Ooredoo မှ Asia’s Excellence Awards ၂၀၂၂ ဆုပေးပွဲတွင် ဂုဏ်သရေရှိ ဆုနှစ်ဆုကို လက်ခံရရှိ

အူရီဒူးမြန်မာသည် Asia’s Excellence Awards ၂၀၂၂ ဆုပေးပွဲတွင် ဂုဏ်သရေရှိ ဆုနှစ်ဆုဖြစ်သည့် အကောင်းဆုံး ဝန်ထမ်းများနှင့်ထိတွေ့ဆက်ဆံမှု ( Best Advance in Employee Engagement ) နှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့် တင်မှု (Women Empowerment) စသည့် ဆုနှစ်ဆုကို လက်ခံရရှိခဲ့ကြောင်းသိရသည်။
“ဒီ ဆုနှစ်ဆုနဲ့ အသိအမှတ်ပြုခံရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေဟာ အူရီဒူးမြန်မာရဲ့ အဓိကနေရာမှာရှိတာမို့ ကျွန်တော်တို့ဝန်ထမ်းတွေ ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် အတတ်နိုင် ဆုံးဂရုစိုက်ပြီး ပိုမိုကောင်းမွန်သောလုပ်ငန်းခွင်တစ်ခုကိုဖန်တီးပေးနိုင်ဖို့ ၎င်းတို့၏အသံများကို အမြဲနားထောင်ရန် အဆင်သင့်ရှိနေပါတယ်။ အူရီဒူးမြန်မာက ကတိကဝတ်ပြုထားတဲ့ လူတွေရဲ့ ဒစ်ဂျစ်တယ်ဘဝတွေကိုမြှင့်တင်ပေးဖို့အတွက် ကျွန်တော်တို့ဝန်ထမ်းတွေဟာ အရေးအကြီးဆုံး စွမ်းအားအရင်းအမြစ်များဖြစ်ပါတယ်။ ယခုလို ဆုရရှိတာကလည်း မတူ ကွဲပြားပြီး အားလုံးပါဝင်နိုင်တဲ့ပတ်ဝန်းကျင်မှာ ပြည့်စုံကောင်းမွန်ကျေနပ်ဖွယ် အသက်မွေးဝမ်းကြောင်း အတွေ့အကြုံများကို ရရှိစေဖို့ ဝန်ထမ်းတွေအပေါ် ကျွန်ုပ်တို့ရဲ့ ပံ့ပိုးအားပေးမှုတွေကို အသိအမှတ်ပြုခြင်းခံရတာပဲဖြစ်ပါတယ်”ဟု အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi က ပြောကြားသည်။
အူရီဒူးမြန်မာမှ ပံ့ပိုးပေးနေသည့် Tech Age Girls (TAG) အစီအစဉ်အတွက် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်မှု (Women Empowerment) ကဏ္ဍတွင်လည်း ဆုရရှိခဲ့သည်။ Tech Age Girls (TAG) အစီအစဉ်၏ အဓိကရည်မှန်းချက်မှာ အသက် ၁၆နှစ်မှ ၂၀အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များအား ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် အောင်မြင်ရန်၊ ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းအတွင်း စံနမူနာအမျိုးသမီးများဖြစ်လာရန်နှင့်လူမှုအဖွဲ့အစည်းအား ပြန်လည်အကျိုးပြု ကူညီပေးနိုင်အောင် ပံ့ပိုးပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

Photo Source https://www.ooredoo.com.mm

“ကျွန်တော်တို့အနေနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုရဲ့ ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ အမျိုးသမီးများသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်ဟု ယုံကြည်ပါတယ်။ အူရီဒူးမြန်မာရဲ့ နှစ်ကာလရှည်ကြာလုပ်ဆောင်မှုများတွင် အမျိုးသမီးများ၏ ခိုင်မာအားကောင်းသော စွမ်းဆောင်ရည်များသည်အပြုသဘောဆောင်သော သက်ရောက်မှုကောင်း များစွာရှိခဲ့ပါတယ်။ သူတို့ဟာ လူမှုအဖွဲ့အစည်း ပိုမိုတိုးတက်ပြောင်းလဲဖို့ လိုအပ်နေတဲ့ လုပ်ဆောင်နိုင်စွမ်းရှိသူများ ဖြစ်ကြပါတယ်။ အူရီဒူးမြန်မာက ပံ့ပိုးပေးထားတဲ့ Tech Age Girls အစီအစဉ်က မြန်မာအမျိုးသမီးငယ်များကို ခေါင်းဆောင်များနှင့် စံနမူနာများဖြစ်လာစေရန် ပံ့ပိုးပေးနေပါတယ်။ TAG အစီအစဉ်မှာ ပါဝင်သူတွေက နောက်လာမည့်နှစ်များအတွင်း ဒစ်ဂျစ်တယ်ခေတ်မှာ ဦးဆောင်နိုင်မည့် ခေါင်းဆောင်များ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။
အူရီဒူးမြန်မာသည် TAG အစီအစဉ်စတင်ခဲ့စဉ်၂၀၁၆ ခုနှစ်မှ စတင်၍ အင်တာနက်ချိတ်ဆက်မှုနှင့်အတူ စက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၉ခုနှစ်တွင် TAG အစီအစဉ်၏ အဓိကပံ့ပိုးကူညီသူဖြစ်လာခဲ့သည်။ အူရီဒူးမြန်မာမှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် TAG အစီအစဉ်အတွက် ပံ့ပိုးကူညီမှုအား တိုးမြှင့်ခဲ့ပြီး ရွေးချယ်ခံရသူ ဦးရေကိုနှစ်ဆတိုးကာ ၂၃၀ ကျော်ဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ တွင် ပါဝင်သူ ဦးရေ ၂၂၀ ကျော်ဖြင့် TAG မြန်မာ အစီအစဉ်ကို ဆက်လက်ပံ့ပိုးကူညီလျက်ရှိသည်။
အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
https://www.ooredoo.com.mm