အက်တမ်(ATOM) မှ ပိုမိုကောင်းမွန်သောဒစ်ဂျစ်တယ် အနာဂတ်ကို ပုံဖော်နိုင်ရန် လူငယ်များအား ပြုစုပျိုးထောင်လျက်ရှိ

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးနေသည့် အက်တမ်(ATOM) သည်  လူငယ်များအတွက် အဓိကရည်ရွယ်သော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ပြုလုပ်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အနာဂတ်ပုံဖော်ရေး ကတိကဝတ်ကို အားပေးထောက်ခံလျက်ရှိသည်။ Talent Accelerator Programme (TAP)၊ အလုပ်သင် (Internship) အစီအစဉ်၊ Beyond Better Future အစီအစဉ် နှင့်  ICT Lab လှူဒါန်းခြင်း စတဲ့ မဟာဗျူဟာမြောက် အစီအစဉ်များမှ တစ်ဆင့် ဆန်းသစ်တီထွင်သော အနာဂတ်အတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်အင်အား ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးနိုင်ရန် ပညာရပ်ဆိုင်ရာ သင်ယူမှုများနှင့် လက်တွေ့လုပ်ငန်းခွင် လိုအပ်ချက်များကြား ကွာဟချက်ကို အက်တမ်(ATOM)မှ ထိရောက်စွာကူညီ ပေါင်းကူးပေးလျက်ရှိပါသည်။

အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® အဖြစ် ဂုဏ်ယူစွာ အသိအမှတ်ပြုခံထားရသည့် အက်တမ်(ATOM) သည် လူမှုအသိုင်းအဝိုင်း ဦးစားပေး လုပ်ငန်းခွင်ယဉ်ကျေးမှုကို မဟာဗျူဟာမြောက် အသုံးချခြင်းဖြင့် နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည် ထူးချွန်သော မျိုးဆက်သစ်လူငယ်များကို အားပေးမြှင့်တင် ပေးလျက်ရှိသည်။ Beyond Better Future အစီအစဉ်သည် ကျောင်းသား/သူများအား လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အတွေ့အကြုံများနှင့် ပညာရှင်ဆရာများ၏ လမ်းညွှန်မှုများကို ပံ့ပိုးပေးခြင်းဖြစ်ပြီး တက္ကသိုလ် (၁၃)ကျောင်းမှ ကျောင်းသား/သူ (၆၅၀) ကျော် ပါဝင်ခဲ့ပြီး ဖြစ်သည်။

Image: ATOM

အက်တမ်(ATOM)က လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်မှုများကို ပိုမိုမြှင့်တင်နိုင်ရန် Talent Accelerator Programme (TAP) ကို (၁၈) လကြာ စနစ်တကျ ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ်မှ စတင်ခဲ့သည့် အဆိုပါအစီအစဉ်တွင် ပါဝင်သူဦးရေ (၅၀) ကျော် ရှိခဲ့ပြီး  5G၊ Cloud Computing၊ Data Analytics နှင့် Customer Experience (CX) ကဲ့သို့ လိုအပ်ချက်မြင့်မားသည့် ကျွမ်းကျင်မှုများကို အဓိကထား သင်ကြားပေးသည်။  ထို့အပြင် သင်တန်းသားများအား အကြီးတန်း အုပ်ချုပ်ရေးခေါင်းဆောင်များမှ တိုက်ရိုက်သင်ကြားပြသမှုများ ပေးအပ်ကာ ပါဝင်သူများထဲမှ (၅၀) ရာခိုင်နှုန်းမှာ အက်တမ်(ATOM) တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းလဲခန့် အပ်ခံရသည်။

“အနာဂတ်ဟာ မျိုးဆက်သစ်လူငယ်တွေအပေါ် များစွာမူတည်တာဖြစ်လို့ လူငယ်တွေကို အားပေးပံ့ပိုး ပေးနေတာက ကျွန်တော်တို့အတွက် ရေရှည်အရေးပါတဲ့ ဦးစားပေးလုပ်ငန်းတစ်ခုပါ။ အခုလို အဓိပ္ပါယ် ပြည့်ဝတဲ့ အစီအစဉ်တွေမှာ ရင်းနှီးမြုပ်နှံကာ ကျွန်တော်တို့ဟာ လူရည်ချွန်တွေကို မွေးထုတ်ပေးနေပြီး ဒီလို လူငယ်အတတ်ပညာရှင်တွေအတွက် နည်းပညာဆိုင်ရာကျွမ်းကျင်မှု၊ ဗဟုသုတ၊ ယုံကြည်မှုတွေနဲ့ အတူ တီထွင်ဆန်းသစ်မှုတွေကို မောင်းနှင်နိုင်မယ့် ရေရှည်အကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးလိုတာ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းမှုတွေကတစ်ဆင့် ပိုမိုကောင်းမွန်ပြီး ပိုမိုချိတ်ဆက်နိုင်တဲ့ မြန်မာနိုင်ငံကို ဖန်တီးရာမှာ လိုအပ်တဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်ပညာရှင်အင်အားကို များစွာအထောက်အကူပြုစေပါတယ်။ အက်တမ်(ATOM) အနေနဲ့လည်း လူငယ်တွေလိုအပ်နေတဲ့ ကျွမ်းကျင်မှုနဲ့ ယုံကြည်မှုရှိရှိ ဦးဆောင်နိုင်အောင် ထောက်ပံ့ပေးခြင်းဖြင့် လူငယ်များကို ဆက်လက်ပံ့ပိုးပေးသွားဖို့ ရှိပါတယ်” ဟု  အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ ပြောကြားခဲ့သည်။

Image: ATOM

အက်တမ်(ATOM) မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ (၃) လကြာမြင့်သည့် အလုပ်သင် (Internship) အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ကျောင်းသားများနှင့် ဘွဲ့ရပြီးခါစ လူငယ်များအတွက် လုပ်ငန်းနယ်ပယ်အတွေ့အကြုံများ၊ လမ်းညွှန်အကြံပေးမှုများနှင့် နယ်ပယ်အသီးသီးမှ ထူးချွန်သော အလုပ်သင်များအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းကြောင်းများကို ပံ့ပိုးပေးနိုင်ခဲ့ ပါသည်။ Gusto, Matrix, Chindwin နှင့် Strategy First တို့ကဲ့သို့ ထိပ်တန်းပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အလုပ်သင်များသည် ကျွမ်းကျင်ပညာရှင်များနှင့်အတူ စီးပွားရေးဆိုင်ရာ အထောက်အကူပြု နည်းပညာဖန်တီးတီထွင်မှု စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့သည်။

အက်တမ်(ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် ကိုဇာနည်ထွန်း မှလည်း “အက်တမ် (ATOM) ဟာ အရည်အချင်းရှိသူများအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနေတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေကို ပိုမိုတိုးတက်အောင်မြင်ပြီး အပြုသဘော ဆောင်တဲ့ ပြောင်းလဲမှုတွေ ရရှိစေဖို့ လူမှုအသိုင်းအဝိုင်းကိုဦးစားပေးတဲ့  ယဉ်ကျေးမှုကို ဗဟိုပြုပြီး မှန်ကန် ကောင်းမွန်တဲ့ ပလက်ဖောင်းတွေကတစ်ဆင့် ပံ့ပိုးပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ Great Place to Work® တန်ဖိုးတွေကို ထင်ဟပ်စေတဲ့ အားလုံးအတူတကွပါဝင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းထားရင်း မြန်မာနိုင်ငံရှိ လူငယ်များကို အခုလို တက်တက်ကြွကြွ ကူညီပေးနိုင်တဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Image: ATOM

ပညာရေးနှင့် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အက်တမ်(ATOM) သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ အင်းလေးနှင့် နေပြည်တော်တို့တွင် ICT Lab (၅) ခု ကို လှူဒါန်းခဲ့ပြီး ကျောင်းသား (၈,၀၀၀) ကျော်အတွက် အထောက်အကူ ဖြစ်စေခဲ့သည်။ မြန်မာငွေကျပ်သိန်း (၁,၄၉၀) ကျော် တန်ဖိုးရှိသည့် ဤပံ့ပိုးမှု၏ ရည်ရွယ်ချက်မှာ နည်းပညာဝန်ဆောင်မှုရရှိရန် ခက်ခဲသော ဒေသများ၌ ဒစ်ဂျစ်တယ် ကွာဟချက်ကို ပေါင်းကူးပေးရန်၊ အရည်အသွေးရှိသော ဒစ်ဂျစ်တယ် သင်ယူမှု ကိရိယာများကို အသုံးပြုခွင့် တိုးချဲ့ရန်နှင့် နောင်မျိုးဆက်သစ်များ၏ အနာဂတ်အခွင့်အလမ်းများအတွက် လိုအပ်သော အရည်အချင်းများကို ပြင်ဆင်ပေးနိုင်ရန်တို့ ဖြစ်သည်။ ICT Lab တစ်ခုချင်းစီတိုင်းတွင် Laptop များ၊ ကွန်ပျူတာနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ၊ Printer များ၊ လျှပ်စစ်ဗို့အားထိန်းစက်များ အပြင် ATOM Broadband Routers များနှင့် ATOM Broadband Internet ဝန်ဆောင်မှုများကိုပါ ပံ့ပိုးပေးထားသည်။

လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်လာနိုင်ခြင်းအပြင် ပညာရေးကဏ္ဍနှင့် လုပ်ငန်း နယ်ပယ်ကဏ္ဍအကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာအောင် တည်ဆောက်ခြင်းအားဖြင့် အက်တမ်(ATOM) သည် ဒစ်ဂျစ်တယ်အနာဂတ်အတွက် လူရည်ချွန်များကို ပံ့ပိုးမြှင့်တင်ပေးကာ မြန်မာနိုင်ငံ၌ ဒစ်ဂျစ်တယ် ကျယ်ပြန့်စွာသုံးစွဲလာရေး ရေရှည်မျှော်မှန်းချက်ကို အကောင်အထည်ဖော်နေကြောင်း ထင်ရှားစွာ ပြသလျက်ရှိသည်။ ထို့ပြင် နောင်လာမည့် ခေါင်းဆောင်မျိုးဆက်များအနေဖြင့် ဒစ်ဂျစ်တယ် အနာဂတ်အတွင်း အောင်မြင်စွာ ရပ်တည်နိုင်ရန်လည်း ရည်ရွယ်သည်။ အဆိုပါ အစီအစဉ်များကို ပိုမိုအလေးပေးဆောင်ရွက် လာခြင်းသည် အနာဂတ်အတွက် အသင့်ပြင်ဆင်ထားသော ကျွမ်းကျင်ပညာရှင်အင်အားကို ဖန်တီးရာတွင် အက်တမ်(ATOM) ၏ အရေးပါသော အခန်းကဏ္ဍ နှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ပြောင်းလဲတိုးတက်ရေး ရည်မှန်းချက်များကို ပြည့်မီအောင် ဆောင်ရွက်နေမှုတို့ကို ထင်ဟပ်ပြသနေသည်။