အင်တာနက်မှ ပုံများ၏ကိုင်တွယ်ပုံ

အင်တာနက်မှာဇာတ်ကောင်များ၊ ကာတွန်းများ၊ သရုပ်ဆောင်များ၊ ဂိမ်းများ၊ Logo စသည်တို့နဲ့ပတ်သက်တဲ့ ပုံများအမြောက်အမြားရှိပြီး အဲ့ဒီ့ကနေ ကြိုက်နှစ်သက်တဲ့ပုံကို အလွယ်တကူ save ထားလို့ရပြီးအလွယ်တကူအသုံးဝင်ပါတယ်။ပြီးတော့ ပုံတွေဟာ ပြုလုပ်သူကကြိုးစားပြုလုပ်ထားတဲ့ အရာဖြစ်ပြီးတော့ ပုံကိုပြုလုပ်ပြီးတာနဲ့ မူပိုင်ခွင့်ဆိုတာရှိလာပါပြီ။
ယခုအခါ အင်တာနက်မှာတွေ့တဲ့ပုံများကို မိမိအတွက်အသုံးပြုခြင်း၊ Site၊ Facebook၊ Twitter စသည့် SNS မှာတင်တာတို့ရှိကောင်းရှိလိမ့်မည်။သို့သော် ပုံတွှေကိုCopyright အနေနဲ့Save ထားတယ်ဆိုရင်တော့ အကြောင်းပြချက်မရှိဘဲ သူတစ်ပါးလုပ်ထားတဲ့ ပုံကိုယူလိုက်ရင်တော့ ခွင့်ပြုချက်မရှိဘဲယူသုံးတယ်ဆိုပြီးတော့ဖြစ်သွားမှာပါ။သတိမထားမိတဲ့အချိန်မှာခွင့်ပြုချက်မရှိဘဲပြုလုပ်ချင်းကိုကာကွယ်ဖို့အတွက် အောက်ပါ ပုံများ၏ကိုင်တွယ်ပုံ ၄ခုနဲ့မိတ်ဆက်ပေးပါမယ်။

1. 「ပြန်လည်အသုံးပြုရန်ခွင့်ပြုထားတဲ့ပုံ」ဆိုပြီးရှာနည်း

Search engineမှာရှာပြီးနောက် အနည်းငယ်သောအချက်များထွက်လာရင် ပြန်လည်အသုံးပြုရန်ခွင့်ပြုထားတဲ့ပုံ ကိုရှာပါမယ်။
・Google
ပုံကိုရှာပြီးတဲ့နောက် Tool ကနေ License ဆိုတဲ့အထဲက [ပြုပြင်ထားပြီးနောက် ပြန်လည်အသုံးပြုရန်ခွင့်ပြုထားတဲ့ပုံ]ဆိုတာကိုရွေးချယ်ပြီးထွက်လာတဲ့ပုံများကို အသုံးပြုရပါမယ်။
・Bing
ပုံကိုုရှာဖွေပြီးနောက် License ကနေ [အလကား ပြုပြင်ခြင်း, မျှဝေခြင်း, သို့မဟုတ် ပြန်လည်အသုံးပြုခြင်း] သို့မဟုတ် [အလကားပြုပြင်ပြီးမျှားဝေခြင်း, စည်းပွားရေးအရအသုံးပြုခြင်း] ကိုရွေးချယ်ပြီး ပေါ်လာတဲ့ပုံများကိုအသုံးပြုပါမယ်။

2.  Creative Commons License (CC license)ကိုအသုံးပြုခြင်း

အပေါ်ကမိတ်ဆက်ပေးခဲ့တဲ့ ၁နည်းလမ်းဆိုရင်အသုံးပြုရန်ခွင့်ပြုချက်မရှိထားတဲ့ပုံတွေလည်းရောနေတာရှိ တတ်ပါတယ်။CC မှာဆိုရင် ပုံရဲ့ ပြုလုပ်သူကကျေနပ်စေမယ့်အကြောင်းပြချက်ကို ပေးနိုင်ရင်တော့ သေချာပေါက် ခွင့်ပြုမှုငြိစွန်းခြင်းမရှိဘဲပုံကိုအသုံးပြုလို့ရပါတယ်။
・Creative Commons
ဒီ Site မှာ CC license နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်များကိုတင်ထားပါတယ်။CC license ကိုoffer လုပ်ထားပါတယ်။

3. Public domainကိုအသုံးပြုခြင်း

Public domainသည်ခွင့်ပြုချက်မရှိတဲ့ပုံ၊ပြုလုပ်သူအမည်မတက်ထားတဲ့ပုံတွေဘဲဖြစ်ပါတယ်။ ပြန်လည်အသုံးပြုခြင်း၊ ပြုပြင်ခြင်း၊ စီးပွားရေးအရအသုံးပြုခြင်းများလုပ်လို့ရပါတယ်။

4.ကိုယ်တိုင်ပုံလုပ်ခြင်း

အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်တိုင်ရိုက်၊ ကိုယ်ဆိုင်ရေးထားတဲ့ပုံကိုအသုံးပြုခြင်ပါဘဲ။
အလုပ်ရှုပ်ပေးမဲ့လည်းသူတစ်ပါးရဲ့ခွင့်ပြုချက်တောင်းခံစရာမလိုဘဲ ကိုယ်တိုင်လုပ်ထားတဲ့ပုံဖြစ်တဲ့အတွက် စိတ်ရိုက်အသုံးပြုလို့ရပါတဲ့ ကို်ယ်ပိုင်ပစ္စည်းလည်းဖြစ်ပါတယ်။
သို့သော် ပုံတူတို့ trace (ဓာတ်ပုံတို့ ပုံတွေကိုထပ်ဆွဲခြင်းကိုခေါ်တယ်) တစ်ခြားလူကရိုက်ထားတဲ့ ဓာတ်ပုံတို့ ဆွဲထားတဲ့ပုံကို နမူနာထားမယ်ဆိုရင် License ပုံအနေနဲ့ Save လုပ်ထားတဲ့ဟာတွေဖြစ်နိုင်ပါတယ်။ မူပိုင်ခွင့် ခွင့်ပြုချက်ကိုယူမှရမှာဖြစ်ပါတယ်။
Screenshot လည်း မူပိုင်ခွင့်များအကုန်နီးပါးရှိနေလို့ အသုံးမပြုတာကောင်းပါမယ်။


အင်တာနက်တစ်ခုလုံးမှာရှိတဲ့ပုံတွေဟာခွင့်ပြုချက်များရရှိနေပေမယ့် သူတစ်ပါးကပြုလုပ်ထားတဲ့ ပုံဖြစ်ပြီးတော့ အသုံးပြုတဲ့အခါမှာဆိုရင် ပြုလုပ်သူစီကငှားယူတဲ့အနေအထားလောက်ဘဲ ဖြစ်သွားပါမယ်။ ထို့ကြောင့် အသုံးပြုရန် အကြောင်းပြချက်မရှိသည်ဖြစ်စေပြုလုပ်သူအမည်နဲ့ ယူလာတဲ့Source ကိုရေးထားတာပိုကောင်းမယ်လို့ထင်ပါတယ်။
သတိမပေးဖြစ်တဲ့အချက်တွေကများပေမဲ့ ပုံလည်းတစ်ခြားလူကပြုလုပ်ထားတဲ့အရာဖြစ်တဲ့အတွက် သတိထားပြီး ပုံတွေကိုယူစေချင်ပါတယ်။