TouchScreen ပါဝင်တဲ့ MacBook တကယ်ထွက်ရှိလာတော့မလား
MacBook တွေမှာ TouchScreen စနစ်မထည့်ဖို့ နှစ်ပေါင်းများစွာငြင်းဆိုနေခဲ့တဲ့ Apple အနေနဲ့ မကြာခင်မှာ TouchScreen ပါဝင်တဲ့ MacBook ကိုမိတ်ဆက်လာနိုင်ကြောင်း သတင်းတွေပျံ့နှံ့နေပါတယ်။ Apple သတင်းတွေနဲ့ပက်သက်ပြီး Leak တွေထုတ်ပြန်လေ့ရှိတဲ့ တရုတ် Leaker တစ်ယောက်က “TouchScreen နဲ့ MacBook တွေ ၁၀၀ ရာခိုင်နှုန်းသေချာကြောင်း တရုတ်ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ တင်ခဲ့ပါတယ်။ ဒီအချက်အလက်တွေကို Supply Chain အတွင်းကနေ ရရှိလာခဲ့တာဖြစ်ပြီး အရင် Apple ထုတ်ကုန်ဆိုင်ရာ ခန့်မှန်းချက်တွေကိုလဲ မှန်ကန်စွာ ဖော်ပြနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
WWDC 2026 မှာ မိတ်ဆက်ခဲ့တဲ့ macOS 27 Gate Beta မှာလည်း Touch Input နဲ့ပက်သက်တဲ့ အချက်အလက်တွေ တွေ့ရှိလာရသလို Developer တွေအတွက် ထုတ်ပေးထားတဲ့ API တွေမှာလည်း Touch Input နဲ့ Mouse Input ကို ခွဲခြားသိရှိနိုင်တဲ့ စနစ်တွေပါဝင်လာပြီး UI တွေကိုလည်း လက်နဲ့အသုံးပြုဖို့အတွက် ပိုအဆင်ပြေအောင် ပြင်ဆင်ထားကြောင်း သိရပါတယ်။

Image: macrumors
ကောလဟာလတွေအရ Apple အနေနဲ့ TouchScreen ထည့်သွင်းမှာဖြစ်ပေမယ့် MacBook ကို iPad လို Touch-First Device အဖြစ်ပြောင်းလဲမှာတော့ မဟုတ်ပါဘူ။ အသုံးပြုသူတွေအတွက် Trackpad Mouse နဲ့ Touch Screen တွေကို လိုအပ်သလို အပြန်အလှန်အသုံးပြုနိုင်မယ့် Touch-Friendly အတွေ့အကြုံကို ပေးအပ်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါအပြင်လာမယ့် MacBook တွေမှာလည်း OLED Display, M6 Pro/M6 Max Chip တွေနဲ့ ပိုပြီးပါးလွှာတဲ့ ဒီဇိုင်းနဲ့ Dynamic Island လို Feature အသစ်တွေပိုပါဝင်လာနိုင်ကြောင်းကိုလည်း သတင်းတွေထွက်ပေါ်နေပါသေးတယ်။ MacBook Pro အစား MacBook Ultra လို့ အမည်ပြောင်းနိုင်တဲ့အကြောင်းတွေလဲ ပါပါသေးတယ်။ TouchScreen ကို ဘယ်အချိန်မှာစပြီး မိတ်ဆက်မယ်ဆိုတာကိုတော့ မသေချာသေးပါဘူး။



