50MP ပါရှိတဲ့ အရှေ့နှင့် အနောက်ကင်မရာများ၊ အမြင့်ဆုံး Durability စွမ်းဆောင်ရည်နှင့် အကောင်းဆုံး စွမ်းဆောင်ရည်မြင့် ချောမွေ့မှုတွေနဲ့အတူ 6 Years Fluency Protection အထိ ပါဝင်လာမဲ့ OPPO A6s Pro

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO မှ ယနေ့ ဇွန် (၁၀) ရက်နေ့တွင် နေ့စဉ်အသုံးပြုမှုအတွက် ထိပ်တန်းချောမွေ့မှုနဲ့ စွမ်းဆောင်ရည်မြင့်မားရုံသာမက ယုံကြည်စိတ်ချရတဲ့ အတွေ့အကြုံတွေ ပါရှိလာတဲ့ OPPO A6s Pro ကို ၁,၉၉၉,၉၀၀ ကျပ်ဖြင့်  စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

သုံးစွဲသူတွေရဲ့ လိုအပ်ချက်အပေါ် အပြည့်အဝ အားစိုက်ကာ ဖန်တီးပုံဖော်ထားတဲ့ အဆိုပါ OPPO A6s Pro မှာ ဆိုရင် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား ပိုပြီးကောင်းမွန် လှပတဲ့ ဒီဇိုင်း၊ အဆင့်မြင့် ဓာတ်ပုံရိုက်ကူးနိုင်မှု၊ Group Selfie တွေအတွက် ပိုမိုကျယ်ပြန့်ရှင်းလင်းတဲ့ မြင်ကွင်း၊ ထူးခြားတဲ့ တာရှည်ခံမှု၊ အချိန်ကြာရှည်စွာ အသုံးပြုနိုင်တဲ့ ကြီးမားတဲ့ ဘက်ထရီ နဲ့အတူ အမြဲတမ်း ချောမွေ့နေတဲ့ စွမ်းဆောင်ရည်တို့ကို ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။

ဒါတင်သာမက ဇွန် (၁၀) ရက်နေ့မှ စတင်ကာ ဇူလိုင် (၃၁) ရက်နေ့အတွင်း OPPO A6s Pro ကို ဝယ်ယူမဲ့ သုံးစွဲသူတွေအတွက် 5-years Battery Protection Plan ၊ 180 days Screen Protection Plan နဲ့ ATOM Package တွေကို လက်ဆောင်အဖြစ်ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါအပြင် iPhone အသုံးပြုသူတွေနဲ့ Trade-in လုပ်နိုင်မဲ့အခွင့်အ‌ရေးတစ်ခုကလဲ ပါရှိလာပြီဖြစ်ပါတယ်။ iPhone 12 နဲ့ အထက် ထုတ်ကုန်မော်ဒယ်တွေအားလုံးကို လက်ရှိတန်ဖိုးငွေကြေး ၅၀၀,၀၀၀ ကျပ်မှ ၉၉၀,၀၀၀ ကျပ်တန်ဖိုးရှိ iPhone ထုတ်ကုန်များကို Discount အဖြစ် ၆၀,၀၀၀ ကျပ် ၊ လက်ရှိတန်ဖိုးငွေကြေး ၁,၀၀၀,၀၀၀ ကျပ် မှ ၁,၄၉၀,၀၀၀ ကျပ်တန်ဖိုးရှိ iPhone ထုတ်ကုန်များကို Discount အဖြစ် ၉၀,၀၀၀ ကျပ် ၊ လက်ရှိတန်ဖိုးငွေကြေး ၁,၅၀၀,၀၀၀ ကျပ်မှ ၁,၉၉၀,၀၀၀ ကျပ်တန်ဖိုးရှိ iPhone ထုတ်ကုန်များကို Discount အဖြစ် ၁၂၀,၀၀၀ ကျပ် နှင့် လက်ရှိတန်ဖိုးငွေကြေး ၂,၀၀၀,၀၀၀ ကျပ်နှင့်အထက် တန်ဖိုးရှိ iPhone ထုတ်ကုန်တွေအတွက် Discount အဖြစ် ၁၅၀,၀၀၀ ကျပ် ပေးအပ်သွားမှာဖြစ်ပြီး အဆိုပါ Trade-in စနစ်ကို OPPO Official Store မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Image: OPPO

ဈေးနှုန်းတူ စမတ်ဖုန်းတွေကြားက တစ်ခုတည်းသော 0.6x Ultra Wide Selfie Camera ပါရှိလာတဲ့ OPPO A6s Pro

OPPO A6s Pro မှာဆိုရင် 50MP Dual Camera System နဲ့အတူ မိုဘိုင်း ဓာတ်ပုံရိုက်ကူးမှုကို အဆင့်မြှင့်တင် ပေးထားသလို ၎င်းမှာ ပါရှိလာတဲ့ 50MP Ultra Wide Selfie Camera ဟာ 0.6x Ultra Wide Selfie Camera အဖြစ်ပါရှိလာတာကြောင့် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား မြင်ကွင်းအကျယ်ဆုံး တစ်ခုတည်းသော Ultra Wide Selfie Camera ဖြစ်သလို အဆိုပါ စျေးနှုန်းအပိုင်းအခြားအတွင်း အစွမ်းထက်ဆုံး 100-degree မြင်ကွင်းကျယ်နှင့် Advanced Autofocus စနစ်တို့ကြောင့် လူအများပါဝင်တဲ့ Selfie ဓာတ်ပုံ ပုံရိပ်ကို တစ်ပြိုင်နက်တည်း ဖမ်းယူနိုင်သလို မျက်နှာတွေကိုလဲ ပြတ်သားစွာ ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 50MP Ultra-Clear Main Camera နှင့်ပေါင်းစပ်ထားခြင်းကြောင့် လူတိုင်းအတွက် အမှတ်တရအချိန်တွေကို ပြည့်စုံစွာ ဖမ်းယူပြီး ပြန်လည်မျှဝေနိုင်မဲ့ အခွင့်အလမ်းအသစ်တွေကို ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒါတင်သာမက ညဘက်တွေမှာ Selfie Camera ဖြင့် ဓာတ်ပုံရိုက်မယ်ဆိုရင်တောင် အလင်းမလျော့သွားအောင် အသားအရေရဲ့ အလင်းအမှောင်ကို ပိုပြီး ညီညာ တောက်ပစေနိုင်မဲ့ Screen Flash လဲ ပါရှိဦးမှာဖြစ်ပါတယ်။

ဒါအပြင် OPPO ရဲ့ လူကြိုက်များတဲ့ AI Imaging နည်းပညာတွေကိုပါ တစ်ပါတည်း ထည့်သွင်းပေးထားပြီး AI Portrait Glow ၊ AI Flash Photography နှင့် AI Eraser တို့ကဲ့သို့သော လုပ်ဆောင်ချက်တွေကို ယခင်က ကမ္ဘာတစ်ဝန်းရှိ OPPO အသုံးပြုသူတွေကြားမှာ လူကြိုက်များခဲ့သလိုပဲ ယခုအခါ OPPO A6s Pro မှ တစ်ဆင့် ပိုမိုကျယ်ပြန့်များပြားတဲ့ အသုံးပြုသူတွေ သုံးစွဲနိုင်အောင် ဖန်တီးပေးထားတာကြောင့် Professional-grade AI အတွေ့အကြုံကို လူတိုင်းအတွက် ရရှိနိုင်စေမှာဖြစ်ပါတယ်။

Image: OPPO

အရင်ထက် ပိုမို အဆင့်မြင့် ထူးခြားလာတဲ့ OPPO A6s Pro ရဲ့ ဒီဇိုင်း

OPPO A6s Pro ဟာ ၎င်းနဲ့ ဈေးတန်တူ စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ပါက သုံးစွဲသူတွေရဲ့ မျှော်မှန်းချက်တွေကို  တစ်ဖန်မြှင့်တင်ပေးနိုင်တဲ့ အထိ အဆင့်မြင့်ပြီး ခေတ်မီကြွရွတဲ့ ဒီဇိုင်းကို ပုံဖော် မိတ်ဆက်ပေးလာတာ ဖြစ်ပါတယ်။ အသေးစိတ်အထိ စနစ်တကျ ပြုပြင်ဖန်တီးထားတဲ့ ကျောဘက်ဒီဇိုင်း ပုံစံက  မျက်စိအမြင်အာရုံအတွက် ဆွဲဆောင်မှုရှိသလို လက်ထဲ ကိုင်ဆောင်တဲ့အခါမှာလဲ သက်သောင့်သက်သာ ဖြစ်စေနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ OPPO A6s Pro မှာဆိုရင် အရောင်အားဖြင့် အရောင်နှစ်မျိုးဖြစ်တဲ့ Lumina Forest နှင့် Eclipse Blue တို့ဖြင့် ထွက်ရှိလာမှာဖြစ်ပါတယ်။ Lumina Forest ဟာ Frosted Texture နဲ့အတူ သစ်တောရဲ့ အေးချမ်းလှပမှုကို ကြွရွလှပတဲ့ 3D ဒီဇိုင်းနဲ့အတူ အထူးခြားဆုံးပုံဖော်ထားသလို Eclipse Blue ဟာဆိုရင် လက်နဲ့ ထိတွေ့ရာမှ နူးညံ့မှုကိုခံစားရစေနိုင်တဲ့ ကျောဘက်ခံစားမှုနဲ့အတူ  Deep Dipping-process Color ဖြင့် ပိုမိုအရောင်နက်ရှိုင်းပြီး Premium ခံစားမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဒါတင်သာမက ၎င်းရဲ့ ပါးလွှာ ကျစ်လစ်လှပတဲ့ ကိုယ်ထည်ဒီဇိုင်းကို IMAX-level Immersive Display နဲ့အတူ ပေါင်းစပ်ထားပြီး ပါးလျတဲ့ Ultra-narrow Bezels ကြောင့် သုံးစွဲသူတွေအနေနဲ့ မျက်နှာပြင်ကို ခပ်ကျယ်ကျယ် အသုံးပြုရတဲ့အတွေ့အကြုံကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Streaming ကြည့်ရှုခြင်း၊ gaming ကစားခြင်းမှစလို့ Browsing နဲ့ Social Media အသုံးပြုမှုတွေအထိ အတွေ့အကြုံတိုင်းကို ပိုမိုအပြည့်အဝ ခံစားနိုင်စေမှာဖြစ်ပါတယ်။

Image: OPPO

အချောမွေ့ဆုံး အတွေ့အကြုံတွေကို ပေးစွမ်းသွားမဲ့ OPPO A6s Pro

OPPO A6s Pro အနေနဲ့ သုံးစွဲသူတွေအဆင်ပြေအောင် မျက်နှာပြင်ကို IMAX-level Immersive Display အသုံးပြုမှုအတွေ့အကြုံပါရှိမဲ့အပြင် ချောမွေ့မှုအတွက် ပိုမိုမြှင့်တင်ပေးနိုင်မဲ့ 120Hz AMOLED ကို အသုံးပြုထားတာဖြစ်ပါတယ်။ ၎င်း 120Hz AMOLED Ultra Bright Display ဟာဆိုရင် အမြင့်ဆုံး 1,400 nits အလင်းအားပါရှိတာကြောင့် ပြင်ပနေရာတွေရောက်ရင်တောင်မှ ဖုန်းမျက်နှာပြင်ကို အပြတ်သားဆုံး မြင်နိုင်အောင်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် လူစုလူဝေးများတဲ့နေရာတွေမှာတောင် လိုင်းဆွဲအား Signal အားနည်းမှု မဖြစ်စေရန် AI LinkBoost နည်းပညာကို အသုံးပြုထားပြီး Antenna ဒီဇိုင်းနဲ့ AI Software Optimization တို့ကို ပေါင်းစပ်ကာ Signal အားကို မြှင့်တင်ပေးဦးမှာဖြစ်ပါတယ်။ ဒါတင်သာမက A Series ထုတ်ကုန်တွေထဲမှာ ထည့်သွင်းပေးလေ့ မရှိတဲ့ Super VC Cooling System ပါရှိလာတာကြောင့် ဖုန်းအသုံးပြုတဲ့အခါမှာ ပူခြင်း ၊ နှေးခြင်းမရှိဘဲ ဂိမ်းဆော့ခြင်းနဲ့ တခြားသော ဖုန်းအသုံးပြုတဲ့နေရာတွေမှာ အပူလွန်ကဲမှုဖြစ်မလာတာကိုလဲ ခံစားရမှာဖြစ်ပါတယ်။

ဒါတင်သာမက OPPO A6s Pro ဟာ Luminous Rendering Engine နဲ့ Trinity Engine တို့ကို ပေါင်းစပ်ထားတဲ့ ColorOS 16 ပထမဦးဆုံးပါရှိလာတဲ့ စမတ်ဖုန်းဖြစ်တာကြောင့် နေ့စဉ်အသုံးပြုမှုတွေ အပြင် Multitasking လိုမျိုး အလုပ်များစွာကို တစ်ပြိုင်တည်း လုပ်ဆောင်ရင်တောင်မှ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ချောမွေ့စွာ ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် OPPO ရဲ့ 6-Year Fluency Protection ဖြင့် အချိန်ကြာမြင့်စွာ လျင်မြန်ပြီး နှောင့်နှေးမှု လုံးဝမရှိတဲ့ စမတ်ဖုန်းအသုံးပြုမှုအတွေ့အကြုံကို ဆက်လက်ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

Image: OPPO

ကြီးမားတဲ့ ဘက်ထရီနဲ့အတူ ခံနိုင်ရည်စွမ်းဆောင်မှုအားပြင်းတဲ့ OPPO A6s Pro

စမတ်ဖုန်းရဲ အသက်သွေးကြောထဲက တစ်ခုအဖြစ်ဆိုရလောက်တဲ့ ဘက်ထရီ နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်လဲ ကြီးမားတဲ့ 7000mAh Ultra-Large Battery ကို အသုံးပြုထားပြီး နေ့စဉ်အားသွင်းအသုံးပြုမှု ၅ နှစ်ကျော်အထိတောင်မှ မူလစွမ်းဆောင်ရည်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်အထိ ထိန်းသိမ်းထားနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပါတယ်။ ဒါအပြင် OPPO ရဲ့ နာမည်ကျော် အားသွင်းမြန်စနစ် 80W SUPERVOOC Flash Charge ဖြင့် အချိန်တစ်နာရီဝန်းကျင်အတွင်း အားအပြည့်သွင်းယူနိုင်တာကြောင့် ဖုန်းအသုံးပြုမှုကို မနှောင့်နှေးအောင်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် စမတ်ဖုန်းရဲ့ တာရှည်ခံမှုကိုလဲ အထူး အာရုံစိုက်ထားပြီး နဂို A Series ထုတ်ကုန်တွေမှာ ပါရှိထားပြီးသား IP69 Dust & Water Resistance အဆင့်မှ IP69K အဆင့်ရှိ IP69K Dust & Water Resistance ဖြင့် ရေ၊ ဖုန်ကာကွယ်မှုအထိ ထိပ်တန်းအဆင့် အဆင့်မြှင့်တင်လိုက်ရုံသာမက Military-grade Shock Resistance တို့ဖြင့် ခိုင်မာအောင် ဖန်တီးထားတာကြောင့် တော်ရုံ ဘယ်လိုအခြေအနေမျိုးကိုမဆို ခံနိုင်ရည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိုးရွာသွန်းမှု ပြင်းထန်တဲ့  အခြေအနေတွေမှာ ဖုန်းမျက်နှာပြင်ကို အသွက်လက်ဆုံး အသုံးပြုနိုင်မှာဖြစ်သလို အပူချိန်မြင့်မားမှုနဲ့ စိုထိုင်းဆမြင့်မားမှုများတဲ့ အခြေအနေတွေမှာတောင် အသွက်လက်ဆုံး ခံနိုင်ရည်ရှိရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ခေတ်ရှေ့ပြေးတဲ့ Selfie Camera နဲ့အတူ ဘက်ထရီ အားခံပြီးစွမ်းဆောင်ရည် ပါ အထူးမြင့်မားတဲ့ နောက်ဆုံးပေါ်  OPPO A6s Pro နဲ့ပတ်သက်ပြီး အထူးသိရှိလိုပါက OPPO Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6  တို့မှ တစ်ဆင့် လေ့လာကြည်ရှုနိုင်မှာဖြစ်ပါတယ်။