အက်တမ် (ATOM) နှင့် ZTE တို့မှ နည်းဗျူဟာကျစွာ လက်တွဲပူးပေါင်း၍ မြန်မာ့ဒစ်ဂျစ်တယ်ဆက်သွယ်ရေးအနာဂတ်ကို အရှိန်အဟုန်မြှင့်တင်သွားမည်

မြန်မာနိုင်ငံ၏အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် ZTE တို့သည် မျိုးဆက်သစ် Business Support System (BSS) ကို ပူးတွဲဖော်ဆောင်၊ ပြောင်းလဲကျင့်သုံးပြီး မြန်မာ့ဆက်သွယ်ရေး ချိတ်ဆက်မှုကဏ္ဍ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ရန် နည်းဗျူဟာကျသော လက်တွဲဆောင်ရွက်ချက်အား စတင်အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါလက်တွဲပူးပေါင်း မှုသည် အနာဂတ်အတွက်အသင့်ဖြစ်သော ဒစ်ဂျစ်တယ်အော်ပရေတာတစ်ခုအဖြစ် ရပ်တည်သွားမည့် အက်တမ် (ATOM) ၏ ရှေ့ခရီးစဉ်အတွက် အထူးအရေးပါသော မှတ်တိုင်ဖြစ်ပြီး နောက်ဆုံးပေါ်ဆက်သွယ်ချိတ်ဆက်မှု၊ အကောင်းမွန်ဆုံးသော လုပ်ငန်းလည်ပတ်မှု နှင့် သုံးစွဲသူ အတွေ့အကြုံကို ပိုမိုအဆင်ပြေလာစေရန် ဆောင်ရွက် ပေးလိုသော ကုမ္ပဏီနှစ်ခုလုံး၏ တူညီသော ရည်မှန်းချက်ကို မီးမောင်းထိုးပြနေပါသည်။
Image: ATOM
လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် ပြောင်းလဲလုပ်ဆောင်သွားမည့်  နည်းဗျူဟာကျသော အဆိုပါ အသွင်ကူးပြောင်းရေး အစီအစဉ်သည် Customer Relationship Management (CRM)၊ Order Management၊ Enterprise Product Catalog နှင့် Partner Management များအပါအဝင် အက်တမ် (ATOM) ၏ အဓိက အိုင်တီစနစ်များကို ခေတ်မီတိုးတက်လာစေမည်ဖြစ်ပါသည်။ ထို့အပြင် ဒစ်ဂျစ်တယ်အသုံးပြုမှု ကိစ္စရပ်များ နှင့် ပြောင်းလဲနေသော သုံးစွဲသူများ၏လိုအပ်ချက်များအား ပံ့ပိုးပေးနိုင်သော မြန်ဆန်ချောမွေ့ပြီး လိုက်လျောညီထွေမှုရှိသည့် ဝန်ဆောင်မှု ဂေဟစနစ်တစ်ခုလုံးအတွက် အခြေခံ အုတ်မြစ်ချပေးနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအခန်းကဏ္ဍ ဆက်လက်ပြောင်းလဲတိုးတက်နေသည်နှင့်တစ်ပြိုင်နက် အက်တမ် (ATOM) နှင့် ZTE တို့သည် cloud နည်းပညာပိုင်းဆိုင်ရာ ဒစ်ဂျစ်တယ် ဖန်တီးတည်ဆောက် ခြင်းနှင့် တိုးချဲ့ လုပ်ဆောင်မှုများမှတဆင့်  ဉာဏ်ရည်မြင့်ကွန်ရက်ချိတ်ဆက်လေ့လာနိုင်မှုနှင့် ထိရောက်စွာ လုပ်ငန်း လည်ပတ် နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါ ပူးတွဲလုပ်ဆောင်ချက်များသည် ရေရှည် ချမှတ် ထားသည့် ရည်မှန်းချက်ကို အကောင်အထည်ဖြစ်ပေါ်စေပြီး ဝန်ဆောင်မှုပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု နှင့် 5G Monetization   အပါအဝင် IoT နည်းစနစ် အသုံးပြုခြင်းများပါဝင်သော အနာဂတ်တိုးတက်မှု အခွင့်အလမ်းများ အတွက် အခြေခံအုတ်မြစ် ချမှတ်ပေးသွားနိုင်မည် ဖြစ်ပါသည်။
Image: ATOM
အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချူပ်  Ahmad Abdallah မှ “အခုလို လက်တွဲပူးပေါင်းခြင်းဟာ အက်တမ် (ATOM) ရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်အတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုကို ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Whale Cloud ရဲ့ အဆင့်မြင့်နည်းပညာပေါင်းစပ်ပြီး BSS ဆန်းသစ်တီထွင်မှုပိုင်းမှာ ဦးဆောင်နေတဲ့ ZTE ရဲ့  ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အက်တမ် (ATOM) ရဲ့ သုံးစွဲသူဦးစားပေးရည်မှန်းချက်တွေရယ် ပေါင်းစပ် လိုက်မယ် ဆိုရင် ကျွန်တော်တို့ရဲ့ လက်ရှိဝန်ဆောင်မှု ပေးနေတဲ့ အပိုင်းကို အဆင့်မြှင့်ဖော်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ လုပ်ငန်းကို မြန်ဆန်စွာ လည်ပတ်စေနိုင်မှာဖြစ်လို့ မြန်မာနိုင်ငံအတွက် အဆင်ပြေချောမွေ့ပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတစ်ခုကို ဖန်တီးဖွင့်ဟ ပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ ပါသည်။
ခေတ်မီတိုးတက်သော Cloud နည်းပညာနှင့် ချိတ်ဆက်နိုင်သော ဤဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးစနစ်သည်
  • သုံးစွဲသူများအနေဖြင့်ဒစ်ဂျစ်တယ်ချန်နယ်များမှတဆင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်နိုင်ခြင်း
  • ထုတ်ကုန်အသစ်များ၊ ဝန်ဆောင်မှုများနှင့် တီထွင်ဆန်းသစ်မှုများအတွက် ဈေးကွက်သို့ ရောက်ရှိ မိတ်ဆက်ရန် ပိုမိုမြန်ဆန်စေခြင်း
  • အဆိုပါစနစ်များမှတဆင့် ထိရောက်မြန်ဆန်သော လုပ်ငန်းလည်ပတ်မှု နှင့် ကုန်ကျစရိတ် သက်သာမှု ရှိစေခြင်း
  • 5G၊ IoT နှင့် စီးပွားရေးဆိုင်ရာ ဝင်ငွေလမ်းကြောင်းသစ် မူဘောင်များအတွက် အဆင်သင့်ဖြစ်နေစေခြင်း
  • စိတ်ဝင်စားစရာကောင်းပြီး တူညီသော ဒစ်ဂျစ်တယ်သုံးစွဲမှုအတွေ့အကြုံကို ပေးအပ်ခြင်း
  • သုံးစွဲသူများနှင့် ဆက်သွယ်ချိတ်ဆက်မှုများအတွက်ဝန်ဆောင်မှုပေးအပ်ရာတွင် AI ၏ ပါဝင်မှုအား ပိုမို ကောင်းမွန်လာခြင်း
စသည်ဖြင့် နည်းဗျူဟာကျသော အကျိူးရလဒ်များကို ဖြစ်ထွန်းစေပါသည်။
Image: ATOM
မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် ခေတ်သစ်တစ်ခုကို စတင်ဝင်ရောက်လာပြီဖြစ်ရာ အက်တမ် (ATOM) နှင့် ZTE ကုမ္ပဏီနှစ်ခုစလုံးသည် နည်းပညာသစ်များကို မိတ်ဆက်ပေးရုံသာမက ဆက်သွယ်ရေးကွန်ရက်များနှင့် မြန်မာ ပြည်သူလူထု၏ ဘဝများကိုပါ ကောင်းမွန်သော ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုလက်တွဲပူးပေါင်းမှုသည် နိုင်ငံတကာ၏ထိပ်တန်းအလေ့အကျင့်များကို ယူဆောင် လာပေးမည် ဖြစ်ပြီး အဆင့်မြင့်ပလက်ဖောင်းများနှင့် စဉ်ဆက်မပြတ်ဆန်းသစ်တီထွင်နေသည့် ယဉ်ကျေးမှု တစ်ရပ်အား မြန်မာနိုင်ငံ ဆက်သွယ်ချိတ်ဆက်ရေးဂေဟစနစ်ကြီး၏ အဓိကနေရာတွင် တည်ရှိစေမည်ဖြစ်ပါသည်။
“အခုလို နည်းပညာအသွင်ကူးပြောင်းမယ့် ခရီးစဉ်မှာ အက်တမ် (ATOM) နဲ့ လက်တွဲရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့မှာ အသုံးဝင်ပြီးသား ဒစ်ဂျစ်တယ် BSS လုပ်ဆောင်ရည်တွေကို အက်တမ် (ATOM) ရဲ့ ဈေးကွက် ဦးဆောင်မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လုပ်ငန်းလည်ပတ်မှုနဲ့ သုံးစွဲသူအရည်အသွေးတွေ ပိုပြီးမြင့်တက် လာမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးကဏ္ဍရဲ့ ထိပ်တန်းနည်းပညာ၊ အဆင့်မြင့်ပြီးယုံကြည်စိတ်ချရတဲ့ hardware၊ software တွေအပါအဝင် ပြည့်စုံတဲ့ ဝန်ဆောင်မှုစွမ်းရည်တွေ ယူဆောင်လာပေးခြင်းအားဖြင့် ZTE က အက်တမ် (ATOM) အတွက် အကောင်းမွန်ဆုံးသုံးစွဲသူအတွေ့အကြုံတစ်ခုကို ပေးအပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ Whale Cloud နည်းပညာရဲ့ အကူအညီနဲ့ ဆန်းသစ်တီထွင်မှုကို ဆက်လက်လုပ်ဆောင်ကာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရေးအတွက် စံနှုန်းအသစ်တစ်ခုကို ချမှတ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး အနာဂတ်ရဲ့ လိုအပ်ချက်တွေကို တိုးတက်ပြောင်းလဲနိုင်ဖို့၊ အက်တမ် (ATOM) ရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို ကူညီ ဆောင်ရွက်ပေးဖို့နဲ့ အမြင့်မားဆုံးရလဒ်တစ်ခု ဖန်တီးပေးဖို့ ဒစ်ဂျစ်တယ်အခြေခံအုတ်မြစ်တစ်ခုကို ဖော်ဆောင် နေကြတာပဲဖြစ်ပါတယ်” ဟု ZTE ၏ အမှုဆောင်အရာရှိချုပ် Mr. Gavin Cai က ပြောကြားခဲ့ပါသည်။
“ဒီအစီအစဉ်ဟာ နည်းပညာအဆင့်မြှင့်တင်တာတစ်ခုထက် ပိုပါတယ်။ ဒါဟာ လုပ်ငန်းတစ်ခုရဲ့ ယဉ်ကျေးမှု၊ လုပ်ငန်းလည်ပတ်ပုံနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုတွေအတွက် ပေါင်းကူးပေးမယ့် အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အလုပ်လုပ်ဆောင်ပုံ၊ ဝန်ဆောင်မှုပေးအပ်ပုံနဲ့ ဆန်းသစ်တီထွင်ဖန်တီးပုံတွေကို  ပြန်လည်ဆန်းစစ်နေပါတယ်။ ဒီဇိုင်းအားဖြင့် ထက်မြက်ကောင်းမွန်ပြီး တည်ဆောက်ရေးပိုင်းမှာလည်း တိုးချဲ့လို့  ရသလို အားလုံးအတွက် သက်ရောက်မှုအားကောင်းတဲ့ နည်းပညာပလက်ဖောင်းတစ်ခုကို အတူတကွ လက်တွဲ ပူးပေါင်း ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု အက်တမ် (ATOM) ၏ သတင်းအချက်အလက်ဆိုင်ရာ အရာရှိချုပ် Srinivas Rao က ပြောကြားခဲ့ပါသည်။
Image: ATOM
အဆိုပါ အစီအစဉ်ကို ခန့်မှန်းခြေအားဖြင့် ၁၈ လကြာ သတ်မှတ်ထားပြီး အစပိုင်းတွင် Enterprise Business Customer (B2B) လုပ်ဆောင်ချက်များပါရှိကာ Retail Business Customer (B2C) လုပ်ဆောင်ချက်များအထိ တစ်ဆင့်ချင်း ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤကာလအတွင်း အက်တမ် (ATOM) ၏ ဌာန အသီးသီးမှ တာဝန်ရှိသူများက ZTE နှင့်အနီးကပ် ပူးတွဲလုပ်ဆောင်ပြီး နိုင်ငံတကာအကောင်းဆုံး လုပ်ထုံးလုပ်နည်း များနှင့်အညီ အလုံးစုံပေါင်းစပ်ပါဝင်သည့် BSS လုပ်ငန်းဆိုင်ရာပံ့ပိုးမှုစနစ် ပလက်ဖောင်း တစ်ခုအဖြစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဤမဟာဗျူဟာမြောက်သော လက်တွဲပူးပေါင်းမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း၊ အားလုံးနှင့် သက်ဆိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခုဖော်ဆောင်ပေးခြင်း၊ လူထုအသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းများကို တိုးတက်မြင့်မားစေသည့် မျိုးဆက်သစ်ဝန်ဆောင်မှု ဖန်တီးပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံကို ပြောင်းလဲဖွံ့ဖြိုးလာစေလိုသော ရေရှည်ကတိကဝတ်ကို ဖော်ညွှန်းနေခြင်း ဖြစ်ပါသည်။