းတို့၏ TikTok ဒေတာမိတ္တူကို တောင်းဆိုနိုင်ပါသည်။

မိဘများအနေဖြင့် ၎င်းတို့၏ TikTok အကောင့်ကို မိသားစုချိတ်ဆက်ခြင်း လုပ်ဆောင်ချက်ကို အသုံးပြု၍ ၎င်းတို့၏ ဆယ်ကျော်သက်အကောင့်များနှင့် ချိတ်ဆက်နိုင်ပြီး – နေ့စဉ်ဖုန်းသုံးချိန်၊ ဗီဒီယိုသော့ချက် စကားလုံးများကို စစ်ထုတ်ခြင်းနှင့် ကန့်သတ်မုဒ် အပါအဝင် ထိန်းချုပ်မှုများကို သတ်မှတ်နိုင်ပါသည်။

Image: TikTok

အကြောင်းအရာ ထိန်းချုပ်မှု

TikTok ၏ အကြောင်းအရာ ထိန်းချုပ်မှုများသည် Appအတွင်းတွင် ကြည့်ရှုသော ဗီဒီယိုများကို စီမံခန့်ခွဲရာတွင် အကူအညီဖြစ်စေပါသည်။ အသုံးပြုသူများက အကောင့်အသစ်များကို ဖော်လိုလုပ်သည့်အခါ သို့မဟုတ် ဟက်ရှ်တက် (Hashtag) များကို ရှာဖွေသည့်အခါ ၎င်းတို့၏ For You Feed သည် စိတ်ဝင်စားမှုများအလိုက် ပြင်ဆင်ပြောင်းလဲသွားပါလိမ့်မည်။ ဗီဒီယိုတစ်ခုက မိမိတို့အကြိုက်နှင့် ကိုက်ညီမှု မရှိပါက အသုံးပြုသူများသည် ဗီဒီယိုကို ဖိပြီး ပေါ်လာသည့် “စိတ်မ၀င်စားပါ” ကို ရွေးချယ်နိုင်ပါသည်။ လမ်းညွှန်ချက်များကို ချိုးဖောက်နိုင်သည့် အကြောင်းအရာနှင့် ပတ်သက်၍ အသုံးပြုသူများသည် Appအတွင်းမှ တစ်ဆင့် တိုက်ရိုက် Report လုပ်နိုင်ပါသည်။ ကန့်သတ်မုဒ်သည် အကြောင်းအရာများကို ကန့်သတ်ရာတွင် ပိုမိုကျယ်ပြန့်စွာ စိစစ်နိုင်ပြီး အသုံးပြုသူအားလုံးအတွက် သင့်တော်မှု မရှိသော အကြောင်းအရာများကို ကန့်သတ်ပေးပါသည်။ ဖုန်းသုံးချိန် လုပ်ဆောင်ချက်သည် ဒစ်ဂျစ်တယ် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ကိရိယာ (Tools) တစ်ခုဖြစ်ပြီး အသုံးပြုသူများ နေ့စဉ် ဖုန်းသုံးချိန်ကို သတ်မှတ်ရန်နှင့် သတ်မှတ်ထားသည့် အချိန်ပြည့်ပါက ကြိုတင်သတ်မှတ်ထားသည့် Passcode ရိုက်ထည့်မှသာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ မိဘများနှင့် အုပ်ထိန်းသူများအနေဖြင့် မိမိတို့ဆယ်ကျော်သက်များ၏ အွန်လိုင်းအတွေ့အကြုံများကို ဘေးကင်းစွာ ထိန်းသိမ်းပေးနိုင်မည့် အခွင့်အလမ်းများကို TikTok က စဥ်ဆက်မပြတ် တက်ကြွစွာ ရှာဖွေပေးလျက်ရှိပါသည်။ ရှေ့ဆက်၍ မိသားစုများအနေဖြင့် ဘေးကင်းလုံခြုံပြီး အကျိုးရှိသော ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်ကို ပျော်ရွှင်စွာ တည်ဆောက်နိုင်ရန်အတွက် TikTok ၏ ကျယ်ပြန့်သော လုံခြုံရေးကိရိယာများနှင့် ဆယ်ကျော်သက်များအတွက် အထူးသီးသန့်ဒီဇိုင်း ပြုလုပ်ထားသော အရင်းအမြစ်များကို ရှာဖွေလေ့လာစေလိုပါသည်။ အားလုံးအတူတကွပူးပေါင်းပြီး အွန်လိုင်းလုံခြုံရေးကို ဦးစားပေးကာ အသုံးပြုသူအားလုံးအတွက် ပိုမိုလုံခြုံသော အွန်လိုင်းလောကကို ဖန်တီးကြဖို့ တိုက်တွန်းလိုက်ရပါသည်။