ထူးခြားကောင်းမွန်သောဝန်ဆောင်မှုနှင့် ဝတ်စုံဒီဇိုင်းဆန်းများပေးစွမ်းနိုင်သည့် One Sett – ဝမ်းဆက်

Dinner တွေ Graduation Party နဲ့တခြားပွဲတွေဆိုတာကပွဲတက်ဝတ်စုံရွေးချယ်ရခက်တဲ့ ပွဲတွေပဲဖြစ်ပါတယ်။ ဒီရွေးချယ်ရ ခက်တဲ့ ပြဿနာအတွက် ဝတ်စုံတွေကိုဆိုင်မှာ Ready Made ပဲအသစ်ဝယ်ဝတ်လိုက်ကြတဲ့ သူရှိသလိုကိုယ်စိတ်တိုင်းကျ ကိုယ်ပိုင်စိတ်ကူးတွေဒီဇိုင်နာရဲ့စိတ်ကူးတွေနဲ့ ပေါင်းဖက်ပြီးတော့ ဝတ်စုံချုပ်ဝတ်ကြတဲ့သူတွေလည်းရှိပါသေးတယ်။
Photo source – http://bit.ly/2DWhsjv

ဆိုင်မှာ Ready Made ဝယ်ဝတ်ကြတဲ့သူတွေအတွက်ကတော့ ဆိုင်မျိုးစုံကနေကိုယ်ကြိုက်တာကို ရွေးချယ်နိုင်တဲ့အတွက် အခက်အခဲမရှိပေမယ့် ဆိုင်မှာချုပ်ပြီးဝတ်ကြတဲ့သူတွေအတွက်ကတော့ အခက်အခဲလေးတွေရှိတတ်ကြပါတယ်။ ဆိုင်က ဝယ်ဝတ်တဲ့ သူတွေအတွက်ကျတော့ ဝတ်စုံဒီဇိုင်းရွေးရတဲ့ အချိန်တစ်ခုပဲကုန်ပြီးတော့ အသစ်ချုပ်ဝတ်တဲ့ သူတွေကတော့ အင်္ကျီအတွက် ပိတ်စဖြတ်ပြီးချုပ်ဖို့အချိန်တော်တော်ပေးရတဲ့အပြင် ချုပ်ပြီးလို့ ကိုယ်တဲ့မတော်ဘူးဖြစ်နေတယ် ကျပ်နေတယ် ဆိုရင်လည်း ပြန်လည်ချုပ်ရပြန်ပြင်ရတဲ့ အချိန်တော်တော်ပေးရပါသေးတယ်။ အမြန်လိုချင်တဲ့ သူတွေအတွက်တော့ အမြန် ချုပ်လုပ်ခဆိုပြီး ကုန်ကျစရိတ်ကပိုမိုများလာပါသေးတယ်။
လူတိုင်းမှာတော့ မတူညီတဲ့ခန္ဓာကိုယ် အချိုးအစားတွေရှိကြပြီး တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းကလည်း မတူကြ ပြန်ပါဘူး။ ဒါကြောင့် အထည်ဆိုင်တွေက Ready Made ဝတ်စုံတွေနဲ့ ကိုယ့်ရဲ့ Body Shape ကိုမသတ်မှတ်ဘဲ ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ပေါင်းစပ်ပုံဖော်ထားတဲ့ Unique ဒီဇိုင်းတွေနဲ့ ကိုယ့်ရဲ့ Unique Body Shape ကိုသတ်မှတ် သင့်ပါတယ်။
ကိုယ်နဲ့ချုပ်နေကျ ဒီဇိုင်နာမဟုတ်ရင်လည်း စိတ်တိုင်းမကျတာ ပြောရဆိုရအဆင်မပြေတာတွေရှိပါသေးတယ်။ အလုပ်လုပ်နေတဲ့သူတွေအိမ်အလုပ်နဲ့မအားလို့ အိမ်ကမထွက်နိုင်တဲ့သူတွေဆိုရင်လည်း ဆိုင်သွားပြီး ပိတ်စအပ်ရတာတွေ ကလည်း အခက်အခဲတစ်ခုပါပဲ။ ဒီအခက်အခဲတွေကိုတစ်နေရာထဲမှာ အကောင်းဆုံးဖြေရှင်းနိုင်တာကတော့ One Sett ဝမ်းဆက်လို့ဆိုရမှာပါပဲ။

Photo source – http://bit.ly/2DWhsjv

One Sett (ဝမ်းဆက်) ဆိုတာကတော့ ကိုယ်နဲ့ကိုယ်ချစ်တဲ့သူတွေကိုအထူးခြားဆုံးဝတ်စုံဒီဇိုင်းတွေ ဖန်တီးပေးပြီး အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ One – Sett ကိုအင်တာနက်ကနေဆက်သွယ်ရမှာဖြစ်ပြီး အထူးခြားဆုံးဝန်ဆောင်မှုတစ်ခုကိုပြောပါဆိုရင်တော့ Door to Door Service ပဲဖြစ်ပါတယ်။ ဝတ်စုံချုပ်ချင်ပေမယ့် ကိုယ်အတိုင်းအတာပေးဖို့ ဆိုင်မလာနိုင်တဲ့သူတွေအတွက် One Sett – ဝမ်းဆက်ကအိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးမှာ လည်းဖြစ်ပါတယ်။ အလုပ်မှာဆိုရင်လဲအလုပ်အထိလာတိုင်းပေးပါတယ်။
ဝတ်စုံချုပ်လို့ပြီးပြီဆိုရင်လည်း အိမ်တိုင်ရောက်လာရောက် လာရောက်ပို့ဆောင်ပေးပါတယ်။ အိမ်တိုင်ရာရောက်လာပို့ပြီး ဝတ်စုံက ကိုယ်နဲ့ကျပ်နေတာတွေပွနေတာတွေအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ လိုတိုးပိုလျှော့လုပ်ပေးဖို့ စက်ချုပ်သူပါ ပါလာတဲ့အတွက် တစ်ခါတည်းပြင်လို့ရမှာလည်းဖြစ်ပါတယ်။ ကိုယ်ကမြန်မြန်လိုချင်လို့ဆိုပြီး အမြန်ချုပ်ပေးရတဲ့အတွက် အပိုအခကြေးငွေတွေလည်း ပေးစရာမလိုပါဘူး။ အင်္ကျီတွေကို ခုနှစ်ရက်တစ်ပတ်နဲ့ ချုပ်ထားတာတွေရရှိနိုင်ပါတယ်။ အနည်းဆုံးသုံးထည်မှာယူတဲ့သူဆိုရင်တော့ ပို့ဆောင်ခအခမဲ့ ဖြစ်ပါတယ်။
ကိုယ်တိုင်ဆိုင်သွားစရာမလိုပဲအိမ်တိုင်ရာရောက် ကိုယ်တိုင်းလာတိုင်းပေးတယ် ပိတ်စလဲလာယူပေးတယ် စိတ်တိုင်းကျနဲ့ အချိန်ကိုလည်း တိတိကျကျချုပ်ပေးတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ ချုပ်ပြီးသွားရင်လည်းအိမ်ထိပြန်လာပို့ပေးတဲ့အတွက် အချိန်ကုန်လူပင်ပန်းသက်သာပြီး အလုပ်အမြဲရှုပ်နေတဲ့ လူတွေအတွက်တော့ တစ်ကယ့်ကိုအဆင်ပြေလွယ်ကူစေပါတယ်။
Photo source – http://bit.ly/2DWhsjv

One Sett ရဲ့ Facebook စာမျက်နှာကနေ Booking ဝင်လုပ်နိုင်ပြီး ခန္ဓာကိုယ်တိုင်းတာဖို့အတွက် ဆိုင်မှာလာတိုင်းမလား Door to Door စနစ်နဲ့ အိမ် (သို့မဟုတ)် အလုပ်မှာ တိုင်းမလား၊ ဘယ်နေ့အတွက်လဲ၊ ဘယ်အချိန်ကစမှာလဲဆိုပြီးတော့ လိုအပ်ချက်တွေနဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းပြီး စာရင်းသွင်းနိုင်ပါတယ်။
One Sett – ဝမ်းဆက် နဲ့ပက်သက်ပြီးအသေးစိတ် လေ့လာစုံစမ်းချင်တယ်ဆိုရင်တော့ အောက်ပါ Link ကနေဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/onesettt/