Facebook ပေါ်မှာ AI Creator Assistant အသစ်တစ်ခုကို မိတ်ဆက်လိုက်တဲ့ Meta
Facebook ပေါ်မှာ AI Creator Assistant အသစ်တစ်ခုကို မိတ်ဆက်လိုက်တဲ့ Meta
Meta အနေနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ Creator တွေအတွက် သူတို့ရဲ့ Content Style, Performance, Community နဲ့ သူတို့ရဲ့ Goals တွေပေါ်လိုက်ပြီး Personalized Recommendations တွေကို ပေးသွားမယ့် AI Creator Assistant ကို Facebook ပေါ်မှာ စပြီး မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ Creator တွေအနေနဲ့ သူတို့ရဲ့ Performance တွေကို သိဖို့အတွက် Charts တွေ၊ Dashboards တွေကို စစ်ရမှာဆိုပေမယ့် AI assistant အသစ်နဲ့ဆိုရင်တော့ “ဘယ်အချိန်မှာ Post တင်သင့်လဲ”၊ “Comment မှာ ဘာတွေပြောနေကြလဲ” ဆိုတာတွေကို တစ်ခါထဲမေးနိုင်မှာ ဖြစ်ပါတယ်။

Image: Meta
မိတ်ဆက်လိုက်တဲ့ AI Assistant ဟာ Conversational ဖြစ်တာကြောင့် Follow-up မေးခွန်းတွေကို ဆက်မေးနိုင်သလို အချိန်ကြာလာတာနဲ့အမျှ Performance ပိုင်းတွေ၊ Audience ပြောင်းလဲတာတွေနဲ့ပက်သက်ပြီးလည်း နက်နက်ရှိုင်းရှိုင်းဆွေးနွေး ပြောဆိုနိုင်လာမှာ ဖြစ်ပါတယ်။ ဖြေလိုက်တဲ့အဖြေတွေကလည်း လက်ရှိရှိပြီးသားအချက်အလက်တွေနဲ့ Performance တိုးတက်လာဖို့ ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်နိုင်တယ်ဆိုတာတွေကို အခြေခံဖြေဆိုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Content အသစ်တွေဖန်တီးဖို့အတွက် Trending ဖြစ်နေတာတွေကိုလေ့လာပြီး ဥပမာအနေနဲ့ Trend ဖြစ်နေတဲ့ Audio ဒါမှမဟုတ် Content တွေကို ဘယ်လိုအသုံးပြုသင့်တယ်ဆိုပြီး အကြံဉာဏ် ပေးတာမျိုးအထိ Brainstorm လုပ်ပေးပြီး ကူညီနိုင်ဦးမှာ ဖြစ်ပါတယ်။
AI assistant အသစ်ကို အမေရိကန်၊ ကနေဒါနဲ့ အိန္ဒိယက Creator တွေအတွက် စတင်မိတ်ဆက်ပေးခဲ့ပြီး လုပ်ဆောင်ချက်အသစ်တွေထပ်တိုးဖို့လဲအစီအစဉ်ရှိပြီး တခြားနိုင်ငံတွေကိုလဲ မကြာခင်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
Meta အနေနဲ့ AI assistant ကို Creator access တွေပေးသွားမှာဖြစ်ပြီး Facebook ပေါ်မှာ သူ့ရဲ့ Market ပြိုင်ဖက် TikTok နဲ့ YouTube ထက် Active Creator တွေပိုများအောင်လုပ်ဆောင်နေတာဖြစ်နိုင်ပါတယ်။ Creator content idea တွေကိုလည်း AI assistant က ကူညီအကြံပေးသွားဦးမှာ ဖြစ်တဲ့အတွက် Facebook ပေါ်မှာ အရင်ကထက် Post တွေကို အချိန်ခပ်စိတ်စိတ်တင်ပြီး User Engagement တိုးလာအောင်လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

Image: Meta
Meta ရဲ့ Ecosystem ကိုပဲအသုံးပြုသွားမယ့်အတွက် Creator တွေအနေနဲ့ Brainstorming လုပ်တာနဲ့ Performance စစ်တာတွေအတွက် ChatGPT လို Third-party tools တွေကိုလည်း သုံးစရာလိုတော့မှာ မဟုတ်ပါဘူး။
AI assistant နဲ့အတူ Facebook မှာ အာရပ်၊ အင်ဒိုနီးရှား၊ ပြင်သစ်၊ ထိုင်းနဲ့ ဗီယက်နမ်ဘာသာ AI Translation တွေကိုလည်း ထည့်သွင်းထားတယ်ဆိုတဲ့ အကြောင်း Meta ဘက်က ကြောငြာခဲ့ပါသေးတယ်။ AI-translated Reels တွေကိုအသုံးပြုနိုင်တဲ့အတွက် Creator တွေရဲ့ အသံနဲ့ Tone တွေကိုပါ တခြားဘာသာစကားတစ်ခုကို အလိုအလျောက်ဘာသာပြန်နိုင်လာမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်ကို မိတ်ဆက်လိုက်တာကလည်း Creator တွေကြုံတွေ့ရလေ့ရှိတဲ့ ဘာသာစကားအခက်အခဲကြောင့် Audience တွေပိုမရနိင်တဲ့ ပြဿနာတွေကို ဖြေရှင်း ပေးချင်တာကြောင့်ဖြစ်ပါတယ်။ Creator တွေအနေနဲ့ lip-sync feature ကိုပါ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ဘာသာပြန်တာနဲ့ နှုတ်ခမ်းလှုပ်ရှားမှုတွေကိုပါ သဘာဝအတိုင်း တစ်ထပ်တည်းကျစေမှာ ဖြစ်ပါတယ်။ Meta ရဲ့ထုတ်ပြန်ချက်အရ Facebook ပေါ်မှာ AI-translated video တွေကို အပတ်စဉ်ကြည့်ရှုသူ ၅၀၀ မီလီယံအထိရှိတယ်လို့ သိရပါတယ်။



