April Fools’ Day

Image Source: https://news.northeastern.edu

၄ လပိုင်း ၁ ရက် April Fool မှာတော့ အလိမ်အညာလည်း ရတယ် ဆိုတဲ့ အလေ့အထဟာ မြန်မာမှာလည်း အကျွမ်းတဝင် မဟုတ်ပါလား။  မည်သို့ပင်ဆိုစေကာမူ အင်တာနက်ကို သုံးတဲ့သူတွေ များလာတာကနေ နေ့ရက်တွေပါးလို့ April Fool မှာ အမျိုးမျိုးသော ဝဘ်ဆိုဒ်တွေမှာ အပြောင်အပျက် အကြောင်းအရာတွေကို တင်နေတာတွေကို သိတဲ့သူတွေ မနည်းလောက်ဘူး။

၂၀၁၆ ခုနှစ် April Fool အပြောင်အပျက် အကြောင်းအရာတွေကို ဒီ page https://thenextweb.com/insider/2016/04/01/trust-no-bitch တွေမှာ စုစည်းထားလို့ ဒီနှစ် April Fool အထိ မစောင့်နိုင်တဲ့သူတွေက ပြီးခဲ့တဲ့နှစ်ကို ကြည့်ပြီး နောက်ထပ် ရက် အနည်းငယ် အောင့်အီး သည်းခံစေချင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာဝဘ်ဆိုဒ်တွေမှာ April Fool ဆို အပြောင်အပျက် အကြောင်းအရာတွေကို တင်ထားတဲ့ နေရာတွေ မတွေ့သေးပေမယ့်လို့(ကျနော် မသိတာလားတော့မသိဘူး)ဒီနှစ်မှာတော့ ဝဘ်ဆိုဒ်တွေလည်း တိုးလာလို့ ဝဘ်ဆိုဒ်တစ်ခုခုက အပြောင်အပျက် အကြောင်းအရာတွေကို လုပ်နိုင်ချေများတယ်။

မြန်မာဝဘ်ဆိုဒ်တွေမှာ April Fool မှာ အပြောင်အပျက် အကြောင်းအရာတွေကို ဖော်ပြထားတဲ့ နေရာရှိမယ်ဆိုရင် ကျွန်တော့်ကို ဆက်ဆက်ပြောပြပေးစေလိုပါတယ်။

ဒီနှစ် April Fool တော့ စနေနေ့မှာ အလုပ်နားမယ့်သူတွေလည်း များလိမ့်မှာဖြစ်ပြီး အချိန်ရှိတဲ့သူတွေကတော့ မြန်မာဝဘ်ဆိုဒ်တွေမှာ April Fool မှာ အပြောင်အပျက် အကြောင်းအရာတွေကို ရှာကြည့်တာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ထင်ပါတယ်။