KBZPay မှ Customer များအတွက် သီတင်းကျွတ်မုန့်ဖိုး မြန်မာငွေကျပ် သိန်းပေါင်း (၁,၀၀၀) ကျော် မျှဝေ

KBZPay က ၎င်း၏ လူသိများသော မုန့်ဖိုး အစီအစဉ်ကို ထပ်မံကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။နှစ်စဉ် သီတင်းကျွတ်ပွဲတော်အတွင်း ကျင်းပမြဲဖြစ်သော ယခု အစီအစဉ်သည် KBZPay အက်ပလီကေးရှင်းမှတစ်ဆင့် မိမိချစ်ခင်ရသူများအတွက် မုန့်ဖိုးများမျှဝေပြီး ပေးကမ်းခြင်း လက်ဆောင်မွန်ဖြင့် ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ကြစေရန် ရည်ရွယ်ပါသည်။ မျှဝေတတ်သော၊ လက်ဆောင် ပေးတတ်သော ပွဲတော်ဓလေ့ကို အားပေးတိုက်တွန်းနိုင်ရန် KBZPay က သီတင်းကျွတ်ပိတ်ရက်များဖြစ်သည့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း customer များအတွက် မြန်မာငွေကျပ် သိန်းပေါင်း (၁,၀၀၀) ကျော် တန်ဖိုးရှိ မုန့်ဖိုးနှင့် လျှော့ဈေးကူပွန်များ လက်ဆောင်ပေးအပ်သွားမည် ဖြစ်သည်။

Photo Source https://www.facebook.com/KBZPay

မြန်မာနိုင်ငံတစ်ဝန်း မည်သည့် KBZPay level ဖြစ်စေ အသုံးပြုနေသော customer များအားလုံး မုန့်ဖိုး အခမဲ့ ရယူနိုင်မည့် အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ အစီအစဉ် ကျင်းပနေသည့် ကာလအတွင်း KBZPay customer များသည် KBZPay အက်ပလီကေးရှင်းအတွင်း ပေးအပ်မည့် ရောင်စုံ ဆီမီးကဒ် များကို စုဆောင်းရန် လိုအပ်ပါသည်။ သီတင်းကျွတ်ပွဲ တော်ကာလအတွင်း ထွန်းညှိကြသော ဆီမီးခွက်လေးများအတိုင်း သရုပ်ဖော်ထားသည့် ဆီမီးကဒ် များကို အောက်ပါ နည်းလမ်းများဖြင့် ရှာဖွေစုဆောင်းနိုင်ပါသည်။
(၁) သီတင်းကျွတ်မုန့်ဖိုး အစီအစဉ် စာမျက်နှာသို့ နေ့စဉ် ဝင်ရောက်ခြင်း
(၂) KBZPay အကောင့်တစ်ခု စာရင်းသွင်း အတည်ပြုနိုင်ရန် လူအများအား ဖိတ်ကြားခြင်း
(၃) ‘မက်ဆေ့’ နေရာတွင် တွေ့ရှိနိုင်သော KBZPay တရားဝင်အကောင့်အား ကြည့်ရှုစစ်ဆေးခြင်း
(၄) ငွေ ၅,၀၀၀ ကျပ်နှင့်အထက် KBZPay အသုံးပြု၍ ဈေးဝယ်ခြင်း တို့ဖြစ်သည်။
နေ့စဉ် စုဆောင်းနိုင်သော ရောင်စုံဆီမီးကဒ် (အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ ခရမ်း) စုစုပေါင်း (၅) ရောင် ရှိပါသည်။ ဆီမီးကဒ် (၅) ခုစလုံး စုဆောင်းထားသော customer များသည် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း နေ့စဉ် ည ၈ နာရီခွဲအချိန်တွင် ၎င်းတို့၏ သီတင်းကျွတ် မုန့်ဖိုးကို ဖွင့်ဖောက်ယူနိုင်ပါသည်။ ဆီမီးကဒ် (၅) ခုစလုံး မစုဆောင်းနိုင်သော်လည်း အနည်းဆုံး ဆီမီးကဒ် (၁) ခု ရှိထားသော customer များမှာလည်း ၎င်းတို့အတွက် သီတင်းကျွတ် မုန့်ဖိုးကို ဖွင့်ဖောက်နိုင်ပြီး ပမာဏ အနည်းငယ်လျော့ပြီး ရရှိမည် ဖြစ်သည်။

Photo Source https://www.facebook.com/KBZPay

Customer တစ်ဦးသည် တစ်နေ့လျှင် အများဆုံး ဆီမီးကဒ် အခု (၂၀) စုဆောင်းနိုင်ပြီး အစီအစဉ် ကျင်းပနေသည့် ကာလတစ်လျှောက် အများဆုံး ဆီမီးကဒ် အခု (၅၀) အထိ စုဆောင်းနိုင်ပါသည်။ သတ်မှတ်ထားသော အများဆုံး အရေအတွက်ထက် ပိုမိုစုဆောင်းထားနိုင်သော customer များအနေဖြင့် နေ့စဉ် မုန့်ဖိုး ဖွင့်ဖောက်နိုင်သည့်အချိန် မတိုင်မီ ပိုနေသော ဆီမီးကဒ်များကို ၎င်းတို့၏ သူငယ်ချင်းများထံ ပေးပို့နိုင်ပါသည်။
အစီအစဉ် ကျင်းပနေသည့် ကာလအတွင်း နေ့စဉ် ပေးအပ်သွားမည့် မုန့်ဖိုးလက်ဆောင်များကို ရယူနိုင်ဖို့ ပါဝင်ဆင်နွှဲကြပါရန် KBZPay customer များ အားလုံးကို ဖိတ်ကြားအပ်ပါသည်။ ထို့အပြင် အစီအစဉ် ကျင်းပနေသည့် ကာလအတွင်း တစ်ရက်လျှင် အတည်ပြုပြီး KBZPay အသုံးပြုသူ အသစ်များ အများဆုံး ဖိတ်ကြားနိုင်သည့် KBZPay customer အယောက် (၁၀၀) မှာ အပိုဆောင်း ငွေသားဆုများ ထပ်မံ ရရှိနိုင်မည် ဖြစ်ပါသည်။
KBZPay အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို Google Play Store သို့မဟုတ် Apple App Store တွင် ဒေါင်းလုဒ်ပြုလုပ်နိုင်သည်။ KBZPay ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသစ်များအကြောင်းနှင့် KBZPay သီတင်းကျွတ်မုန့်ဖိုး အစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါက KBZPay ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/KBZPay တွင် ဝင်ရောက်လေ့လာနိုင်သည်။