အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ ပရိုမိုးရှင်းကြီးမှ ပထမဦးဆုံး ကျပ်သိန်း (၁,၀၀၀) ကံထူးရှင် (၃) ဦးအား ဆုချီးမြှင့်

အက်တမ်(ATOM) မြန်မာသည် သုံးစွဲသူများအတွက် အကြီးမားဆုံးသော ‘ကံထူးရင်းကံမြူး – စုစုပေါင်းငွေသားကျပ်သိန်း ၁၂,၀၀၀’ အစီအစဉ်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ တရားဝင်မိတ်ဆက်ပြုလုပ်လျက်ရှိသည်။ အဆိုပါ ကံထူးရင်းကံမြူးအစီအစဉ်ကြီးအား ဆုကြေးငွေ စုစုပေါင်းငွေသားကျပ်သိန်း    (၁၂,၀၀၀) အပြင် သုံးစွဲသူများ၏ အတွေ့အကြုံများကို ပိုမိုကောင်းမွန်စေမည့် အခြားအကျိုးခံစားခွင့် အစီအစဉ်သစ်များစွာလည်း ပါဝင်သွားမည် ဖြစ်သည်။

ဤကံထူးရင်းကံမြူးအစီအစဉ်ကြီးမှတစ်ဆင့် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ကံစမ်းမဲ လက်မှတ်ပေါင်း (၁၅၈) သန်းကျော် ထုတ်ပေးနိုင်ခဲ့သည်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲသူများ၏ စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲမှုကို ရရှိခဲ့သည်။ အဆိုပါ ကံထူးရင်းကံမြူး အစီအစဉ်ကြီးတွင် ဆွဲဆောင်မှုအမြင့်မားဆုံးသော ဆုလက်ဆောင်အစီအစဉ်များ ပါဝင်မည်ဖြစ်ကာ ကံထူးရှင် တစ်ကြိမ်ရွေးချယ်တိုင်း ကျပ်သိန်း (၁,၀၀၀) အထူးဆုကြီး (၃) ဆုကို ပေးအပ်သွားမည် ဖြစ်သည်။

Image: ATOM

ဇန်နဝါရီလမှ မတ်လအထိ ပထမအကြိမ်ရွေးချယ်လိုက်သော  ကံထူးရှင် (၃) ဦးမှာ ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ်မှ အရောင်းကြီးကြပ်ရေးမှူး ကိုဇေယျာမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှ တောင်သူ ဒေါ်မူမူဆွေနှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ဦးမြင့်သောင်းတို့ ဖြစ်ကြပြီး ဒေသအသီးသီးမှ လူမှုအသိုင်းအဝိုင်းအနှံ့အပြားသို့ ဤပရိုမိုးရှင်း အစီအစဉ်ကြီး ကျယ်ပြန့်စွာရောက်ရှိခဲ့ကြောင်းကို ပြသနေခြင်းပင် ဖြစ်သည်။ အဆိုပါ ကံထူးရှင်များအတွက် တရားဝင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ရန်ကုန်မြို့၊ Sule Square ရှိ အက်တမ်(ATOM) ရုံးချုပ်၌ ကျင်းပခဲ့သည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်သူတစ်ရပ်လုံးအတွက် ‘ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝ’ တွေကို ဖော်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့နှစ်  အစီအစဉ်ကြီးကနေ ရရှိခဲ့တဲ့ သုံးစွဲသူတွေရဲ့ အားပေးမှုနဲ့ ကောင်းမွန်တဲ့ ရလဒ်တွေကြောင့် ဒီနှစ်မှာလည်း သုံးစွဲသူတွေအတွက် ပိုမိုတန်ဖိုးရှိတဲ့ အကျိုးကျေးဇူးတွေ ဖန်တီးပေးနိုင်ဖို့ ဆုကြေးငွေ စုစုပေါင်းငွေသားကျပ်သိန်း (၁၂,၀၀၀) အထိ တိုးမြှင့်ပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီဆုကြေးငွေတွေဟာ ကံထူးရှင်တွေရဲ့ ဘဝအတွက် အမှန်တကယ် အထောက်အပံ့ဖြစ်စေပြီး အခွင့်အလမ်းသစ်တွေ ရရှိစေနိုင်မယ့်အပြင် အနာဂတ်အတွက် ပိုမိုခိုင်မာတဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေကို ယူဆောင်လာပေးနိုင်တာကို မြင်တွေ့ရတဲ့အတွက် တကယ်ကို စိတ်လှုပ်ရှားကြည်နူးမိပါတယ်။ အခုနှစ်မှာလည်း အလားတူပဲ နိုင်ငံတစ်ဝန်းက ပိုမိုများပြားတဲ့ ကံထူးရှင်တွေရဲ့ ဘဝတွေအတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိရှိ ပြောင်းလဲပေးနိုင်ဖို့ ကျွန်တော်တို့ စိတ်အားထက်သန်စွာနဲ့ ဆက်လက်ဆောင်ရွက် သွားမှာပါ” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် က ဆက်လက်ပြောကြားခဲ့သည်။

Image: ATOM

သုံးစွဲသူများအနေဖြင့် ဒေတာ(Data)၊ ဖုန်းခေါ်ဆိုမှု(Voice)၊ Flexi အစီအစဉ်များ၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ၊ VAS၊ Roaming နှင့် IDD အစရှိသည့် မည်သည့် အက်တမ်(ATOM) ပက်ကေ့ချ်ကိုမဆို (၉၉၉)ကျပ် နှင့်အထက် ဝယ်ယူရုံဖြင့် ဤရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကံထူးရင်းကံမြူး အစီအစဉ်ကြီးတွင် ပါဝင်နိုင်မည် ဖြစ်သည်။ သတ်မှတ်ချက်နှင့်ကိုက်ညီသော ဝယ်ယူမှုတိုင်းအတွက် ကံစမ်းမဲလက်မှတ်များကို ရရှိမည်ဖြစ်ပြီး ဝယ်ယူမှုများလေ၊ ကံထူးနိုင်ခြေ အခွင့်အလမ်း ပိုများလေ  ဖြစ်သည်။ အက်တမ်(ATOM) သည် “Angel Hour” ဟု မူလမိတ်ဆက်ခဲ့ပြီး ယခု “Special Moments” from ATOM ဟု ရည်ညွှန်းသည့် first-to-market initiative တစ်ရပ်ကိုလည်း မိတ်ဆက်ထားသည်။ ၎င်းသည် အက်တမ်(ATOM) ကို ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုရှိသော brand တစ်ခုအဖြစ် ရပ်တည်မှုကို ပိုမိုခိုင်မာစေပြီး သတ်မှတ်ထားသော အချိန်များတွင် packages များဝယ်ယူသော အသုံးပြုသူများအား ကံစမ်းမဲလက်မှတ်များကို နှစ်ဆရရှိစေသော အကျိုးခံစားခွင့်တစ်ရပ် ဖြစ်သည်။

ထို့အပြင် ကံစမ်းမဲလက်မှတ်အများဆုံးရရှိထားသော အသုံးပြုသူ အယောက် (၃၀၀) ဦးအား တစ်ဦးလျှင် ကျပ် ၁၀၀,၀၀၀ တန်ဖိုးရှိ top-up များပေးအပ်ခြင်းဖြင့် သုံးစွဲသူအတွေ့အကြုံကို ပိုမိုတိုးတက် ကောင်းမွန်စေမည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အဆိုပါ ကံထူးရင်းကံမြူးအစီအစဉ်ကြီးအား ATOM App၊ USSD၊ အရောင်းဆိုင်များ၊ ဘဏ်လုပ်ငန်းပလက်ဖောင်းများ နှင့် E-wallets စသည်တို့မှတစ်ဆင့် ပါဝင်နိုင်သည့်အတွက် တစ်နိုင်ငံလုံးရှိ ပြည်သူများ လွယ်ကူကျယ်ပြန့်စွာ ပါဝင်ဆင်နွှဲနိုင်မည် ဖြစ်သည်။

အက်တမ်(ATOM) သည် သုံးစွဲသူများ၏ လိုအပ်ချက်နှင့် တုံ့ပြန်မှုများအပေါ် မူတည်၍ ဝန်ဆောင်မှုများကို အစဉ်မပြတ် မြှင့်တင်ပေးလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်ကပြုလုပ်ခဲ့သည့် အစီအစဉ်ကြီးတွင် ပါဝင်ဆင်နွှဲသူ အများအပြားရှိခဲ့ပြီး ATOM App အသုံးပြုမှု သိသိသာသာ မြင့်တက်လာခြင်းသည်လည်း သုံးစွဲသူများ၏ အက်တမ်(ATOM) အပေါ် ထားရှိသော စိတ်ဝင်စားမှုနှင့် ယုံကြည်မှုတို့ကို ထင်ဟပ်စေပါသည်။ ယခုနှစ် ‘ကံထူးရင်းကံမြူး’ အစီအစဉ်ကြီးတွင်လည်း အက်တမ်(ATOM) အနေဖြင့် သုံးစွဲသူများ၏ မျှော်မှန်းချက်များ မြင့်မားလာသည်နှင့်အမျှ ရရှိမည့် အတွေ့အကြုံများနှင့် ဆုလက်ဆောင်များကိုပါ ပိုမိုတိုးမြှင့်ပေးထားပြီး သုံးစွဲသူများ၏ နေ့စဉ်အသုံးပြုမှုများမှတစ်ဆင့် ဘဝအတွက် ပိုမိုကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ပေါ်စေမည့် အခိုက်အတန့်များကို ဖန်တီးပေးရုံသာမက ဒစ်ဂျစ်တယ် ဂေဟစနစ်အတွင်း သုံးစွဲသူများနှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေရန် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည်။

Image: ATOM

ဤအစီအစဉ်ကြီးတွင် အက်တမ်(ATOM) ၏ ကြိုတင်ငွေဖြည့်မိုဘိုင်းသုံးစွဲသူများအားလုံး ပါဝင်သွားနိုင်မည် ဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ကံထူးရှင်များကို ကျပန်းရွေးချယ်သွားမည် ဖြစ်ကာ ATOM Call Center မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးသွားမည် ဖြစ်သည်။ ထို့အပြင် ဆုကြေးများ မပေးအပ်မီတွင် ကံထူးရှင်အစစ်ဖြစ်ကြောင်း သေချာစေရန်အတွက် ဆင်းမ်ကတ်ပိုင်ဆိုင်မှု မှန်ကန်ခြင်း ရှိ၊ မရှိကိုလည်း စနစ်တကျ စစ်ဆေးသွားမည် ဖြစ်သည်။

အနည်းဆုံး (၉၉၉)ကျပ် မှစတင်၍ ပါဝင်နိုင်သည့်အပြင် ဆန်းသစ်သော ပါဝင်နိုင်မှုပုံစံများနှင့် တိုးမြှင့်ထားသော ဆုကြေးငွေပမာဏတို့ကြောင့် ဤ ‘ကံထူးရင်းကံမြူး’ အစီအစဉ်ကြီးသည် သုံးစွဲသူများနှင့် ထိတွေ့ဆက်ဆံခြင်း ကဏ္ဍ၌ စံချိန်သစ်များရရှိခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ အက်တမ်(ATOM) ကို အစဉ်မပြတ် အသုံးပြုခြင်းကို မြှင့်တင်ပေးနိုင်ရုံသာမက အကျိုးသက်ရောက်မှုကောင်းတွေကိုပါ ဖော်ဆောင်ပေးလျက် ရှိသည်။ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ကုန်အထိ ကျင်းပသွားမည့် အဆိုပါ ‘ကံထူးရင်းကံမြူး’ အစီအစဉ်ကြီးတွင် သတ်မှတ်ထားသည့် အက်တမ်(ATOM) ပက်ကေ့ချ်များကို ဝယ်ယူရင်း ကျပ်သိန်း (၁,၀၀၀) ကံထူးရှင်များ ဖြစ်လာနိုင်ရန်  သုံးစွဲသူများ အားလုံးကို ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။