အလုပ်အကိုင်ပေါင်းစုံကို တစ်နေရာတည်းတွင် လျှောက်ထားနိုင်သော Alote အက်ပလီကေးရှင်းအကြောင်း

Alote သည်အလုပ်အကိုင်ရှာဖွေရေးမိုဘိုင်း application အသစ်ဖြစ်သည်။ ကားမောင်းသူ၊ နည်းပညာရှင်၊ သန့်ရှင်းရေး၊ စက်အော်ပရေတာ၊ ဂိုဒေါင် ဝန်ထမ်း၊ လုံခြုံရေးအစောင့်၊ စက်ရုံ/ထုတ်လုပ်ရေးလုပ်သား၊ လက်လီအရောင်းဆိုင်စောင့်၊ အစားအသောက်နှင့်စားသောက်ဆိုင်အလုပ်များ စသည် အလုပ်များများအားအလွယ်တကူရှာဖွေနိုင်သောနေရာတစ်ခုဖြစ် သည်။
မြန်မာနိုင်ငံတွင်ထိပ်တန်းကုမ္ပဏီများသည် Alote တွင်ရှိနေသည်။ မကြာမီ ဤကုမ္ပဏီများမှတင်ထား သောအလုပ်အကိုင် များကိုလျှောက်နိုင်ပါတော့မည်ဖြစ်သည်။ Alote ကို ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် မြန်မာနိုင်ငံတွင် စတင်ဖြန့်ချီသွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/Alotemm

Alote သည် ရုံးအလုပ်မဟုတ်သော အငယ်တန်းနှင့် အလယ်တန်းအဆင့် ကာယ၊ ဉာဏအလုပ်သမားများ အတွက်အလုပ် ရှာဖွေရန် မြန်မာနိုင်ငံ၏ ပေါ်ပြူလာအဖြစ်ဆုံး အက်ပလီကေးရှင်း ဖြစ်ပြီးကုန်ထုတ်လုပ်မှု အလုပ်အကိုင်များ၊ ထောက်ပံ့ပို့ ဆောင်ရေး အလုပ်အကိုင်များ၊ အစားအစာနှင့် စားသောက်ဆိုင် အလုပ်အကိုင်များ၊ ဆောက်လုပ်ရေး အလုပ်အကိုင်များ စသည့်အလုပ်အကိုင်များကို ရှာဖွေနိုင်သည့်အက်ပလီကေးရှင်း ဖြစ်ပါသည်။ ယာဉ်မောင်း၊ ဝန်ချီစက်ယာဉ်မောင်း၊ လုံခြုံရေးဝန်ဆောင်မှုး၊ ကော်ဖီဖျော်သူ၊ စားပွဲထိုး၊ စားဖိုမှူး၊ စက်ပိုင်းဆိုင်ရာထိန်းချုပ်သူ၊ စတိုခန်းထိန်းသိမ်းသူ၊ သန့်ရှင်းရေး၊ လျှပ်စစ်သမား၊ ပိုက်ပြင်သူ၊ နည်းပညာအလုပ်သမား၊ ဟိုတယ်ဧည့်ကြို၊ ဆေးရောင်းသူ၊ ဆေးဆိုင်အကူ၊ ငွေကိုင် စသည့်အလုပ်အကိုင်များကို လျှောက်ထားနိုင်သည်။
Alote သည် မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီကြီးများသည် နေ့စဉ်အလိုက် အလုပ်အကိုင်အသစ်များကို တင်ပေးနေသည်။

Photo Source https://web.facebook.com/Alotemm

Alote အက်ပလီကေးရှင်း၏ အကောင်းဆုံးအချက်များမှာ အလုပ်များကို နေရာတစ်ခုထဲမှာ လွယ်ကူစွာရှာဖွေနိုင်ခြင်း၊ CV ကိုအွန်လိုင်းတွင် လွယ်ကူစွာ တည်ဆောက်နိုင်ခြင်း၊ မိမိ၏ တည်နေရာနှင့် မြို့နယ်အလိုက် အလုပ်များကို ရှာဖွေရွေးချယ်နိုင် ခြင်း စသည်ဖြင့် တစ်ချိန်တည်းမှာ အလုပ်အကိုင်များစွာကို လျှောက်ထားနိုင်သည်။
ရန်ကုန် (သို့မဟုတ်) မန္တလေးမြို့ကြီးများရှိ မိမိနေထိုင်ရာမြို့နယ်နှင့်နီးသော ပတ်ဝန်းကျင်မြို့နယ် ဖြစ်သည့် အလုံ၊ ဗိုလ်တထောင်၊ ဒဂုံ၊ လှိုင်၊ ကမာရွတ် (ရန်ကုန်ရှိမြို့နယ်များ)၊ အမရပူရ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန် (မန္တလေးရှိမြို့နယ်များ) စသည့်မြို့နယ်များတွင် အလုပ်အကိုင်များရှာဖွေ လျှောက်နိုင်သည်။
စက်ရုံနှင့် အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု အလုပ်အကိုင်များ၊ ထောက်ပံ့ပို့ဆောင်ရေး အလုပ်အကိုင်များ၊ ဂိုဒေါင်နှင့် စက်ရုံအလုပ်အကိုင်များ၊ နည်းပညာအလုပ် အကိုင်များ စသည့်အလုပ်များစွာရှိသည်။
Alote သည် JobNet.com.mm ( မြန်မာနိုင်ငံ၏ ဝန်ထမ်းများအတွက် နံပတ် ၁ အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုဒ် ) ၏ကုမ္ပဏီခွဲတစ်ခုဖြစ်ပါသည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://web.facebook.com/Alotemm