UBERက Grab ကိုအရှေ့တောင်အာရှာလုပ်ငန်းရောင်းချခြင်းကို စီမံနေ။မြန်မာနိုင်ငံ၏ တက္ကစီငှားယမ်းမှုတွင် အကျိုးသက်ရောက်မှုဆိုသည်မှာ?

2018-03-06 admin Grab, Uber,Taxi
မြန်မာနိုင်ငံရဲ့ Taxi ငှားရမ်းမှုဝန်ဆောင်မှုနဲ့ပြိုင်ဆိုင်နေသည့် Grab နဲ့ UBER နဲ့ပတ်သက်ပြီး ၂လပိုင်း ၁၆ရက်မှာ ကြီးမားသည့်သတင်း ထုပ်ပြန်လာပါတယ်။
「UBERကအရှေ့တောင်အာရှလုပ်ငန်းကို Grab ကိုရောင်းချမည့် ပြင်ဆင်မှုကိုပြုလုပ်နေတယ်」ဆိုတဲ့အတွင်းလူရဲ့စကားမှတစ်ဆင့်ကြားသိရတဲ့ သတင်းဘဲဖြစ်ပါတယ်။
UBERဟာယခင်ကလည်း ၂၀၁၆တွင် တရုတ်နိုင်ငံလုပ်ငန်းကိုရောင်းချခဲ့ပြီး ၂၀၁၇မှာရုရှားနိုင်ငံလုပ်ငန်းကိုလည်း အပြိုင်ရောင်းချခဲ့ပါတယ်။
ယခုအခါမှာ ၂၀၁၉ရဲ့ထိပ်ကို ရည်ရွယ်ထားပြီးလုပ်ငန်းအခြေခံကိုခိုင်မာအောင်လုပ်ရင်း လုပ်ငန်းရောင်းချခြင်းများလည်းထိထိရောက်ရောက်လုပ်နေတာကိုလည်းထင်ရှားစွာတွေ့ရပါတယ်။
ဒီကုမ္ပဏီ၂ခုဟာဘယ်လိုဘဲဖြစ်ဖြစ် ဂျပန်နိုင်ငံရဲ့ Softbank company မှကြီးမားသည့်ရင်းနှီးမြှပ်နှံမှုများကိုရရှိနေပါတယ်။ Softbank ဟာ India တို့ Brazil မှာလည်း ကားငှားရမ်းဝန်ဆောင်မှုများကို ပြုလုပ်နေသည့် ကုမ္ပဏီမှာလည်း ကြီးမားသည့်ရင်းနှီးမြုပ်နှံမှုများထည့်ခြင်းစသည်တို့ဖြင့် ကားငှားရမ်းဝန်ဆောင်မှုများအပေါ် ကြီးမားသည့် ရင်နှီးမြှုပ်နှံမှုများပြုလုပ်ထားသည်။ဒီတစ်ခေါက် ရောင်းချဖို့ဆုံးဖြတ်ချက်ချလိုက်ရတဲ့နောက်ကွယ်မှာ Softbank ရဲ့တိုက်တွန်းမှုလည်းပါမယ်ဆိုတာကိုအလွတ်မပေးချင်ဘူး
၂၀၁၈ ၁လပိုင်းမှာ UBER ရဲ့အထူးရှယ်ယာရဲ့ ၁၅% လောက်ကို Softbank ကိုဦးစားပေးပြီး အစုရှယ်ယာက $ 7.7 billion နဲ့ဝယ်ယူပြီး တစ်ဦးတည်းနဲ့လည်း1.25 billion dollars ကိုရင်းနှီးခဲ့တယ်။ ထို့ကြောင့် Softbank ဟာ UBER ရဲ့ အကြီးဆုံးရှယ်ယာဝင်ဖြစ်သွားပြီးတော ့အာဏာရရှိခဲ့တာဘဲဖြစ်ပါတယ်။

Softbankဟာအရင်တည်းက Grab မှာလည်း ရှယ်ယာဝင်ထားပါတယ်။ ၂၀၁၄ခုနှစ်မှာ$ 250 million ၂၀၁၅ ခုနှစ် ၉လပိုင်းမှာ$ 7.5million ရှယ်ယာကိုယူပြီး ၂၀၁၇ခုနှစ် ရလပိုင်းမှာ တရုတ်ရဲ့လုပ်ငန်းနဲ့ Softbankတို့ ပူးပေါင်းပြီး $20million ရှယ်ယာရထားပါတယ်။
ကုမ္ပဏီ ၂ခုစလုံး Softbank ရဲ့တည်ရှိမှုကို လျစ်လျူရှိလို့မရလောက်အောင်ကို ရှယ်ယာအမြားအပြားရရှိထားတယ်ဆိုတာသိလောက်ပါတယ်။
Grab ဟာ မြန်မာနိုင်ငံမှာလည်း လုပ်ငန်းကိုတိုးတက်အောင်လုပ်နေပြီး ၂၀၁၇ခုနှစ် ၈လပိုင်းမှာ [နောက်၃နှစ်နဲ့ $1million ရင်းနှီးမြှုပ်နှံမှုလုပ်မယ်] ဆိုပြီးကြွေးကြော်ထားပါတယ်။
၂၀၁၈ခုနှစ်ကနေ မန္တလေးမှာ Grab bike ရဲ့ service ကိုစတင်ပြီး မြန်မာနိုင်ငံအတွင်းလုပ်ငန်းများလည်းတိုးတက်နေပြီဖြစ်ပါတယ်။ကားငှားရမ်းခြင်းဝန်ဆောင်မှုရဲ့ ရန်ကုန်အတွင်းမှာဆိုရင် UBER အပါအဝင် ကျန်ပြိုင်ဘက်ကုမ္ပဏီများကိုကျော်ပြီးထိပ်ဆုံးနေရာကို ရောက်လုနည်းနည်းဖြစ်နေပါပြီ။
Grab တို့ UBER မတိုင်ခင်တည်းက ကားငှားရမ်းခြင်းဝန်ဆောင်မှုများပြုလုပ်နေသည့် HelloCabs、OWAY RIDEတို့့သည်နည်းပညာနှင့် ငွေကြေးများစသည့်ဘက်မှ တကယ်ကို ကြပ်တည်းတဲ့ တိုက်ခိုက်မှုများရှိနေပါတယ်။
ထို့ပြင် Grab က UBER ကို အရှေ့တောင်အာရှလုပ်ငန်းကို ဝယ်ယူမှုများလုပ်နိုင်ခဲ့ရင် မြန်မာနိုုင်ငံအတွင်းမှာ ပထမနေရာကိုရောက်နိုင်ချေရှိနေပါပြီ။
ယခုအခါမှာ Grab vs UBER ရဲ့ဖောက်သည်ခေါ်ယူမှုပြိုင်ဆိုင်ခြင်းနှင့်ပတ်သက်တဲ့ Promotion ရဲ့ လုပ်ဆောင်မှုများလည်းရှိနေပြီး Taxi စျေးနှုန်းက အရင်ကထက်စျေးသက်သာသလိုခံစားရမှာဖြစ်ပါတယ်။
သို့သော်Grab ရဲ့အခြေအနေဟာဆိုရင်တော့ဖြင့် လုပ်ငန်းဟာသိပ်မလည်ပတ်၍ တိန်းဆောင်းမှုများရှိနေပြီး Taxiစျေးနှုန်းမြင့်တက်မှုများရှိလာနိုင်ပါတယ်။ အဲ့လိုမဖြစ်အောင်လို့ ဆုတောင်းထားဖို့လိုပါတယ်။

Grab ဟာ ၂၀၁၇ခုနှစ် ၁၂လပိုင်းမှာCambodiaမှာလည်း လုပ်ငန်းများကိုတိုးချဲ့ပြီး ယခုအခါမှာတော့ အရှေ့တောင်အာရှ ၈နိုင်ငံ ၁၅၆ခုသော မြို့မှာ ဝန်ဆောင်မှုများပြုလုပ်နေပါတယ်။ စုစုပေါင်း 2.1 million သော Driver များနဲ့ App ဟာ72 million downlaod ကိုကျော်သွားပါတယ်။၂၀၁၇ခုနှစ် ရလပိုင်းမှာ Grab လုပ်ငန်းမှာ မြို့ပေါင်း ၆၅ဘဲရှိသေးပေမဲ့ ဒီနှစ်ဝက်လောက်နဲ့ အရှိန်ပြင်းစွားတိုးတက်လာတာကိုတွေ့ရပါတယ်။ အရှေ့တောင်အာရှမှာထားရှိလို့ရမဲ့ကားငှားရမ်းမှုအခြေအနေသည် ၂၀၁၅မှာ $25million ဆိုပေမဲ့ ၂၀၂၅မှာတော့ $131million ဖြစ်အောင်ကျိုးပမ်းမယ်လို့ ရည်မှန်းထားတဲ့ data လည်းရှိပါတယ်။

Guest writer: Katsuragawa Yuki