Apple ရဲ့ “Far Out” Event မှာ တရားဝင်မိတ်ဆက်လိုက်တဲ့ iPhone 14 Series

စက်တင်ဘာလ ၇ ရက်နေ့ ဗုဒ္ဓဟူးမှာ ပြုလုပ်ခဲ့တဲ့ “Far Out” Event မှာ Apple အနေနဲ့ ကြီးမားတဲ့ပြောင်းလဲမှု ကြီးတွေနဲ့အတူ နောက်ဆုံးပေါ် Apple Watch SE, Apple Watch Ultra, AirPods Pro နဲ့ iPhone 14, iPhone 14 Pro တို့ကို မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။

iPhone 14, iPhone 14 Plus

မျက်နှာပြင်အရွယ်အစား ၆.၁ လက်မ iPhone 14 နဲ့ ၆.၇ လက်မအရွယ်အစား iPhone 14 Plus အတွက် 5-core GPU ပါဝင်တဲ့ A15 Bionic Chip ကိုအသုံးပြုပေးထားပါတယ်။ iOS 16 ကိုအသုံးပြုပေးထားပြီး တစ်နေ့တာလုံးမှာ iPhone 14 အတွက် နာရီပေါင်း ၂၀ နဲ့ iPhone 14 Plus အတက် ၂၆ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေအပြင် OLED နည်းပညာ အသုံးပြု ထားတဲ့ 1200 nits HDR brightness, 2,000,000:1 contrast ratio တွေနဲ့ Dolby Vision ကို ထည့်သွင်း ပေးထားပါတယ်။

Dual Camera စနစ်မှာတော့ ကင်မရာလုပ်ဆောင်ချက်တွေအနေနဲ့ အလင်းအမှောင် တိကျပြတ်သားတဲ့ ပုံရိုပ် တွေကို ရိုက်ပေးနိုင်မည့် image stabilization ပါဝင်တဲ့ 12 MP Main Camera, low-light မှာရိုက်ကူးနိုင်မယ့် True Depth Camera တွေပါဝင်မှာဖြစ်ပါတယ်။ shake တွေ၊ motion တွေ၊ တုန်ခါမှုတွေ ကိုချိန်ညှိပေးနိုင်တဲ့ Action Mode ကိုလည်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ ဗီဒီယိုတွေကိ 4K/30fps နဲ့ 4K/24fps အထိ လည်း Cinematic Mode အသုံးပြုပြီး ရိုက်ကူးနိုင်ပါသေးတယ်။ 

Photo Source https://www.apple.com/newsroom/

အရောင်အနေနဲ့ Blue, Purple, Midnight, Starlight နဲ့ (PRODUCT)RED အရောင်တွေ မှာယူနိုင်မှာ ဖြစ်ပါတယ်။ အခြားလုပ်ဆောင်ချက်တွေအနေနဲ့ အင်တာနက်မရှိရင်လည်း အသုံးပြုနိုင်တဲ့ ဂြိုလ်တုအသုံးပြု အရေးပေါ် SOS စနစ် ပါဝင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ iPhone 14 ကို $799 ကနေစတင်ဝယ်ယူနိုင်မှာ ဖြစ်သလို iPhone 14 Plus အတွက်လည်း $899 ကနေစတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

iPhone 14 Pro, iPhone 14 Pro Max

ထပ်မံမိတ်ဆက်လိုက်တဲ့ iPhone 14 Series ထဲကမှ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ iPhone 14 Pro နဲ့ iPhone 14 Pro Max ဖြစ်ပါတယ်။ iPhone 14 Pro နဲ့ Pro Max အတွက် iOS 16 အပြင် A16 Bionic Chip ကို အသုံးပြုပေးထားပါတယ်။ ကင်မရာစနစ်တွေအတွက်လည်း 48MP Main, Ultra-Wide နဲ့ Telephoto True Depth ကင်မရာကို အသုံးပြုပေးထားပါသေးတယ်။ 4K/30fps ရှိတဲ့ ဗီဒီယိုတွေကိုလည်း Cinematic Mode အသုံးပြုပြီး ရိုက်ကူးနိုင်ဦးမှာပါ။ iPhone 14 Plus မှာ နာရီပေါင်း ၂၆ နာရီကြာ ဘတ္ထရီအသုံးခံမှာ ဖြစ်ပေမယ့် iPhone 14 Pro Max မှာတော့ နာရီပေါင်း ၂၉ နာရီအထိ ကြည်ရည်အသုံးခံနိုင်မယ်လို့ သိရပါတယ်။ 

Photo Source https://www.apple.com/newsroom/

iPhone 14 Pro ရဲ့ အခြားဘာနဲ့မှမတူတဲ့အချက်ကတော့ Notch တွေမပါဝင်တဲ့ Design ပုံစံပဲဖြစ်ပါတယ်။ iPhone 14 Pro မှာ Dynamic Island လို့ခေါ်တဲ့ Interface ကို Notch အစားထည့်သွင်းပေးထားပါတယ်။ ဖုန်းအသုံးပြုတဲ့အချိန်မှာ ပေါ်လာတဲ့ Notification တွေကို Dynamic Island မှာ မြင်တွေ့နိုင်မှာပါ။ Apple Music ကို အသုံးပြုပြီး App ကထွက်လိုက်တဲ့အချိန်မှာလည်း Waveform ပုံစံနဲ့ Dynamic Island ထဲမှာ ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ Dynamic Island ကိုနှိပ်လိုက်တာနဲ့ လက်ရှိဖွင့်ထားတဲ့ သီချင်းကို ဖော်ပြပေးနေမှာပါ။ ဒါ့အပြင် ဂြိုလ်တုအသုံးပြု အရေးပေါ် SOS စနစ်လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

iPhone 14 Pro နဲ့ Pro Max ကို Space Black, Silver, Gold နဲ့ Deep Purple အရောင်လေးရောင် မှာယူရရှိနိုင်မှာ ဖြစ်ပါတယ်။ iPhone 14 Pro ကို $999 ကနေ စတင်ဝယ်ယူနိုင်မှာ ဖြစ်သလို iPhone 14 Pro Max ကိုလည်း $1099 နဲ့ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Pre-order တွေကို စက်တင်ဘာလ ၉ ရက်နေ့မှာ စတင်လက်ခံမှာ ဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ Apple ရဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ “Far Out” live event ကို အောက်ပါ လင့်မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။