ကိုယ်တိုင်ဈေးသွားဝယ်စရာမလိုတော့မယ့် ဈေးခြင်း

တစ်နေ့တာရဲ့များပြားလှတဲ့ လုပ်စရာအချိန်ဇယားတွေထဲကနေ ညစာကို သေချာကောင်းကောင်းချက်ပြုတ်နိုင်ဖို့ဆိုတာ အလွန်အားထုတ်ကြိုးပမ်းရတဲ့ အလုပ်တစ်ခုပါပဲ၊ အဲ့တာထက်ကို လိအပ်တဲ့ ပစ္စည်းတွေကို အချိန်ပေးပြီး တစ်ခုချင်းစီလိုက်ဝယ်ရတာက ပိုပြီးပင်ပမ်းစရာကောင်းပါတယ်။ ကိုယ်စားချင်တဲ့ ဟင်းတစ်ခွက်ကို ချက်ဖို့ ပါဝင်ပစ္စည်းတစ်ခုခုလိုနေတာ က သင်ရဲ့တစ်နေ့တာကို စိတ်ကသိကအောင့်များနှင့် ကြုံုတွေ့စေပါတယ်။ အခုဆိုရင်တော့ကုန်စုံဈေးဝယ်ခြင်းကို ပိုမိုသက်သာစေပြီး လူမပင်ပန်းဘဲဈေးဝယ်ထွက်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိနေပါပြီ။ ဒီထဲမှာကမှ နောက်ဆုံးပေါ်ရေပန်းအစားဆုံး နည်းလမ်းကတော့ အွန်လိုင်းကနေ ကုန်စုံပစ္စည်းတွေအတွက်ဈေးဝယ်ထွက်ခြင်းပါပဲ။ အွန်လိုင်းကနေ ဈေးဝယ်ထားပြီး အဆင်သင့်သင်ဈေးဝယ်ထားပြီးသားကို လူကိုယ်တိုင်သွားယူပြီးပဲဖြစ်ဖြစ် Delivery ကနေပဲဖြစ်ဖြစ် မှာယူခြင်းက သင်ရဲ့ ရုံးတက်ရက်အလုပ်ရှပ်ရတဲ့ ညပိုင်းပြသနာတွေကို ဖြေရှင်းပြီးသာဖြစ်မှာပါ။ ဒါတင်မကသေးပါဘူး သင်ဝယ်ရတဲ့ ပစ္စည်းအရေအတွက်ကိုလဲ လျော့ကျစေနိုင်ပါတယ်။

Photos Source- Zay Chin(http://zaychin.com/)

အွန်လိုင်းကနေဈေးဝယ်ပြီး ရရှိနိင်မယ့်အကျိုးကျေးဇူးတွေထဲ အိမ်ကနေပြီးသက်တောင့်သက်သာဈေးဝယ်နိုင်ခြင်းက အထင်ရှားဆုံးနဲ့ လူအပြောများဆုံးပဲဖြစ်ပါတယ်။ စူပါမာကတ်ကဈေးသွားဝယ်မယ်ဆိုရင် ကားပါကင်မှာ ကားရပ်ဖို့နေရာရှာရတာ။ ငွေရှင်းကောင်တာမှာတန်းစီရတာ(အထူးသဖြင့် ပိတ်ရက်ရှည်နားနီးရင် ပိုဆိုးပါတယ်)သင်မတွေ့ချင်တဲ့လူတွေနဲ့ တွေ့ရတာစတာတွေက သင့်ကို အခက်တွေ့စေမှာပါ။ ဒါ့အပြင် အိမ်မှာကလေးငယ်လေးတွေရှိနေဦးမယ်ဆိုရင် ကလေးတွေနဲ့ ဈေးဝယ်ထွက်ရတာက ကလေးငယ်ကတစ်ဖက် ဈေးဝယ်တာကတစ်ဖက်နဲ့ သင်ဗြာများနေရဦးမှာဖြစ်ပါတယ်။ ဒီလိုအရှုပ်တော်ပုံတွေနဲ့ မကြုံတွေရဲပဲ အချိန်ကုန်လူပင်ပန်းသက်သာစေမယ့် အွန်လိုင်းကနေဈေးဝယ်ထွက်ခြင်းက သင်အိမ်ကနေပြီးလိုအပ်တာတွေကို အိမ်တံခါးပေါက်အထိ ခေါ်ဆောင်လာပေးမှာပဲဖြစ်ပါတယ်။

Photos Source- Zay Chin(http://zaychin.com/)
မြန်မာနိုင်ငံမှာလဲ နောက်ပိုင်းအိမ်ထောင်အများစုပါ ခင်ပွန်းရောဇနီးးသည်ရောပါ အလုပ်လုပ်လာကြပြီမို့ အိမ်ကိစ္စတွေကို တစ်သီးတစ်သန့်လုပ်နိုင်ဖို့အချိန်များလဲ လျော့နည်းလာပါပြီ။ အလုပ်ကနေအပြန် ဘယ်သူဈေးဝယ်ထွက်မယ်ဆိုတာကို ခေါင်းပန်းလှန်ရွေးစရာမလိုတော့ဘဲ တိကျမြန်ဆန်ပြီး သင်မှာယူထားတဲ့ပစ္စည်းတွေကို Zay Chin ဈေးခြင်းကနေတစ်ဆင့် သယ်ဆောင်လာပေးမှာပါ။ Zay Chin application မှာဆိုရင် မီးဖိုချောင်းသုံး၊ ဟင်းချက်ပစ္စည်းများ၊ အသားငါး၊စတဲ့ အိမ်တွင်း လိုအပ်သမျှပစ္စည်းတွေကို ဝယ်ယူပေးနိုင်တဲ့ အိမ်အရောက်ပို့ ဈေးဝယ်စနစ်ပဲဖြစ်ပါတယ်။ ဖုန်းကနေတစ်ဆင့် ကြည့်ှရုဝယ်ယူလိုက်ဖြင့် သန့်ရှင်းလတ်ဆတ်အရည်အသွေး ပြည့်ဝတဲ့ ပစ္စည်းများကို သင့်အိမ်အရောက်ပို့ပေးသွားမှာဖြစ်ပါတယ်။ ဝယ်ယူသူများအနေဖြင့် အွန်လိုင်းကနေ ဈေးဝယ်တဲ့အခါ မိမိကိုယ်တိုင် ကိုင်တွယ် ခွင့်မရတဲ့အတွက် ပစ္စည်းရဲ့ အရည်အသွေးနဲ့ ပက်သက်ပြီး စိုးရိမ်ပူပန်ရခြင်းက သဘာဝပဲဖြစ်ပါတယ။်ဒီလိုဆိုရင်တော့ Zay Chin ကနေသင်ဝယ်ယူလိုသမျှ ပစ္စည်းတွေအတွက် စိတ်ရှည်ရှည်နဲ့ ဝန်ဆောင်မှုအပြည့်စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးမယ့်သူများရှိနေပါတယ်။

Photos Source- Zay Chin(http://zaychin.com/)
ဈေးခြင်း application မှာ စူပါမာကတ်လိုပဲ ပစ္စည်းအစုံအလင်ရရှိနိုင်ပါတယ်။ ရရှိနိုင်မယ့် ပစ္စည်းများကတော့ လက်ဆောင်ပစ္စည်းများ၊ ကုန်စုံနင့် ုကုန်ခြောက်၊ မနက်စာနင့် နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ၊ ပန်းအမျိုးမျိုး၊ အသားငါးနှင့် ပင်လယ်စာ၊ အချိုရည်နှင့် မုန့်မျိုးစုံ၊ အသင့်စားနိုင်သော အစားအစာများ၊ဘီယာနှင့် ဝိုင်အမျိုးမျိုး၊ ကလေးနှင့် မိခင်အတွက် ပစ္စည်းများ၊ ဆေးအမျိုးမျိုး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ၊ အိမ်သုံးနင့် အိမ်မွေးတိရစ္ဆာန်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဉ်လျော့ဈေးများနှဲ့ ရောင်းချပေးနေသော ပစ္စည်းများလဲရှိနေသေးတာမို့ အတန်ဆုံးဈေးနဲ့ ဝယ်ယူနိုင်ဦးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပိတ်ရက်တွေမှာ ဘာချက်စားရမလဲ တွေးရခက်နေသူများအတွက်လဲနေ့စဉ် Zay Chin နဲအတူတူချက်စားမယ် အစီအစဉ်မှာ လက်ရာကောင်းကောာင်းနဲ့ ချက်ပြုတ်နိုင်မယ့် ဟင်းလျာတွေကို ပါဝင်ပစ္စည်းများနဲ့ အစုံအလင်ဖော်ပြပေးထားတာမို့ အိမ်ရှင်မတွေအတွက်လဲ တစ်ချက်ခုတ်နှစ်ချက်ပြတ်အခွင့်အရေးတွေကို ရရှိဦးမှာပါ။
ဒါတွေအားလုံးအပြင် မိမိအိမ်အတွက်ဖြစ်စေ ချစ်ခင်ရတဲ့သူတွေအတွက်ပဲဖြစ်စေ ဈေးဝယ်ပေးချင်ကြတဲ့သူများအတွက် ဈေးခြင်းကနေ လတ်တစ်လော Free Delivery လဲပေးနေပြီဖြစ်ပါတယ်။ဝယ်လိုသည်များကို ခြင်းထဲထည့် အမည်၊လိပ်စာ၊ မြို့နယ်၊ ပေးပို့ရမည့်ရက် နဲ့ အချိန်တွေကို ရွေးချယ်ပြီး check out လုပ်လိုက်ရုံနဲ့ ဈေးနှန်ူးသက်သာပြီး သန့်ရှင်းလတ်ဆတ်အရည်အသွေး ပြည့်ဝတဲ့ ပစ္စည်းများကို အိမ်အရောက်ပို့ အခမဲ့ ဝန်ဆောင်မှုများကို ရရှိသွားမှာပဲဖြစ်ပါတယ်

ဈေးခြင်း(Zay Chin) ကိုရယူလိုပါက-

Android- https://play.google.com/store/apps/details?id=com.zaychin

iOS- https://itunes.apple.com/us/app/zay-chin/id1420150360