၂၀၂၄ မှာ ရွေးချယ်စရာ Freelance Career (၈) မျိုး

မနက် (၉) နာရီ၊ ညနေ (၅) နာရီရုံးချိန်အလုပ်မျိုးမဟုတ်ဘဲ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်အလုပ်နဲ့ နေရာမရွေး အလုပ်လုပ်နိုင်တဲ့ အလုပ်မျိုးလုပ်ချင်တဲ့သူတိုင်း Freelance အလုပ်တွေကို ရွေးချယ်ကြပါတယ်။ ကျွမ်းကျင် ပိုင်နိုင်ရာ အလုပ်အကိုင်တွေကို ရွေးချယ်ပြီး Freelance အနေနဲ့ ရပ်တည်တဲ့ သူတွေလည်း အခုအချိန်မှာ တော်တော်လေးကို များနေပါပြီ။ Freelance အလုပ်အကိုင် တွေကို LinkedIn, Upwork, Freelancer, Fiverr နဲ့ Glassdoor လို ပလက်ဖောင်းတွေကနေ အများဆုံးရှာဖွေကြပါတယ်။ ဒီလိုပလက်ဖောင်း အမျိုးမျိုး ကနေ ကိုယ်ကျွမ်းကျင်ရာ Career တစ်ခုကိုရွေးချယ်ပြီး Freelanace အနေနဲ့ရပ်တည်ဖို့၊ စတင်လျှောက်လှမ်းဖို့ အတွက် Pay Rate လဲများပြီး အခွင့်အလမ်းတွေလည်းများတဲ့ Career တွေကဘာတွေဖြစ်မလဲ ဆိုတာကို ဒီဆောင်းပါးမှာ ရေးသားဖော်ပြပေးလိုက်ပါတယ်။


(၁) Data Analyst and Data Science

ဒေတာအချက်အလက်တွေနဲ့ လည်ပတ်နေတဲ့ခေတ်ကြီးမှာ လုပ်ငန်းတိုင်းက သက်ဆိုင်ရာဒေတာ အချက်အလက် တွေကို လေ့လာဆန်းစစ်ပြီး စီမံခန့်ခွဲဖို့အတွက် အမြဲလိုအပ်ပါတယ်။ Client တွေအတွက် သက်ဆိုင်ရာ ဒေတာ အချက်အလက်တွေ ဒါမှမဟုတ် Customer Behavior နဲ့သက်ဆိုင်တဲ့ Key Trends တွေကို လေ့လာ ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ AI နည်းပညာတွေတိုးတက်ပြောင်းလဲနေတာလည်း ဖြစ်တဲ့အတွက် Generative AI Modelling Specialist, Machine Learning Specialist, Data Analytics Specialist တွေကလည်း Freelance အနေနဲ့ ရွေးချယ်နိုင်တဲ့ Career တွေဖြစ်ပါတယ်။

 

(၂) Graphic Designer

Graphic Designer တွေကတော့ Freelance လောကမှာမပါမဖြစ်တဲ့ Career တစ်ခုလို့တောင် ပြောလို့ ရပါတယ်။ ကိုယ့်ရဲ့ Creativity နဲ့ Skills တွေပေါ်မူတည်ပြီး အခွင့်အလမ်းကောင်းတွေကို ရရှိနိုင်မှာဖြစ်သလို ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ Logo Design, Infographics, Animation, Packaging Dseign, Visual Design တွေကို Portfolio ကောင်းတစ်ခုဆောက်ပြီး ကိုယ့်ရဲ့ Talent တွေကို အကောင်းဆုံးချပြသင့်ပါတယ်။

 

(၃) Video Editor

အင်တာနက်အသုံးပြုသူတော်တော်များများက စာဖတ်ဖို့ထဲ ဗီဒီယိုကြည့်ဖို့ကို ပိုပြီးစိတ်ဝင်စားကြပါတယ်။ Content တွေကို ဖတ်ရတာထက် Video တွေကိုကြည့်လိုက်တာက ကိုယ့်အတွက် ပိုမှတ်မိလွယ်၊ ပိုပြီး စိတ်ဝင်စားတယ်လို့ သတ်မှတ်ထားသူတွေလည်းရှိကြပါတယ်။ Social Media တွေပေါ်မှာတောင်မှ စာရေးသား တာတွေအပြင် Short Video, Clips, Reels အမျိုးမျိုးနဲ့ Text Content တွေထက် Video Content တွေကိုပိုပြီး တွေ့မြင်ရမှာပါ။ နေရာတိုင်းလိုလိုမှာ ဗီဒီယိုတွေကခေတ်စားနေတဲ့အတွက် ကိုယ့်ရဲ့ Creativity, Editing Skill တွေပေါ်မူတည်ပြီး အောင်မြင်နိုင်တဲ့ Freelance Career တစ်ခုဆိုရင်လည်း မမှားပါဘူး။

 

(၄) Web Developer

အခုလိုနည်းပညာခေတ်ကြီးမှာ Web Developer တွေက အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေရဲ့ အခရာကျတဲ့ သူတွေ လို့တောင် ပြောလို့ရပါတယ်။ Responsive ဖြစ်တဲ့ Website တွေ၊ ကိုယ်ပိုင် စိတ်ကြိုက်ဖန်တီးထားတဲ့ Web Application တွေကို ဖန်တီးကြတဲ့ Web Developer တွေအတွက် Freelance လုပ်ကိုင်ဖို့အတွက် အဆင်ပြေတဲ့ Career တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ကိုယ့်ဘက်က front-end, back-end web development တွေ ဒါမှမဟုတ် full-stack develop တစ်ခုခုကို အတွေ့အကြုံလည်းရှိမယ်၊ ကျွမ်းကျင်မယ်၊ Up-to-date ဖြစ်ပြီး နည်းပညာ Trends တွေနောက်မပြတ်လိုက်နေဖို့ကတော့ လိုအပ်ပါတယ်။

 

(၅) Digital Marketing

Social Media တွေဆိုတာ စီးပွားရေးလုပ်ငန်းတွေအတွက် Customer နဲ့ထိတွေ့ဖို့ Physical Store တွေအပြင် နောက်ထပ်အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ Platform တစ်ခုချင်းစီအလိုက် Brands တွေကို growth ဖြစ်လာအောင်ကူညီပေးရမှာဖြစ်တဲ့အတွက် Platform တစ်ခုချင်းစီအကြောင်းကို ကောင်းကောင်းနားလည်ပြီး Marketing Strategy တွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့တော့ လိုအပ်ပါတယ်။

 

(၆) Virtual Assistant

Data Entry, Calendar Organization, Email Communications, Report, စတာတွေကို အင်တာနက် ပေါ်ကနေပဲ Client အတွက် လုပ်ကိုင်ပေးရတဲ့ Position တစ်ခုဖြစ်ပါတယ်။ ကိုယ့် Client ရဲ့လုပ်ငန်းတွေ အဆင်ပြေပြေလည်ပတ်ဖို့အတွက် Email တွေစီမံခန့်ခွဲရသလို၊ Tasks တွေအတွက် အချိန်ဇယားတွေဆွဲပြီး စီမံပေးရတဲ့အတွက် Tasks တွေ၊ အချက်အလက်တွေကို သေသေချာချာစီမံခန့်ခွဲနိုင်တဲ့သူတွေအတွက် လုပ်သင့်တဲ့ အလုပ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။

 

(၇) UI/UX Designer

ဆွဲဆောင်မှုရှိသလို အသုံးပြုရအဆင်ပြေတဲ့ Digital Products တွေရဲ့နောက်ကွယ်မှာ User Interface (UI) နဲ့ User Experience (UX) Designer တွေရှိပါတယ်။ Mobile App တွေကနေ Website တွေထိ Digital product တွေမှာ အသုံးပြုသူတွေ အသုံးပြုရအဆင်ပြေစေဖို့ Research လုပ်၊ Brainstorming တွေလုပ်ပြီး App တွေ Website တွေ ဖန်တီးပေးရတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။

 

(၈) Content Writing and Copywriter

Freelance လို့ပြောလိုက်ရင် Content Writing နဲ့ Copywriting ကလည်းချန်ထားခဲ့လို့မရတဲ့ Career တွေဖြစ်ပါတယ်။ Social Media တွေအတွက် Content တွေရေးသားမလား၊ Copywriter အနေနဲ့ Newsletter တွေ၊ Advertising Copy တွေ၊ Email, Ebooks, ဆောင်းပါးတွေကိုရေးသားမလား Platform အမျိုးမျိုးအတွက် Content Creation လည်းကောင်းမယ်၊ အင်္ဂလိပ်လိုလည်း ကောင်းကောင်း ရေးသားပြောဆိုနိုင်မယ်ဆိုရင် ရွေးချယ် သင့်တဲ့ Career တစ်ခု ဖြစ်ပါတယ်။