TikTok ၏ ပိုမိုဘေးကင်းသော ဒစ်ဂျစ်တယ် အတွေ့အကြုံအတွက် ဆယ်ကျော်သက်များနှင့် မိဘများကို အသိပညာမြှင့်တင်ပေးခြင်းနှင့် မိသားစုဘေးကင်းရေးလုပ်ဆောင်ချက်များ

TikTok သည် အသုံးပြုသူအားလုံး အထူးသဖြင့် ဆယ်ကျော်သက်များအတွက် လုံခြုံပြီး ဖန်တီးနိုင်စွမ်းကောင်းကောင်းနှင့် အားလုံးပါ၀င်နိုင်သည့် အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကတိပြုထားပါသည်။ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများသည် လူငယ်များ၏ နေထိုင်မှုဘ၀တွင် အရေးပါလာသည့်အလျောက် လုံခြုံစိတ်ချရသည့် ပတ်၀န်းကျင်တစ်ခုဖြစ်နေစေရန် အထူးအရေးကြီးသည်။ ထို့ကြောင့် TikTok က လူငယ်များ၏ လုံခြုံရေးကို ထောက်ပံ့ပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများကို App အတွင်းရှိ အကာအကွယ်များ၊ တက်ကြွသော မူဝါဒများနှင့် Feature များမှ တစ်ဆင့် တိုးမြှင့်လုပ်ဆောင်ကာ ဒစ်ဂျစ်တယ်အသုံးပြုမှုအလေ့အထများ ကောင်းမွန်လာအောင် အားပေးကြိုးပမ်းလျက်ရှိပါသည်။ ယခုဆောင်းပါးတွင် TikTok က လူငယ်များနှင့် အုပ်ထိန်းသူများအတူတကွ လုံခြုံသည့် အွန်လိုင်းအသုံးပြုမှုကိုရရှိနိုင်အောင် ဖန်တီးပေးထားသည့် လုံခြုံရေးဆိုင်ရာ Tool များအကြောင်း အဓိက ဖော်ပြသွားမည်ဖြစ်ပါသည်။

အကောင့်ဆက်တင်များ (Account Settings)

ဆယ်ကျော်သက်များ၏ အွန်လိုင်းတည်ရှိမှုကို ကူညီပံ့ပိုးပေးရန်အတွက် ကိုယ်ရေးကိုယ်တာနှင့် အကောင့်စီမံခန့်ခွဲမှု ဆက်တင်များစွာကို TikTok က ဖန်တီးပေးထားပါသည်။ အသက် ၁၆ နှစ်အောက် အသုံးပြုသူများအတွက် အကောင့်များကို သီးသန့်အကောင့်အဖြစ် အလိုအလျောက် သတ်မှတ်ထားပြီး Follow လုပ်ရန်တောင်းဆိုမှုများကို ထိန်းချုပ်ခွင့်ပြုထားပါသည်။ ၎င်းတို့၏ အကြောင်းအရာဗီဒီယိုများကို ကြည့်ခွင့်ရှိသူ၊ မက်ဆေ့ချ်ပို့နိုင်သူနှင့် မှတ်ချက်ပေးနိုင်သူများကိုလည်း ထိန်းချုပ်နိုင်ပါသည်။ ထို့အပြင် ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုရှိ သင်၏ ဒေတာကို ဒေါင်းလုဒ်ရန်ရွေးချယ်မှုမှ တစ်ဆင့် ပရိုဖိုင်များနှင့် လုပ်ဆောင်ချက်အပါအဝင် ၎င်းတို့၏ ဒေတာမိတ္တူကို TikTok ထံမှ တောင်းဆိုနိုင်ပါသည်။

Image: TikTok

မိသားစုများအတွက် အဓိကကျသော Tool တစ်ခုဖြစ်သည့် မိသားစုချိတ်ဆက်ခြင်း (Family Pairing) လုပ်ဆောင်ချက်ဖြင့် မိဘအုပ်ထိန်းသူများသည် ၎င်းတို့အကောင့်နှင့် ဆယ်ကျော်သက်တို့၏ အကောင့်များကို ချိတ်ဆက်နိုင်ပါသည်။ အဆိုပါလုပ်ဆောင်ချက်တွင် နေ့စဉ်ဖုန်းသုံးချိန်၊ ရှာဖွေသည့် Video Keywords စကားလုံးများကို စစ်ထုတ်ခြင်းနှင့် ကန့်သတ်မုဒ်၊ တိုက်ရိုက်မက်ဆေ့ချ်များ အပါအဝင် ထိန်းချုပ်မှုများစွာကိုလုပ်ဆောင်နိုင်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်များမှ တစ်ဆင့် အုပ်ထိန်းသူများနှင့် ဆယ်ကျော်သက်များကြား လုံခြုံပြီး တာ၀န်ယူတတ်သည့် အွန်လိုင်းအပြုအမူကို အတူတကွလုပ်ဆောင်နိုင်ရန် လမ်းကြောင်းဖွင့် အားပေးထားပါသည်။

အသိုင်းအဝိုင်းထိန်းချုပ်မှု

ပိုမိုလုံခြုံစေရန်အတွက် TikTok သည် အသုံးပြုသူများ၏ လူမှုဆက်ဆံရေးဆိုင်ရာ အသေးစိတ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် ခွင့်ပြုထားပါသည်။ ဆယ်ကျော်သက်များအနေဖြင့် မိမိတို့၏ ဗီဒီယိုများကို ကြည့်ရှုနိုင်မည့်သူကို မိမိ သို့မဟုတ် သူငယ်ချင်းများ၊ Follow လုပ်ထားသူများစသဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။ တိုက်ရိုက်မက်ဆေ့ချ်များကိုလည်း လူတိုင်း၊ မိတ်ဆွေများ သို့မဟုတ် မည်သူမျှပေးပို့၍မရ စသဖြင့်ရွေးချယ်နိုင်ပါသည်။ မှတ်ချက်ထိန်းချုပ်မှုများတွင်လည်း ၎င်းတို့၏ ဗီဒီယိုများတွင် မှတ်ချက်ပေးနိုင်သူအဖြစ် မိတ်ဆွေ၊ လူတိုင်း သို့မဟုတ် မည်သူမျှမှတ်ချက်မပေးနိုင် စသဖြင့်ရွေးချယ်နိုင်ပါသည်။ ထို့အပြင် အသုံးပြုသူများသည် မှတ်ချက်စစ်ထုတ်မှုကို အသုံးပြုပြီး ရိုင်းစိုင်းသော မှတ်ချက်များကို အလိုအလျောက် ဖျောက်ရန် သို့မဟုတ် ရှာဖွေသည့် Video Keywords စကားလုံးများကို စိတ်ကြိုက်စစ်ထုတ်မှုများ ပြုလုပ်နိုင်ပါသည်။အသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သော မှတ်ချက်များနှင့် ဗီဒီယိုများကို Report လုပ်ရန်၊ အသုံးပြုသူကို Block လုပ်ရန်၊ Follow လုပ်ထားသူများကို ဖယ်ရှားရန်စသဖြင့် အပြည့်အဝထိန်းချုပ်နိုင်မည့် လုပ်ဆောင်ချက်များပါရှိသည်။

Duets နှင့် Stitches ကဲ့သို့သော ပူးပေါင်းလုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်များကိုလည်း စီမံခန့်ခွဲနိုင်ပြီး မည်သူက ၎င်းတို့အကြောင်းအရာနှင့် အပြန်အလှန်တုံ့ပြန်မှုများကို လုပ်ဆောင်နိုင်သည်ကို ဆုံးဖြတ်နိုင်ပါသည်။ ဤကဲ့သို့ ပြည့်စုံသော ထိန်းချုပ်မှုများသည် ဆယ်ကျော်သက်များအတွက် ၎င်းတို့၏ အွန်လိုင်းနယ်ပယ်အတွင်းကို ထိန်းချုပ်ထားရင်း လွတ်လပ်စွာ ထိတွေ့ဆက်ဆံခွင့်ကို ပေးပါသည်။