Screen Time များသူများ မျက်စိကျန်းမာရေးအတွက် လုပ်ဆောင်သင့်သည့် အချက်များ

ဖုန်း၊ ကွန်ပြူတာ၊ လက်ပ်တော့ အသုံးပြုမှုတွေ ပိုမိုခေတ်စားလာတာနဲ့ အမျှ လူတိုင်းနီးပါးရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတွေလို့ ပြောလို့ရတဲ့အထိ ဖြစ်လာပါတယ်။ လုပ်ငန်းကိစ္စပဲဖြစ်ဖြစ်၊ သင်ကြားရေးပိုင်းဆိုင်ရာ ကိစ္စပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးကိစ္စတွေပဲဖြစ်ဖြစ် ဒီလို Device တွေကို အသုံးပြုမှုများလာတဲ့အခါ မျက်စိကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ နောက်ပိုင်းထွက်ရှိလာတဲ့ Device တွေမှာ မျက်စိကိုထိခိုက်မှု သက်သာအောင် ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်တွေထည့်သွင်းပေးထားပေမယ့် မဖြစ်နိုင်တဲ့အထိ လုပ်ဆောင်ပေးတာမျိုး မဟုတ်ပါဘူး။ ထိခိုက်မှုကိုလျှေ့ချပေးနိုင်တာပဲရှိပါတယ်။

Digital Screen တွေကို အာရုံစိုက်မှုများလာတဲ့အတွက် မျက်စိအားနည်းတာ၊ ခေါင်းကိုက်တာ၊ အမြင်အာရုံဝါးတာ၊ မျက်ရည်ခမ်းခြောက်တာ၊ မျက်စိယားယံတာတွေအပြင် ဇက်ကြောတက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်အတွက် အမြင်အာရုံကအဓိကကျတဲ့အတွက် မျက်စိကအရေးအကြီးဆုံးဖြစ်ပါတယ်။ တစ်နေ့တာအတွက် ဖုန်း၊ ကွန်ပြူတာ၊ လက်ပ်တော့ တွေအသုံးပြုရင်း လုပ်ဆောင်နိုင်တဲ့ အချက်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Photo Source American Optomertic Association

20-20-20 Rule

Screen ကို မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ အကွာအဝေးမှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ စိုက်ကြည့်ပါ။ Screen Time များတဲ့သူတွေအနေနဲ့ တောက်လျှောက်ကြည့်မနေဘဲ 20-20-20 Rule ကိုအသုံးပြုပြီး အနားယူသင့်ပါတယ်။

Screen အနေအထား

Screen ကို မျက်လုံးရဲ့ အောက်အနည်းငယ်လောက်မှာ ထားသင့်ပါတယ်။ အနိမ့်အမြင့်ချိန်ညှိလို့ရတဲ့ ထိုင်ခုံတွေနဲ့ ချိန်ညှိနိုင်သလို Laptop screen တွေကိုလည်း အလွယ်တကူချိန်ညှိနိုင်ပါတယ်။

1-2-10 Rule

စမတ်ဖုံးတွေကို မျက်လုံးနဲ့ တစ်ပေအကွာ၊ Desktop နဲ့ Laptop တွေကို နှစ်ပေ အကွာနဲ့ TV တွေကိုတော့ ဆယ်ပေအကွာကနေ အသုံးပြုသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု

Screen Time များတဲ့သူတွေဟာ အချိန်အကြာကြီး ထိုင်ခုံမှာ ထိုင်နေကြရတဲ့သူတွေပါ။ အထိုင်များတဲ့အတွက် ခဏလောက်အနားယူပြီး လက်မောင်း၊ ခြေထောက်၊ နောက်ကျောနဲ့ လည်ပင်းအကြောတွေကိုလျှော့တာ၊ ကိုယ်လက်လှုပ်ရှားမှုခဏလုပ်တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့လုပ်ရှားမှုတွေကို လုပ်ဆောင်သင့် ပါတယ်။

မတ်တပ်ရပ်ခြင်း

အထိုင်များကြတဲ့အတွက် မကြာမကြာမတ်တပ်ရပ်ပြီးအလုပ်လုပ်ပေးတာကလည်း အညောင်းပြေစေသလို Creative လည်းပိုဖြစ်ကြတယ်လို့ Survey တွေမှာလည်း ဖော်ပြထားပါတယ်။ အနိမ့်အမြင့်လုပ်လို့ရတဲ့ စားပွဲတွေလဲရှိတယ်ဆိုရင်တော့ မကြာမကြာ မတ်တပ်ရပ်ပြီး အလုပ်လုပ်ပေးသင့်ပါတယ်။ 

Photo Source Freepik

အလင်းရောင်နှင့် သက်တောင့်သက်သာရှိသောနေရာ

Screen ပေါ်မှာ အလင်းပြန်နေတာတွေ မရှိစေဖို့အတွက် ပတ်ဝန်းကျင်က အလင်းရောင်ထိုးနေတာမျိုး မရှိအောင်ထားပါ။ သက်တောင့်သက်သာဖြစ်တဲ့နေရာမျိုးမှာ ပုံစံမှန်မှန်နဲ့ ထိုင်ပြီးအလုပ်လုပ်ပါ။ Device ကနေလက်မောင်းနဲ့ ၂၅ လက်မအကွာအဝေးမှာ နေရာယူပြီးထိုင်သည့်ပါတယ်။ ဇက်ကြောတက်တာတွေကို သက်သာနိုင်စေဖို့အတွက် ထိုင်ခုံအမြင့်ကိုလည်း Screen ကို ငုံ့ကြည့်လို့ရနိုင်တဲ့ နေရာမျိုးဖြစ်အောင် ပြုလုပ် ထားပါ။

Device ရဲ့ Display Setting ကိုချိန်ညှိပါ

Screen ရဲ့ အလင်းအမှောင် Brightness တွေ၊ Blue Light ကိုလျှော့ချဖို့အတွက် Color Temperature လျှော့ချတာတွေ၊ Contrast တင်တာတွေ၊ text size ကြီးလိုက်တာတွေကလည်း အာရုစိုက်ရတဲ့အချိန်မှာ သက်သာစေမှာ ဖြစ်ပါတယ်။

Screen Time တွေများတာကလည်း ရှောင်လွှဲလို့မရနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် မျက်စိကျန်းမာရေးနဲ့ ပက်သက်ပြီးလည်း တတ်နိုင်သလောက် ဆင်ခြင်ဂရုစိုက်သင့်ပါတယ်။ ၆လ တစ်ကြိမ် ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် မျက်စိစမ်းသပ်စစ်ဆေးတာတွေ၊ မျက်စိကျန်းမာရေးအတွက် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးမှု ပြုလုပ်တာတွေကတော့ အကောင်းဆုံးဖြစ်ပါတယ်။