PUBG MOBILE Global Championship (PMGC) 2025 ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပြီး Alpha7 Esports အသင်းက ကမ္ဘာ့ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့
ကမ္ဘာကျော် နာမည်ကြီး မိုဘိုင်းဂိမ်းတစ်ခုဖြစ်သည့် PUBG MOBILE သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး အခမ်းအနားဖြစ်သည့် 2025 PUBG MOBILE Global Championship (PMGC) ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည်။။ တစ်လကြာ ကျင်းပခဲ့သော အဆိုပါ ပြိုင်ပွဲကြီးတွင် Esport၊ ယဉ်ကျေးမှု၊ အနုပညာဖန်တီးပြသမှုများ၊ မှင်တက်ဖွယ် ပရိတ်သတ် အတွေ့အကြုံများဖြင့် ဘန်ကောက်မြို့တစ်ဝန်း လွှမ်းခြုံခဲ့ပြီး Grand Final ပွဲစဉ်များအပြီးတွင် Alpha7 Esports အသင်းက ချန်ပီယံအဖြစ် ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သည်။
ကမ္ဘာ့ထိပ်တန်းအသင်း ၁၆ သင်းသည် 2025 PMGC ချန်ပီယံဆု၊ ဆုဖလားနှင့် ဆုကြေးငွေ ဒေါ်လာ ၃ သန်း သိမ်းပိုက်ရန်အတွက် Siam Paragon တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့သော Grand Final ပွဲစဉ်များတွင် ကစားသမားများ၏ ရင်သပ်ရှုမောဖွယ်ရာ ယှဉ်ပြိုင်မှုများအပြင် ထိုင်းရိုးရာ မွေထိုင်းလက်ဝှေ့ပွဲစဉ်များ၊ ထိုင်းနိုင်ငံမှ နာမည်ကြီး အဆိုတော်များနှင့် T-pop အထင်ကရများဖြစ်သည့် BamBam၊ MILLI၊ PAPER PLANES၊ MEAN Band၊ BUS (because of you i shine)၊ Butterbear၊ Teams BOB နှင့် G1N3 တို့၏ အမိုက်စား ဖျော်ဖြေရေး အစီအစဉ်များစွာလည်း ပါဝင်ခဲ့ကာ ပရိတ်သတ်များ၏ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့သည်။ အကြိတ်အနယ် ယှဉ်ပြိုင်မှုများအပြီးတွင် Alpha7 Esports အသင်းက အမှတ်ပေါင်း ၁၄၂ မှတ်ဖြင့် ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့ပြီး ULF Esports အသင်းမှ ဒုတိယဆုနှင့် Alpha Gaming အသင်းမှ တတိယဆု အသီးသီး ရရှိခဲ့သည်။

Image: PUBG MOBILE
PUBG Mobile က ချန်ပီယံဆုကို ဆွတ်ခူးသွားသော Alpha7 Esports အသင်းသားများအတွက် BALENCIAGA နှင့် ပူးပေါင်းပြီး ချန်ပီယံများအတွက် အထူးသီးသန့်ချုပ်လုပ်ထားသော BALENCIAGA Champion Jacket များကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အတူ Alpha Gaming အသင်းက အသင်းသားတစ်ဦးဖြစ်သော TOP သည် ပွဲစဉ်များအတွင်း ၎င်း၏ ပြောင်မြောက်လှသည့် ဂိမ်းကစားမှုစွမ်းရည်များကြောင့် 2025 PMGC Grand Finals MVP ဆုနှင့်အတူ PUBG UNITED နဲ့ ပူးပေါင်းပြီး အထူးဆုဖြစ်သည့် အသစ်စက်စက် Porsche Cayenne ကားတစ်စီးကို သိမ်းပိုက်ရရှိခဲ့ပါသည်။
PUBG Mobile ၏ Producer ဖြစ်သူ Rick Li သည် ပြိုင်ပွဲကာလအတွင်း PUBG Mobile Esports နှင့် ပတ်သက်သည့် အသစ်အသစ်သော လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် စတင်မည်ဖြစ်သော Ferrari နှင့် ၎င်း၏ ကမ္ဘာကျော် Formula 1 အဖွဲ့ဖြစ်သည့် Scuderia Ferrari HP တို့နှင့် သမိုင်းဝင်ပူးပေါင်းမှုများ လုပ်ဆောင်သွားမည့်အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် Li သည် ၂၀၂၆ ခုနှစ်တွင် ထွက်လာမည့် အဓိက ဂိမ်းများနှင့် ဆန်းသစ်တီထွင်မှုများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး အချိန်တိုအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားစေခြင်းဖြင့် ကစားသမားများ၏ စွမ်းရည်ကို စမ်းသပ်ရန် ပုံဖော်ထားသည့် 10 minute Quick BR မုဒ်ကို လာမည့်နှစ်တွင် Beta အဖြစ် စတင်မိတ်ဆက်ရန် စီစဉ်ထားကြောင်းကိုလည်း ပြောကြားခဲ့သည်။

Image: PUBG MOBILE
ထို့အပြင် World of Wonder (WOW) ကို အစဉ်မပြတ် အားပေးနေသော ကစားသမားများနှင့် PUBG Mobile အသိုက်အဝန်း၏ အံ့သြဖွယ်ရာ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၆ ခုနှစ်တွင်လည်း WOW Ecosystem အတွင်းရှိ အသုံးပြုသူများကို ဒေါ်လာ ၁၀ သန်းထိ ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်းကိုလည်း Li က ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ PUBG Mobile အနေနဲ့ ၂၀၂၆ ခုနှစ်မှာဆိုရင်လည်း PUBG MOBILE Global Open (PMGO) ဆိုပြီး ပြိုင်ပွဲနှစ်ခု ဆက်လက်ကျင်းပသွားဖို့ရှိပါတယ်။ အခုလို ပြိုင်ပွဲတွေပြုလုပ်ပေးခြင်းကနေ တစ်ဆင့် PUBG Mobile အနေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကစားသမားတွေကို ကမ္ဘာ့စင်မြင့်ထက်မှာ ဆုံစည်းစေပြီးတော့ သူတို့ရဲ့ Esport အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ၂၀၂၆ မှာလဲ အခုလိုပဲ အမိုက်စားပွဲစဉ်တွေနဲ့အတူ အကောင်းဆုံးအသင်းတွေကို ထပ်မံမြင်တွေ့ရဖို့အတွက် စိတ်လှုပ်ရှားမိပါတယ်” လို့ PUBG Mobile ၏ Producer ဖြစ်သူ Rick Li က ထပ်လောင်းပြောကြားခဲ့သည်။

Image: PUBG MOBILE
2025 PUBG MOBILE Global Championship (PMGC) ပြိုင်ပွဲတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်ပေါင်းများစွာ ပါဝင်ခဲ့ပြီး ၎င်းတို့အနက် PUBG MOBILE SUPERSTARS UNITED ပွဲသည် ကမ္ဘာတစ်ဝန်းမှ ဖန်တီးသူများနှင့် နာမည်ကျော်များကို Reality-show-style ပြိုင်ပွဲတစ်ခုအဖြစ် စုစည်းပေးခဲ့ပြီး PUBG MOBILE Ultimate Runway ပြိုင်ပွဲတွင်မူ PUBG Mobile ၏ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ X-Suits Runway Show အနေဖြင့် ဂိမ်းအတွင်း အရောင်းရဆုံး Suit ၁၆ စုံကို နာမည်ကြီး ထိုင်းမော်ဒယ်လ်များနှင့် Cosplayer ၁၆ ယောက်မှ ဝတ်ဆင်ပြသကာ ဖက်ရှင်၊ ဖျော်ဖြေမှုနှင့် eSports စွမ်းရည်တို့ကို ပေါင်းစပ်ပြသခဲ့သည်။ ထို့အတူ PUBG Mobile ၏ ပထမဆုံးသော Influencer နှစ်ပတ်လည် Gala ပွဲကြီးကိုလည်း ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု DGR LEVI က Most Popular Influencer Award နှင့် Most Creative Influencer Award တို့ကို Voting အမြင့်ဆုံးဖြင့် သိမ်းပိုက်ရရှိခဲ့သည်။
2025 PMGC ပြိုင်ပွဲကြီးကို ပြန်လည်ကြည့်ရှုလိုသော ပရိတ်သတ်များအနေဖြင့် ထုတ်လွှင့်မှု အပြည့်အစုံကို PUBG Mobile Esport ၏ တရားဝင် YouTube၊ Facebook နှင့် Twitch ချန်နယ်များတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ PUBG Mobile Esport သတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိလိုပါက PUBG Mobile Esport ၏ တရားဝင် Facebook၊ Instagram၊ Twitter၊ Youtube နှင့် TikTok ပလက်ဖောင်းများတွင် ဝင်ရောက်လေ့လာနိုင်သည်။



