၂၀၂၄ မှာ LinkedIn ကို Professional ကျကျအသုံးပြုတတ်ဖို့ သိထားသင့်တဲ့အချက် (၁၅) ချက်

Career Advancement, Networking နဲ့ အလုပ်အကိုင်ရှာဖွေဖို့ အယုံကြည်ရဆုံး Platform တစ်ခုအဖြစ် ၂၀၂၄ ခုနှစ်ကိုရောက်လာခဲ့ပေမယ့် LinkedIn ကအရေးပါနေဆဲ Platform တစ်ခု ဖြစ်နေပါသေးတယ်။ နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ ကမ္ဘာတစ်လွှား အသုံးပြုသူ တစ်ဘီလီယံကျော်ရှိတဲ့ LinkedIn မှာ အလုပ်ရှာဖို့အတွက်ဆိုရင် သာမန် Basic Profile တစ်ခုနဲ့ အလုပ်မဖြစ်တာကတော့ ဒီအတိုင်းဆိုရင် သိသာနေပါပြီ။ အရှင်းဆုံးပြောရရင် LinkedIn Profile ကိုအသုံးပြုပြီး ကိုယ့်ကိုကိုယ် Personal Branding ကောင်းကောင်း ပြုလုပ်ဖို့လိုအပ်ပါတယ်။

LinkedIn Profile ဆိုတာ Personal Branding အတွက် အခြေခံအကျဆုံးဖြစ်ပါတယ်။ Personal Marketing Platform တစ်ခုလို ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ၊ စွမ်းဆောင်ရည်တွေ၊ Motivation တွေကို အမြဲ ချပြပေးနေနိုင်မယ်ဆိုရင် Branding ကောင်းကောင်းတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ LinkedIn ကို အခုလို Professional ကျကျအသုံးပြုလိုသူတွေ သိကိုသိထားသင့်တဲ့ အချက် (၁၅) ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) LinkedIn အတွက် Profile Picture ရွေးချယ်ခြင်း

Profile Picture ဆိုတာ တခြားသူတွေကို ကိုယ်ဘယ်သူပါဆိုပြီး မိတ်ဆက်သလိုပဲ ကိုယ့်ရဲ့ LinkedIn ပေါ်က Calling Card ဖြစ်ပါတယ်။ အလွယ်ကူဆုံးအနေနဲ့ ကိုယ့်ရဲ့ First Impression တစ်ခုဖြစ်တဲ့ Profile Picture ကို ရွေးချယ်တဲ့နေရာမှာ လတ်တစ်လောရိုက်ကူးထားတဲ့ ကိုယ့်ရဲ့ပုံဖြစ်နေဖို့လည်း လိုအပ်သလို၊ ကိုယ့်ရဲ့ မျက်နှာက ၆၀ ရာခိုင်နှုန်းလောက် နေရာယူနေတဲ့ပုံဖြစ်သင့်ပါတယ်။ ဒါကြောင့် အဝေးကနေရိုက်ထားပြီး မျက်နှာမပေါ်တဲ့ ပုံမျိုးဆိုရင် အဆင်မပြေတတ်ပါဘူး။

(၂) Background Photo ထည့်ပါ။

Background Photo ဆိုတာကတော့ Profile Page အပေါ်က နောက်ထပ်ထင်သာမြင်သာရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ Viewer တွေရဲ့ Attention ကိုရစေသလို Context တစ်ခုနဲ့ ကိုယ်ကဘာလုပ်ပါတယ်ဆိုတာမျိုးကို အနည်းအကျဉ်း ပြောပြပေးသင့်ပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ Background Photo ကလည်း ကိုယ့်ရဲ့ page ကို ပိုပြီး ထင်ပေါ်စေပါတယ်။

(၃) Headline ကို Job Title တစ်ခုထဲမထားပါနဲ့။

Profile Page ရဲ့ထပ်ဆုံးမှာ Job Title ပဲထားရမယ်ဆိုတဲ့ စည်းမျဉ်းသတ်မှတ်ချက်မျိုးမရှိပါဘူး။ Headline Field မှာ ကိုယ်တာဝန်ယူထားရတဲ့ Role, ကိုယ်ဘာလုပ်တယ်ဆိုတာနဲ့ ဘာကြောင့်အခုလိုလုပ်သွားစေတယ်ဆိုတဲ့ Motivation မျိုးကို ထည့်ရေးသင့်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်း Social Networking ပိုင်းမှာကော အလုပ်မှာကော ထက်မြက်တဲ့ စီနီယာတွေရှိရင် သူတို့ရဲ့ Profile Page Headline ကို တစ်ချက်လောက် လေ့လာကြည့်ပါ။ သေချာတာကတော့ Job Title တစ်ခုထဲ ရေးထားကြမှာ မဟုတ်ပါဘူး။

(၄) နာမည်အသံထွက်ကို အသံဖမ်းဖော်ပြထားပါ။

နာမည်အသံထွက်များခေါ်ခံရတာမျိုးမဖြစ်ရအောင် LinkedIn Profile မှာ အသံထွက်ကို အသံဖမ်းပြီး ထည့်သွင်းဖော်ပြထားလို့ရပါတယ်။ ဒါဆိုရင် အသံထွက်မှားတာမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး။

(၅) Summary ကို Story အဖြစ်ပြောင်းရေးပါ။

LinkedIn Summary ကတော့မထည့်လို့မရပါဘူး။ ထည့်ကိုထည့်ထားသင့်ပါတယ်။ Summary ဆိုတာ ကိုယ့်အကြောင်းကို ပြောပြမယ့် နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Summary နေရာမှာ Skill တွေ၊ Job Title တွေကိုမပြောဘဲ ကိုယ့် Skill တွေကို ဘယ်လိုအသုံးချခဲ့တယ်၊ ဘယ်လို Impact တွေရှိခဲ့တယ်ဆိုတာမျိုးကို ဦးစားပေးရေးသင့်ပါတယ်။

(၆) Buzzword တွေအသုံးပြုပါ။

Buzzwords တွေဆိုတာကတော့ LinkedIn Headline နဲ့ Summary တွေမှာ အသုံးအများဆုံးစကားလုံးတွေ ဖြစ်ပါတယ်။ Buzzwords တွေက ဘာတွေလဲဆိုရင် Specialized, Leadership, Focused, Strategic, Experienced, Passionate, Expert, Creative, Innovative, Certified စတဲ့စကားလုံးတွေ ပါဝင်ပါတယ်။ ကိုယ့်ကိုကိုယ် ဘယ်လိုဆိုတာဖော်ပြသလိုမျိုး ကိုယ့် Skill တွေကိုလည်း Buzzwords တွေအသုံးပြုပြီး ဖော်ပြ တာက LinkedIn profile ကို ပိုပြီး Powerful ဖြစ်စေပါတယ်။

(၇) Connection များများလုပ်ပါ။

ဒီအချက်တွေထဲကမှ အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ Network Grow ဖြစ်လာအောင်လုပ်ဖို့ Connection များများရှာဖို့ပါပဲ။ ကိုယ့်နဲ့ နယ်ပယ်တူတဲ့သူတွေကိုလည်း LinkedIn က auto suggest ပြုလုပ် ပေးတဲ့ အတွက် တော်‌တော်လေးကို အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ Connection Request တွေကိုလည်း User Permission မပါဘဲ ပို့လို့မရတဲ့အတွက် ဘာမှစိတ်ပူစရာလည်း မလိုပါဘူး။ Connection များများ ရှိထားတာက Up to date ဖြစ်စေသလို ကိုယ့်ရဲ့ Career Advancement အတွက်လည်း အကျိုးရှိ စေပါတယ်။

(၈) Relevant Skill တွေကို ဖော်ပြပါ။

LinkedIn မှာ အလုပ်လည်းရဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုက Relevant Skill တွေကို ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဒီလိုထည့်သွင်းထားတာက ကိုယ့်ရဲ့ Headline နဲ့ Summary တွေအပြင် Buzzwords အသုံးပြုတာတွေကိုလည်း ပိုပြီး Sustainable ဖြစ်စေပါတယ်။ ဒါပေမယ့် Skill တွေ အရမ်း များလွန်းပြီး Skill List အရှည်ကြီးဖြစ်နေတာမျိုးက ကိုယ့် Profile အတွက် အဆင်မပြေစေပါဘူး။ မကြာမကြာ ကိုယ့်ရဲ့ Skill List ကို ပြင်ဆင်ပြီး update ပြုလုပ်သင့်ပါတယ်။

(၉) Recommendations

ကိုယ့်ရဲ့လုပ်ပုံကိုင်ပုံကစလို့ ကိုယ့် Skill တွေအတွက် ကိုယ့်အလုပ်ကလူတွေ၊ စီနီယာတွေ၊ အထက်လူကြီးတွေ ဆီက recommendation တွေကလည်း LinkedIn Profile ကိုပိုပြီး ပြီးပြည့်စုံစေပါတယ်။ ဘယ်သူ့ဆီက Recommendation တောင်းရင်ကောင်းမလဲဆိုတာကို သေသေချာချာစဉ်းစားပြီး Request လုပ်တာက အကောင်းဆုံးပါ။

(၁၀) သင်ယူလိုစိတ်ပြင်းပြမှုကို Showcase လုပ်ပါ။

LinkedIn Learning မှာ Course တစ်ခုပြီးတိုင်း Course Certificate ကို LinkedIn Profile မှာ ထည့်နိုင်မှာ ဖြစ်တဲ့အတွက် Course တစ်ခုပြီးတိုင်း ထည့်ထားဖို့ကိုလည်း မမေ့ပါနဲ့။

(၁၁) Content တွေ Sharing လုပ်ပါ။

LinkedIn မှာ Network Connection တွေရှိဖို့ကအရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Connection က ကိုယ့်ကို သတိထားမိနေဖို့ကလည်း ပိုအရေးကြီးပါတယ်။ LinkedIn Feed ကဒီအတွက် အသုံးပြုရမှာ ဖြစ်သလို ကိုယ့်ရဲ့ Content, Image, Video တွေကို မျှဝေနိုင်ပါတယ်။

(၁၂) ကိုယ့် Industry ထဲက Influencer တွေကို Follow လုပ်ပါ။

ကိုယ့် Industry ထဲက Influencer တွေကို Follow လုပ်ထားတဲ့အတွက် ကိုယ့် LinkedIn Feed မှာ စိတ်ဝင်စားစရာ Content တွေ၊ Up to date အကြောင်းအ၇ာတွေကိုလည်း သိရှိနိုင်ပါတယ်။

(၁၃) ကိုယ်ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို Spotlight လုပ်ပါ။

Consultant, Freelancer တွေနဲ့ Small Business မှာ လုပ်ကိုင်သူတော်တော်များများက သူတို့ဝန်ဆောင်မှုတွေကို LinkedIn Service Page မှာ ဖော်ပြလေ့ရှိပါတယ်။ LinkedIn Service page ဆိုတာကတော့ ကိုယ့်ရဲ့ ဝန်ဆောင်မှုနဲ့ လုပ်ငန်းအကြောင်းကို ကုန်ကျစရိတ်မရှိဘဲ ဖော်ပြနိုင်တဲ့ Landing Page တစ်ခု ဖြစ်ပါတယ်။

(၁၄) LinkedIn Group တွေကိုဝင်ပါ။

ကိုယ်နဲ့ သက်ဆိုင်တဲ့ Group တွေကို ဝင်ထားတာက Social Media တွေက Group တွေထဲဝင်ထားသလိုပဲ Discussion တွေနဲ့ Sharing တွေပြုလုပ်နိုင်တဲ့အတွက် ကိုယ့်ရဲ့ Visibility ကိုတိုးလာစေပါတယ်။

(၁၅) Creator Mode ဖွင့်ထားပါ။

Creator Mode ဆိုတာကတော့ Facebook ရဲ့ Professional Mode လိုပဲ ကိုယ့်ရဲ့ Content တွေကို Reach ပိုများလာအောင် ကူညီပေးနိုင်သလို Influence များလာအောင်လည်း ကူညီပေးနိုင်ပါတယ်။ သာမန် Profile တစ်ခုထက်ပိုတဲ့ Creator Tool တွေကိုအသုံးပြုနိုင်ဖို့အတွက် Creator Mode ကိုအသုံးပြုပြီး Content နဲ့ Audience တွေ Grow ဖြစ်လာအောင်လုပ်နိုင်တာက တစ်ကယ်ကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။