ဒို့ဖန်တီး Open Innovation Platform ဆိုတာ

Doh Phandee – ဒို့ဖန်တီး လို့အမည်ပေးထားတဲ့ Open Innovation Platform ဆိုတာကတော့ နည်းပညာအသိုင်းရဲ့ အကူအညီကိုယူပြီးတော့ COVID-19 အပြင် ပက်သက်ဆက်နယ်နေတဲ့သူတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေမှာ ကြုံတွေ့နေရတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ လိုအပ်နေတဲ့ အခြားစိန်ခေါ်မှုတွေကို အတူတကွကျော်ဖြတ်ရင်နိုင်နိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ ပရောဂျက်တစ်ခု ဖြစ်ပါတယ်။

ဒို့ဖန်တီးပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ Tech Community ကို တီထွင်ဖန်တီးနိုင်စွမ်းရှိသူတွေနဲ့အတူ နည်းပညာဆိုင်ရာ ဆန်းသစ်တဲ့ တီထွင်မှုတွေပြုလုပ်သွားဖို့ပဲ ဖြစ်ပါတယ်။ အနိုင်ရရှိတဲ့ ဆန်းသစ်တီထွင်မှုတွေကို ရွေးချယ်ပြီးတာနဲ့ ရွေးချယ်ထားတဲ့နည်းပညာတီထွင်မှုကို အမှန်တကယ် အသုံးပြုနိုင်စေဖို့အတွက် ဖန်တီးရာကနေ ပံ့ပိုးကူညီပေးမှာလည်း ဖြစ်ပါတယ်။

Photo source https://dohphandee.weebly.com/

ဒို့ဖန်တီးပြိုင်ပွဲကို ထုတ်ကုန်ပစ္စည်းဖန်တီးသူတွေကလွဲပြီးတော့ အကုန်လုံးက အွန်လိုင်းကနေပဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  Slack, Email, Zoom, Webinar နဲ့ Calendly စတာတွေကိုအသုံးပြုပြီးတော့ အွန်လိုင်းကဆက်သွယ်ရင်း ပြိုင်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကြေးတွေလည်း ပေးစရာမလိုတဲ့ အပြင်အွန်လိုင်းကနေပဲ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ဘယ်နေရာကနေပဲဖြစ်ဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာနဲ့တစ်ဝန်း ကပ်ဘေးကျရောက်နေတဲ့အချိန်မှာ အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ NGO တွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ လူတစ်ဦးတစ်ယောက်ချင်းစီ တတ်နိုင်တဲ့အခန်းကဏ္ဍကနေ ကပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ Digital Tools တွေအသုံးပြုပြီး ပရောဂျက်တွေကို ဦးဆောင်နိုင်တဲ့သူ၊ လူမှုဆက်ဆံရေးကောင်းမွန်ပြီး ရှေ့ထွက်တင်ဆက်နိုင်တဲ့သူ၊ နည်းပညာအသိုင်းအဝိုင်း၊ ပြိုင်ပွဲတွေနဲ့ပက်သက်ပြီး အတွေ့အကြုံရှိတဲ့ Innovator ၊ App, Website နဲ့ နည်းပညာဆိုင်ရာ ထုတ်ကုန်တွေကို ဖုန်တီးနိုင်တဲ့ Developer, Chatbot or Technical Builder ၊ ဒေတာတွေနဲ့ပက်သက်ပြီး အတွေ့အကြုံရှိသူ ဒေတာတွေကို အသုံးပြုပြီးတော့ Visualization နဲ့ပက်သက်တဲ့ လိုအပ်တဲ့အချက်အလက်တွေကို တည်ဆောက်ပေးနိုင်တဲ့ Data Scientist ၊ CNC, 3D Deisgn နဲ့ Prinitng တွေကိုအသုံးပြုပြီးတော့ Hardware တည်ဆောင်နိုင်တဲ့ Maker ၊ UI/UX ကျွမ်းကျင်သူ၊ ဒီဇိုင်းဖန်တီးခြင်း၊ Photoshop နဲ့ အခြားဒီဇိုင်းTool တွေအသုံးပြုနိုင်တဲ့ Prototype လုပ်နိုင်တဲ့ Designer စတဲ့ အရည်အချင်းတွေရှိတဲ့သူတွေအနေနဲ့ ပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

Photo source https://dohphandee.weebly.com/

ဒို့ဖန်တီးပလက်ဖောင်းမှာ ပထမဆုံးယှဉ်ပြိုင်ဖို့အတွက် ကြောငြာခဲ့တဲ့ခေါင်းစဉ်ကတော့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပြန်ပြီးနလန်ထူနိုင်ဖို့နဲ့ ဒီဂျစ်တယ်ကိရိယာတွေကို အသုံးချပြီး လုပ်ငန်းတိုးချဲ့နိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းက အသုံးဝင်မယ့် နည်းပညာအခြေပြုကိရိယာတွေကို တည်ဆောက်ဖို့ဆိုတဲ့ Back to Business Tools for MSMEs to reopen ဆိုတဲ့ ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ) ကအကောင်အထည်ဖော် တင်ဆက်ထားပေးတာ ဖြစ်ပါတယ်။

နောက်ထပ်ခေါင်းစဉ်အနေနဲ့ Food Security Tools to facilitate agricultural value chain ဆိုတဲ့ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်ကို ပြန်ပြီးနလန်ထူနိုင်ပြီး စားနပ်ရိက္ခာဖူလုံမှု၊ သယ်ယူပို့ဆောင်ရေးလွယ်ကူစေနိုင်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေ ပြေပြစ်စေဖို့အတွက် နည်းလမ်းတွေကို ဖော်ထုတ်ပေးရမှာပဲ ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေနဲ့ အခြားသက်ဆိုင်သူတွေအနေနဲ့လည်း COVID-19 ကြောင့်ပြောင်းလဲဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လက်ခံပြီး လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ HEKS/EPER ကနေ အကောင်အထည်ဖော်တင်ဆက်ထားပေးတာ ဖြစ်ပါတယ်။

Photo source https://dohphandee.weebly.com/

ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့ နောက်ဆုံးခေါင်းစဉ်တစ်ခုကတော့ Essential Supplies Tools for effective provision of supplies ဖြစ်ပါတယ်။ လူမှုအဖွဲ့အစည်းတွေ၊ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့ပေးတာတွေကို စီမံခန့်ခွဲမှုတွေနဲ့ အမှန်တကယ်လိုအပ်နေတဲ့သူတွေကို သတ်မှတ်အတည်ပြုပြီး အခြေခံလိုအပ်ချက်တွေကို ထောက်ပံ့ပေးအပ်ခြင်း စတာတွေကို ရေရှည်လုပ်ဆောင်ပေးနိုငဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အသုံးပြုရလွယ်ကူစေမယ့် Technical Tools တွေကို တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ လူမှုအဖွဲ့အစည်း၊ အလှူရှင်တွေအနေနဲ့ COVID-19 ကာလအပြီး လိုအပ်တဲ့နေရာတွေက လိုအပ်နေတဲ့သူတွေကို ထောက်ပံ့ပေးဖို့ ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ ရိုးမဘဏ်နဲ့ Prudential Myanamr တို့က အကောင်အထည်ဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကတော့ COVID-19 အတွက်ပြုလုပ်ပေးတဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် ဆုကြေးငွေပေးအပ်တာတွေ ရှိမှာ မဟုတ်ပါဘူး။ လုပ်ဆောင်ထားတဲ့ Project အနိုင်ရသွားရင်တော့ AWS 1000$ Credit ကိုရရှိမယ့် အပြင် အများပြည်သူ အသုံးပြုနိုင်ဖို့အတွက်လည်း ကျယ်ကျယ်ပြန့်ပြန့်မျှဝေသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကိုအဖွဲ့လိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီးတော့ တစ်ယောက်တည်းပြိုင်ပြီး တစ်ယောက်တည်းအကုန်ုလုပ်မယ်ဆိုရင်လည်း ခွင့်ပြုထားပါတယ်။

အသေးစိတ်အချက်အလက်တွေအတွက် အောက်ပါလင့်ခ်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://dohphandee.weebly.com/