မြန်မာပြည်မြို့ကြီး၊ မြို့ငယ်များအတွက် အသစ်ထွက်ပေါ်လာသော Delivery Service များ

အခုနောက်ပိုင်း Online Shopping လုပ်ငန်းတွေ များပြားလာတာနဲ့အမျှ မြန်မာပြည်အနှံ့ Delivery Service လုပ်ငန်းတွေ လည်းများစွာပေါ်ပေါက်လာပါတယ်။ အခြား ပို့ဆောင်ရေးလုပ်ငန်းပိုင်းတွေအတွက်လည်း Delivery Service လုပ်ငန်းတွေ ကများစွာအထောက်အကူဖြစ်စေပါတယ်။ အဲ့ဒီအတွက်ကြောင့် အခုနောက်ပိုင်းအသစ်ထွက်ပေါ်လာခဲ့တဲ့ Delivery Service လုပ်ငန်းတွေ ကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

Photo Source https://web.facebook.com/quickdoortodoor

(၁) Quick Delivery
Quick Delivery Service ရဲ့အားသာချက်တွေကတော့ လာယူခ အခမဲ့အပြင်၊ အသက်သာဆုံး ဈေးနှုန်း၊ သပ်ရပ်လုံခြုံတဲ့ ထုတ်ပိုးမှု၊ စိတ်ချရတဲ့ ငွေပေးချေစနစ်၊မြန်ဆန်တိကျမှု၊ အိမ်တိုင်ရာရောက် ဝန်ဆောင်မှု စတာတွေကို ရရှိစေမှာဖြစ်ပါတယ်။ မြန်မာပြည်အနှံ့ နယ်မြို့တွေကို ပို့ဆောင်ပေးသလို Online Shopping နဲ့ အခြား လုပ်ငန်းကြီးတွေအတွက် Special Package တွေ စီစဉ်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Quick Delivery Service App မှတဆင့်လည်း အသုံးပြုပို့ဆောင်နိုင်ပါသေးတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/quickdoortodoor

Photo Source https://web.facebook.com/fastdeliveryserives

(၂) Rangers Delivery Service
Rangers Delivery Service ကတော့ နေ့ချင်းယူ နေ့ချင်းပို့ Service တစ်ခုဖြစ်ပါတယ်။ အမြဲတမ်းဝန်ဆောင်မှုပေးနေသော Service တစ်ခုဖြစ်ပြီးလူသုံးကုန်များ၊အဝတ်အထည်များ၊ အလှကုန်နှင့် Online ပစ္စည်းများ၊ဆေးဝါးပစ္စည်းများ၊ အစားအသောက်များ၊ Kg ပိုသောပစ္စည်းအလတ် Size များ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် စက်ပစ္စည်းအလတ် Size များကို အထူးသယ်ယူပို့ဆောင်ပေးပါတယ်။ Yangon – Mandalay အိမ်အရောက် နှင့် Mandalay -Yangon အိမ်အရောက် Service လည်းရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Online Shopping လုပ်ငန်းများအတွက် အဓိက အသုံးဝင်တဲ့ Delivery Service တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/fastdeliveryserives

Photo Source https://web.facebook.com/dhonepyandeliveryservice

(၃) Dhone Pyan Delivery Service
Dhone Pyan Delivery Service ကတော့ ရန်ကုန်မြို့တွင်း ပိတ်ရက်မရှိဝန်ဆောင်မူနဲ့ မြို့နယ်ပေါင်း(၅၀)ကျော်ကို အိမ်အရောက်ပိုဆောင်လို့ရနေပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းဆို ဒီနေ့ကောက်ပြီး နက်ဖြန်အရောက်ပို့ ဆောင်ပေးပါတယ်။ ဒါ့အပြင် ဒုံးပျံရဲ့ ကိုယ်စားလှယ်မရှိတဲ့နယ်ဘက်က Customer တွေ အဆင်ပြေစေဖို့ အိမ်အရောက် ပို့ဆောင်လို့ရတဲ့ မြို့နယ်ပေါင်း(၅၀)ကျော်ကို ရန်ကုန်ပို့ခအတိုင်း ပို့လို့ရအောင်စီစဉ်ပေးထားပါတယ်။ အောက်ပါ Link မှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/dhonepyandeliveryservice

Photo Source https://web.facebook.com/EZ-Delivery-Service-109850441256663

(၄) EZ Delivery Service
EZ Delivery Service ကတော့ ဒီနေ့ပစ္စည်းကောက်ပြီးရင် ဒီနေ့ကို အရောက်ပို့ပေးပါတယ်။ မြန်မာပြည်အနှံ့ မြို့ပေါင်း ၈၀ ကျော်ကို ဒီနေ့ပစ္စည်းကောက် နောက်နေ့ရောက် အောင်ပို့ဆောင်ပေးပါတယ်။ မြန်မာတစ်နိုင်ငံလုံး အိမ်တိုင်ရာရောက်အထိ ပို့ဆောင် ပေးတဲ့ Delivery Service တစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/EZ-Delivery-Service-109850441256663