တယ်လီနောမြန်မာ၏ နောက်ဆုံးရကွန်ရက်အခြေအနေများကို သိရှိနိုင်စေရန် ရှင်းလင်း

တယ်လီနောမြန်မာ၏ နောက်ဆုံးရကွန်ရက်အခြေအနေနှင့် ကွန်ရက်မှတဆင့် အသုံးပြုသူများအတွက် အဆန်းသစ်ဆုံး သောဝန်ဆောင်မှုများအား ဖန်တီးပေးအပ်လျက်ရှိကြောင်း သုံးစွဲသူများပိုမိုသိရှိနားလည်စေရန် ရှင်းလင်းပြောကြားသော အခမ်းအနားကို ၂၀၁၉ ခုနှစ် မေလ ၂၉ ရက် ရန်ကုန်မြို့၊Sule Square တွင်ကျင်းပပြုလုပ်ခဲ့သည်။
တယ်လီနောမြန်မာအနေဖြင့် မြန်မာပြည်အနှံ့ကွန်ရက်ချိတ်ဆက်ဖြန့်ကျက်ထားမှုများကို အဆင့်မြှင့်တင်မှုများ၊ စစ်ဆေးမှုများ အချိန်နှင့်အမျှပြုလုပ်လျက်ရှိပြီး အသုံးပြုသူများအဆင်ပြေစေရန် ကိုယ်တိုင်ကွင်းဆင်းမေးမြန်းမှုများကိုပြုလုပ်ဆောင်ရွက်ခဲ့ ပြီးအကောင်းမွန်ဆုံးအရည်အသွေးရှိသော တယ်လီနောမြန်မာကွက်ရက်ကို 4GSuperLTE+ ဟု အမည်ပေးထားကြောင်း တယ်လီနောမြန်မာမှသိရသည်။

Photo Source by Myanmar Tech Press

“ဒီနေ့မြန်မာနိုင်ငံမှာ အခုလိုအားကောင်းတဲ့ကွန်ရက်တစ်ခု ပိုင်ဆိုင်စေဖို့အတွက် တယ်လီနောမြန်မာအနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ကူညီနိုင်ခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ တကယ့်အစစ် အမှန် 4G ကွန်ရက်အမြန်နှုန်းကို လူတိုင်းလူတိုင်းရယူအသုံးပြုနိုင်စေဖို့ တယ်လီနောအနေနဲ့ အဓိကကျတဲ့နေရာကနေ ပါဝင် ကူညီပေးနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်အတိအကျပြောရဲပါတယ်။ ကျွန်တော်တို့မှာ အခြားဆက်သွယ်ရေးအော်ပရေတာတွေ ထက် ပိုမိုများပြားတဲ့တာဝါတိုင်အရေအတွက်ကိုပိုင်ဆိုင်ထားပြီး မြို့နယ်ပေါင်း (၃၀၈) မြို့နယ်ကို 4G/LTE ဝန်ဆောင်မှုတွေ ပေးအပ်နိုင်နေပြီဖြစ်တဲ့အပြင် မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေရဲ့ (၉၂) ရာခိုင်နှုန်းကျော်ကို မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု တွေပေးအပ်နိုင်နေပါတယ်” ဟု တယ်လီနောမြန်မာ၏ CEO Sharad Mehrotra မှပြောကြားသည်။

Photo Source by Myanmar Tech Press

မြန်မာနိုင်ငံအတွင်းတွင် တယ်လီနောအသုံးပြုသူ ၁၈.၈ သန်းခန့်ရှိနေပြီး တယ်လီနောကွန်ရက်ဖြန့်ကျက်မှုတာဝါတိုင်းပေါင်း ၈၆၀၀ ကျော်ရှိကြောင်း၊ နည်းပညာစမ်းသပ်မှုများပိုမိုအောင်မြင်လာပါက 5G နည်းပညာအား လုပ်ငန်းသုံးအဆင့်အထိ ရောက်ရှိစေရန် ရည်မှန်းထားကြောင်း တယ်လီနောမြန်မာမှသိရသည်။
“ကျွန်တော်တို့ ကွန်ရက်ဟာနည်းပညာပိုင်းဆိုင်ရာအရ အဆင့်မြင့်မားနေပြီဖြစ်ပြီး အနာဂတ်အတွက်လည်းအဆင်သင့်ဖြစ်နေ ပါပြီ။ ၂၀၁၈ ခုနှစ်မှ ကျွန်တော်တို့ဟာ တစ်စက္ကန့်ကို ၁ မဂ္ဂါဘိုက်အထိ ကွန်ရက်အမြန်နှုန်းရရှိအောင် လက်တွေ့စမ်းသပ်ပြခဲ့ ပြီး ၂၀၁၉ ခုနှစ်မှာဆိုရင်လည်း IoT ရှေးပြေးစမ်းသပ်ချက်တွေကို စမ်းသပ်လုပ်ဆောင်နေပါတယ်။ တယ်လီနောလုပ်ငန်းစုထဲ က ကုမ္ပဏီဖြစ်တာနဲ့အညီ 5G နဲ့ပတ်သက်ပြီးတော့လည်း နောက်ဆုံးပေါ်ဗဟုသုတတွေ၊ အတွေ့အကြံတွေကို တယ်လီနော မြန်မာအနေနဲ့ ရှိနေပါတယ်။ တယ်လီနောလုပ်ငန်းစုဟာ 5G နည်းပညာကို လက်တွေ့လုပ်ေဆောင်တာနဲ့ပတ်သက်ပြီး ဥရော ပတိုက်မှာ ဦးဆောင်အော်ပရေတာတစ်ဦးအဖြစ် ရပ်တည်နေပြီး နော်ဝေ၊ ဒိန်းမတ်နဲ့မလေးရှားစတဲ့နိုင်ငံတွေမှာလည်း 5G ရှေ့ပြေးစီမံချက်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာစမ်းသပ်မှုတွေ၊ ကျွမ်းကျင်မှုတွေ ရရှိလာတဲ့ အချိန်ကျရင် ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာလည်း 5G နည်းပညာကို လုပ်ငန်းသုံးအဆင့်အထိရောက်ရှိလာ စေဖို့ စီးပွားရေးအခွင့်အလမ်းတွေ အများကြီးရရှိလာနိုင်မှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ထိပ်တန်းအဆင့် ရောက်ရှိနေပြီဖြစ်တဲ့ တယ်လီနောရဲ့ 4G ကွန်ရက်ဟာ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး၊ အကောင်းမွန်ဆုံး အခြေအနေ တွေမှာရောက်ရှိနေပြီဖြစ်ပါတယ်” ဟု တယ်လီနောြ်မန်မာ၏ CEO Sharad Mehrotra ကဆက်လက်ပြောကြားသည်။

Photo Source by Myanmar Tech Press

မြန်မာတစ်နိုင်ငံလုံးတွင် တယ်လီနောကွန်ရက်လွှမ်းခြုံမှုသည် ၉၂ ရာခိုင်နှုန်းခန့်ရှိနေပြီး မြန်မာပြည်အနှံ့ရှိတယ်လီနောကွန် ရက်တည်ရှိရာနေများသို့သွားရောက်ပြီး ကွန်ရက်စနစ်ကောင်းမွန်မှုရှိမရှိစစ်ဆေးခဲ့ပြီး အသုံးပြုသူများကိုလည်း တယ်လီနော ၏အားနည်းချက် အားသာချက်များကို ကွင်းဆင်းမေးမြန်းခဲ့ကြောင်း ကွန်ရက်ဆိုင်ရာကိုယ်စားလှယ်တစ်ဦးဖြစ်သူ Leo က ပြောကြားသည်။

Photo Source by Myanmar Tech Press

“ကျွန်တော်တို့အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တယ်လီနောကွန်ရက်တွေအကုန်လုံးကို လိုက်လံစစ်ဆေးတယ်။ ပြီးတော့ အရောင်းကိုယ်စားလှယ်ေတွေကိုလည်း ဘာလိုအပ်ချက်တွေရှိနေမလဲဆိုတာ အမြဲမေးမြန်းပါတယ်။ အရောင်းစာရေးမိန်းက လေးတွေကိုပါ မေးမြန်းတယ်။ အသုံးပြုသူအဆင်ပြေတယ် မပြေဘူးဆိုတာသူတို့ကနေစဉ်ထိတွေ့နေတာဖြစ်တဲ့ အတွက် သူတို့ကပိုသိနေတာကြောင့်ပါ”ဟု ကွန်ရက်ဆိုင်ရာကိုယ်စားလှယ်တစ်ဦးဖြစ်သူ Leo က ဆက်လက်ပြောကြားသည်။
ယခုလက်ရှိတွင် တယ်လီနောအသုံးပြုသူများသည် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၂၅ နိုင်ငံသို့ရောက်ရှိနေစဉ်တွင် မိတ်ဖက် အော်ပရေတာပေါင်း ၁၇၁ ခု၏ ကွန်ရက်ကို ချိတ်ဆက် အသုံးပြု နိုင်နေပြီဖြစ်သည်။ တယ်လီနော၏ 4G roaming ဝန်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံနှင့် နော်ဝေနိုင်ငံများတွင် သုံးစွဲနိုင်ပြီဖြစ်ပြီး အခြားသောနိုင်ငံများတွင်ပါ သုံးစွဲနိုင်စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အလားတူပင် ပြည်ပနိုင်ငံပေါင်း ၁၃၄ နိုင်ငံမှ မိတ်ဖက်အော်ပရေတာ ပေါင်း ၂၂၇ ခု ၏ သုံးစွဲသူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း တယ်လီနောကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်သည်။