အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့မှ မြန်မာနိုင်ငံအနှံ့ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ ချဲ့ထွင်ဝန်ဆောင်မှုပေးသွားနိုင်ရန် လက်တွဲပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံ၏အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် မြန်မာနိုင်ငံ၏အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ် တို့သည် လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သော ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများအား မြန်မာနိုင်ငံအနှံ့ရှိ ကျေးလက်နှင့် ဝန်ဆောင်မှု နည်းပါးသောဒေသများအထိ တိုးချဲ့ပေးအပ်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU)အား လက်မှတ်ရေးထိုးခဲ့ကြသည်။
ငွေကြေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူရိုးရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန်နှင့် လူတိုင်းရာနှုန်းပြည့် ပါဝင်အသုံးပြု လာနိုင်စေရန်အတွက် အက်တမ် (ATOM) မှ ဘဏ္ဍာရေးနည်းပညာနှင့် ထိပ်တန်းဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ် နှင့်အတူ မဟာဗျူဟာကျ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အက်တမ် (ATOM) ၏ ခေတ်မီဆန်းသစ်သော တယ်လီကွန်းဝန်ဆောင်မှုများ နှင့် ကမ္ဘောဇဘဏ်၏ ငွေကြေးဆိုင်ရာ တတ်ကျွမ်းနားလည်မှုများပေါင်းစပ်ကာ မိုဘိုင်းလ်ပိုက်ဆံအိတ် (mobile wallets) များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုများနှင့် အသေးစားချေးငွေများအပါအဝင် ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများအား ပူးတွဲဖန်တီးဝန်ဆောင်မှုပေးသွားမည်ဖြစ်ကာ တယ်လီကွန်းဝန်ဆောင်မှုများ နိုင်ငံအနှံ့ ပိုမိုလက်လှမ်းမီရရှိလာအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Image: ATOM
အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ “နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက်နဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွေကို အသုံးပြုပြီး မြန်မာပြည်သူတွေအတွက်၊ အထူးသဖြင့် ဘဏ်ဝန်ဆောင်မှုရယူဖို့ခက်ခဲတဲ့ ဒေသတွေအထိ အက်တမ် (ATOM) ရဲ့ လက်ရှိပေးနေသော ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပိုအားကောင်းလာစေမှာဖြစ်သလို ငွေကြေးဝန်ဆောင်များ ပိုမိုလက်လှမ်းမီရရှိလာအောင် ကူညီပေးသွားမှာပါ။ ကမ္ဘောဇဘဏ်နဲ့ အခုလို လက်တွဲပူးပေါင်းခြင်းက လူတိုင်းလက်လှမ်းမီအသုံးပြုနိုင်တဲ့ ငွေကြေးဝန်ဆောင်မှုနဲ့ မိုဘိုင်းလ်ကတစ်ဆင့် ငွေကြေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ရယူနိုင်ကြပြီး လူတစ်ဦးချင်းစီနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုပါ တိုးတက်စေလိုတဲ့ တူညီသောရည်ရွယ်ချက်ကို ဖော်ညွှန်းနေပါတယ်” ဟု ပြောကြားခဲ့သည်။
အက်တမ် application များတွင် သုံးစွဲသူ customer များအနေဖြင့် KBZPay နှင့် payment များ ပြုလုပ်နိုင်ပြီး အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့၏ သုံးစွဲသူအမျိုးအစားအလိုက် လိုအပ်သော အကြွေးဝယ်ကဒ် (Credit Card) ဝန်ဆောင်မှုများ၊ အသေးစားချေးငွေ (Micro Loans) များ၊ E-commerce လုပ်ဆောင်ချက်များ စသည်ဖြင့် စုံလင်သော ခေတ်မီငွေကြေးဝန်ဆောင်မှုများစွာ အပြင် အစဉ်အမြဲ သုံးစွဲသူများအတွက် အထူးအကျိုးခံစားခွင့်များ ပါဝင်သွားမည်ဖြစ်သည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့သည် ဤလက်တွဲပူးပေါင်းမှုမှတစ်ဆင့် လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှု ဖြစ်စေရန် ဝန်ဆောင်မှုအမျိုးအစားများစွာကို ဖန်တီး ဖြန့်ကျက်သွားမည်ဖြစ်ပြီး ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းတို့၏ စံချိန်စံညွှန်းနှင့် စည်းမျဉ်းစည်းကမ်းများ အတိုင်း ဈေးကွက်ချဲ့ထွင်သွားမည်ဖြစ်သည်။

Image: ATOM
ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင် မှ လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် “မြန်မာနိုင်ငံရဲ့ လူတိုင်း ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖော်ဆောင်ရေးလမ်းစဉ်မှာ အက်တမ် (ATOM) နဲ့အတူတူ ပူးတွဲလုပ်ဆောင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံအတွင်း လူတိုင်းရာနှုန်းပြည့် ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ် ဖော်ဆောင်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ အထူးကိုက်ညီနေတာတွေ့ရပါတယ်။ ကျွန်တော်တို့က ဘဏ်လုပ်ငန်းမှတစ်ဆင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အမျိုးမျိုးသော ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုများကို ဘက်ပေါင်းစုံမှ ပိုရရှိလာစေခြင်းဖြင့် လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်သောဘဝအရည်အသွေးတွေနဲ့ အခွင့်အလမ်းကောင်းတွေကို ဖန်တီးဖော်ဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူလူထုအတွက်အကျိုးရှိစေမယ့် အကောင်းဆုံး ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုတွေကို ဖော်ထုတ်ပေးစွမ်းသွားပါမယ်။ အသုံးပြုရလွယ်ပြီး ခေတ်မီဆန်းသစ်တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ပိုမိုလုံခြုံစိတ်ချရပြီး အားလုံးပါဝင်အသုံးပြုလာနိုင်အောင် ဆက်လက်ချဲ့ထွင်ရင်း လူနေမှုဘ၀တွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကူညီပံ့ပိုးပေးသွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။
ဖွံ့ဖြိုးတိုးတက်နေသော ယနေ့ဘဏ္ဍာရေးကဏ္ဍတွင် ဆက်သွယ်ရေးနည်းပညာများနှင့် ဘဏ်လုပ်ငန်း ဝန်ဆောင် မှုများ ပေါင်းစည်းခြင်းအားဖြင့် လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သောငွေကြေးဝန်ဆောင်မှုများ ပိုမိုတိုးတက်လာ စေပြီး စျေးကွက်အတွင်း အဆိုပါဝန်ဆောင်မှုများ ပိုမိုထိရောက်တွင်ကျယ်လာစေမည်ဖြစ်ပါသည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့အကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူတိုင်း အတွက် လူနေမှုဘ၀များ တိုးတက်အောင်မြင်ပြီး အားလုံးပါဝင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည့် ပိုမိုကောင်းမွန်သော မြန်မာ့အနာဂတ် ဖော်ဆောင်ရန် တူညီသောမျှော်မှန်းချက်ကို ထင်ဟပ်နေပါသည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့သည် သုံးစွဲသူများနှင့် လူမှုအသိုင်းအဝိုင်းအတွက် အဓိပ္ပါယ်ရှိပြီး၊ အကျိုးသက်ရောက်မှုကောင်းများရှိသော လက်တွဲဆောင်ရွက်ချက်များ ဆက်လက်ဖန်တီး အကောင်အထည် ဖော်သွားမည်ဖြစ်ပါသည်။