မြန်မာပြည်တွင်း Telecom Operators များ၏ Fiber Internet Package များ

Sim Card မှာ Internet Package ဝယ်ပြီးသုံးစွဲတဲ့ခေတ်ကနေအိမ်သုံး၊ ရုံးသုံးလိုင်းဆွဲအားကောင်းမွန်တဲ့ Fiber Internet တွေလဲတဖြည်းဖြည်းပေါ်ပေါ်လာပါတယ်။ မြန်မာနိုင်ငံတွင်း Fiber Internet သီးသန့်ကုမ္ပဏီများလည်းရှိသလိုမြန်မာနိုင်ငံရဲ့ Telecom Operator များဖြစ်တဲ့ MPT, Telenor, Ooredooနှင့် Mytel တို့မှာလည်း Fiber Internet Package များရှိပါ သေးတယ်။

Photo source – http://bit.ly/2PtKhcm
MPT ရဲ့ Fiber Internet Package (ဒုံးပျံ) တွေကတော့ ၂၀ Mbps ကို ၃၉,၀၀၀ ကျပ်၊ ၅၀ Mbps ကို ၆၉,၀၀၀ ကျပ် နှင့် ၁၀၀ Mbps ကို ၁၀၉,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ လတစ်လချင်းစီပေးဆောင်ရမှာဖြစ်ပြီးတပ်ဆင်ကြေးအခမဲ့ ဖြစ်ပါတယ်။ ထပ်ဆောင်းအကျိုးအမြတ်များအဖြစ် ၂၀ Mbps Fixed Internet ကိုဝယ်ယူပါက MPT Sim card သုံးကဒ်အတွက် 1 GB အင်တာနက်၊ ဖုန်းခေါ်ဆိုမှုမိနစ် ၁၀၀ နှင့် အကန့်အသတ်မရှိစာတိုပေးပို့ခွင့်၊ ၅၀ Mbps Fixed Internet ကိုဝယ်ယူပါက MPT Sim Card သုံးကဒ်အတွက် 2 GB အင်တာနက်၊ ဖုန်းခေါ်ဆိုမှုမိနစ် ၁၀၀ နှင့် အကန့်အသတ်မရှိစာတိုပေးပို့ခွင့်၊ ၁၀၀ Mbps Fixed Internet ကိုဝယ်ယူပါက MPT Sim Card သုံးကဒ်အတွက် 3GB အင်တာနက်၊ ဖုန်းခေါ်ဆိုမှုမိနစ် ၂၀၀ နှင့် အကန့်အသတ်မရှိစာတိုပေးပို့ခွင့်များကိုလစဉ်ခံစားခွင့်ရမှာဖြစ်ပါတယ်။
အကျိုးခံစားခွင့်များကိုလစဉ် ၁၅ရက်နေ့တွင် မှတ်ပုံတင်ထားသည့် MPT မိုဘိုင်းဖုန်းများကိုပေးပို့မည်ဖြစ်ပြီး Fixed Internet မှာသက်တမ်းမကုန်ရန် (သို့မဟုတ်) လက်ရှိအသုံးအပြုနေဆဲဖြစ်ဖို့တော့ လိုအပ်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.mpt.com.mm/mm/

Photo source – http://bit.ly/2E1qYl8
Telenor ရဲ့ Home Fiber Internet ကိုဝယ်ယူမယ်ဆိုရင်တော့ Basic Package အနေနဲ့ 10 Mbps ကိုရက် ၉၀ အဝသုံး ၇၅,၀၀၀ ကျပ်၊ Standard Package အနေနဲ့ ၂၀ Mbps ကိုရက် ၉၀ အဝသုံး၁၂၀,၀၀၀ ကျပ် နှင့် Premium Package အနေနဲ့ ၃၀ Mbps ကိုရက် ၉၀ အဝသုံး ၁၅၀,၀၀၀ ကျပ် ဖြင့် Package သုံးမျိုးရှိမှာဖြစ်ပါတယ်။ Package အားလုံးအတွက် တပ်ဆင်ခအခမဲ့ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://bit.ly/3581cb5

Photo source – http://bit.ly/34cxQqQ

Ooredooရဲ့ Super Fiber Internet ကိုဝယ်ယူမယ်ဆိုရင်တော့ ၁၀ Mbps ကို ၃၇,၀၀၀ ကျပ်၊ ၂၀ Mbps ကို ၄၅,၀၀၀ ကျပ်၊ ၄၀ Mbps ကို ၆၀,၀၀၀ ကျပ်၊ ၅၀ Mbspကို ၇၅,၀၀၀ ကျပ်နှင့် ၁၀၀ Mbps ကို ၁၂၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://ooredoo.com.mm/portal/mm/supernetfibre

Photo source – http://bit.ly/38hisMS

Mytelရဲ့ Fiber to the Home Internet Package များအနေနှင့် တော်တော်မိုက်-၁ Package ၁၀ Mbps ကို ရက်၃၀ သုံး ၂၅,၀၀၀ ကျပ်နှင့် တော်တော်မိုက်-၂ Package ရက်၃၀ သုံး ၂၀ Mbps ကို ၃၉,၀၀၀ ကျပ်ကျသင့်မယ်ဖြစ်ပြီး ၁၀ယောက်မှ ၁၄ ယောက်အထိ တစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ တော်တော်မိုက်-၃ အနေနှင့် ရက် ၃၀ သုံး ၃၀ Mbps ကို ၄၉,၀၀၀ ကျပ် နှင့် ၁၅ယောက်မှ ၂၁ ယောက်ထိတစ်ပြိုင်နက်ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ တော်တော်မိုက်-၄ အနေနှင့် ရက် ၃၀ သုံး ၅၀ Mbps ကို ၆၉,၀၀၀ ကျပ်နှင့် ၄၅ ယောက်မှ ၅၀ယောက်အထိ တစ်ပြိုင်နက်တပ်ဆင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ တော်တော်မိုက်-၅ အနေနှင့် ရက် ၃၀ သုံး ၇၀ Mbps ကို ၁၁၉,၀၀၀ ကျပ်၊ တော်တော်မိုက်-၆ ကိုရက် ၃၀ သုံး ၁၀၀ Mbps ၂၂၉,၀၀၀ ကျပ်၊ တော်တော်မိုက်-၇ ကိုရက် ၃၀ သုံး ၁၆၀ Mbps ၃၈၉,၀၀၀ ကျပ်နှင့် တော်တော်မိုက်-၈ ကိုရက် ၃၀ သုံး ၂၀၀ Mbps ၇၇၉,၀၀၀ ကျပ်ဖြင့် အမျိုးအစားစုံလင်စွာရွေးချယ်ဝယ်ယူတပ်ဆင်နိုင်ပါသည်။
ထို့အပြင် MyNet 80 Mbps Package အနေနှင့် ရက် ၃၀ သုံး ၈၀ Mbps ကို ၃၈၉,၀၀၀ ကျပ်နှင့် ၈၀ယောက်မှ ၈၅ယောက်အထိ တစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MyNet 100 Mbps Package အနေနှင့် ရက် ၃၀ သုံး ၁၀၀ Mbps ကို ၇၇၉,၀၀၀ ကျပ်နှင့် ၉၅ယောက်မှ ၁၀၀ယောက်အထိ တစ်ပြိုက်နက် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Package များအားလုံးအတွက် စက်ထိန်းသိမ်းခနှင့် တပ်ဆင်ကြေးမှာလည်းအခမဲ့ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://mytel.com.mm/package-internet