5G ကွန်ရက် အောင်မြင်စွာ စမ်းသပ်နိုင်မှုနှင့်အတူ အသုံးပြုသူ customer များကို ကျေးဇူးတုံ့ပြန်ခဲ့သည့် အက်တမ် (ATOM) ၏ နှစ်ပတ်လည်အထိမ်းအမှတ်

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် လုပ်ငန်းတည်ရှိလည်ပတ်ခဲ့သည်မှာ နှစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ အက်တမ် (ATOM) သည် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများကို လုပ်ဆောင်သွားမည်ဆိုသော ကတိကဝတ်ကို လက်စွဲကိုင်ထားရင်း ခေတ်မီနည်းပညာခေတ်သစ်တစ်ခုကို စတင်နိုင်ရန်အတွက် 5G မိုဘိုင်းအင်တာနက်ကွန်ရက် စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ထို့အပြင် “ရည်ရွယ်စေတနာ အက်တမ်ရဲ့ကျေးဇူးကမ္ဘာ” ဆိုသည့်ခေါင်းစဉ်အောက်တွင် အက်တမ် (ATOM) သည်  အက်တမ် (ATOM) အသုံးပြုသူ customer များ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် လူမှုအသိုင်းအဝိုင်းများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် လှုပ်ရှားမှုအစီအစဉ်ပေါင်းများစွာကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

Image: ATOM

အက်တမ် (ATOM) သည် မြို့ကြီး နှစ်မြို့တွင် 5G အင်တာနက်ကွန်က် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

အကောင်းမွန်ဆုံးသော ဆက်သွယ်ချိတ်ဆက်မှုများနှင့် ဝန်ဆောင်မှုအတွေ့အကြုံများကို ပေးအပ်သွားမည်ဆိုသော ပိုမိုသာလွန်ကောင်းမွန်သည့် “Beyond Better” ကတိကဝတ်နှင့်အညီ အက်တမ် (ATOM) သည် မြန်မာနိုင်ငံတွင် အသစ်အသစ်သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ တိုးတက်လာစေရန်အတွက် လမ်းခင်းပေးနိုင်ဖို့ရာ  ၎င်း၏ကွန်ရက်ကို 5G နည်းပညာအဖြစ်သို့ အဆင်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့က ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G မိုဘိုင်းဖုန်းကွန်ရက်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ အက်တမ် (ATOM) သည် ရန်ကုန်မြို့တွင် 5G ကွန်ရက်စမ်းသပ်မှုအတွက် Huawei နှင့် ပူးပေါင်းကာ မန္တလေးမြို့တွင်စမ်းသပ်မှုအတွက်  ZTE  နှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ထို 5G ကွန်ရက်စမ်းသပ်မှုသည် ယခုလက်ရှိ 4G အင်တာနက်ကွန်ရက်များနှင့် နှိုင်းယှဉ်ပါက လိုင်းဆွဲအား (၁၀) ဆ ပိုမိုလျင်မြန်သည့်အပြင် တစ်စက္ကန့်လျှင် 1 gigabit (1 Gbps) ထက်မြန်သောနှုန်းဖြင့် ဒေတာများစွာကို ပေးပို့နိုင်သည်အထိ အင်တာနက်လိုင်းဆွဲအားမှာ ကောင်းမွန်လွန်းလှပါသည်။ ယခုကဲ့သို့ 5G ကွန်ရက်ဖြင့် ပိုမိုလျင်မြန်စွာ ဒေါင်းလုဒ် (download) ဆွဲနိုင်ခြင်း၊ ပိုမိုအဆင်ပြေချောမွေ့စွာ ဗီဒီယိုကြည့်နိုင်ခြင်းနှင့် နယ်ပယ်အသီးသီးမှ ခေတ်မီ အက်ပလီကေးရှင်းများကို အထောက်အပံ့ပေးနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ရန်အတွက် လမ်းသစ်ဖောက်ပေးလိုက်ခြင်းဖြစ်သည်။

Image: ATOM

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က “ဒီ နှစ်နှစ်အတွင်းမှာ ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ ဒီလောက်ထိ တိုးတက်အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူလို့မဆုံးပါဘူး။ အခုလိုမျိုး 5G ကွန်ရက် စမ်းသပ်မှုက မြန်မာနိုင်ငံတွင်းမှာ ခေတ်မီနည်းပညာရဲ့ အကျိုးကျေးဇူးတွေက ဘယ်လောက်တောင် ကျွန်တော်တို့အပေါ် ကောင်းကျိုးတွေ ယူဆောင်ပေးလာနိုင်လဲဆိုတာ ပိုမိုသိမြင်လာဖို့အတွက် ကျွန်တော်တို့အက်တမ် (ATOM) အနေနဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ကို အစပျိုးပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်ပြီး ဒစ်ဂျစ်တယ်ကွာဟမှုကို ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးသွားမယ့် ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ရည်မှန်းချက်အတိုင်း ဟန်ချက်ညီညီ ကြိုးပမ်းအားထုတ်နေတာပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

အက်တမ် (ATOM) ၏ နှစ်နှစ်ပြည့် လုပ်ငန်းနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “ရည်ရွယ်စေတနာ အက်တမ်ရဲ့ကျေးဇူးကမ္ဘာ” ၏ လှုပ်ရှားမှုအစီအစဉ်ပေါင်းများစွာ

အက်တမ် (ATOM) သည် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအပေါ်ထားရှိသော ကတိကဝတ်အပြင် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအား ကျေးဇူးပြန်လည်တုံ့ပြန့်သည့်အနေဖြင့် လှုပ်ရှားမှုအစီအစဉ်ပေါင်းများစွာကို ဆောင်ရွက်ရင်း နှစ်နှစ်ပြည့် လုပ်ငန်းနှစ်ပတ်လည်အထိမ်းအမှတ်ကို ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုခဲ့သည်။ ထိုကဲ့သို့ ဂုဏ်ပြုကြိုဆိုရာတွင် –

အသုံးပြုသူ customer များအတွက် ကျေးဇူးတုံ့ပြန်သည့်အစီအစဉ်များ – ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတစ်လျှောက်လုံးတွင် အသုံးပြုသူ customer များအတွက် အထူးလက်ဆောင်များ၊ အပိုပွိုင့်လက်ဆောင်များနှင့် ငွေသားပြန်လည်ပေးအပ်မည့်အစီအစဉ်များကို အက်တမ် (ATOM) မှ စီစဉ်ဆောင်ရွက်ထားပါသည်။ ထိုအစီအစဉ်များအနက်မှ အသုံးပြုသူ customer များကို ကျေးဇူးပြန်လည်တုံ့ပြန်သည့်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ အတွင်း မည်သည့် ချန်နယ်မှမဆို မိမိနှစ်သက်ရာနည်းလမ်းဖြင့် မြန်မာငွေ (၂,၉၉၉) ကျပ်နှင့်အထက်  အက်တမ် (ATOM) ပက်ကေ့ချ်ဝယ်ယူမှုတိုင်းအတွက် အက်တမ် စတားပွိုင့် (ATOM Star Points) နှစ်ဆရရှိနိုင်မည့်အပြင် EV ကားသစ်ကြီး ကံထူးခွင့်ရနိုင်မည့် အခွင့်အရေးများကို ပေးအပ်သွားမည်ဖြစ်ပါသည်။

လူမှုအသိုင်းအဝိုင်းထောက်ပံ့ကူညီမှုများ – ၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့က အက်တမ် (ATOM) စေတနာ့ဝန်ထမ်းများနှင့် Management Team အဖွဲ့ဝင်များသည် တော်ကေးကျေးရွာ၊ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင်တည်ရှိသော အောင်သုခ ပရဟိတနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကလေးငယ်များအတွက် စုစုပေါင်း မြန်မာငွေကျပ် သိန်း (၁၀၀) တန်ဖိုးရှိ နေ့စဉ်ကျောင်းသုံးပစ္စည်းများဖြစ်သည့် စာရေးကိရိယာများ၊ တီရှပ်များ၊ ထီးများ၊ ဦးထုပ်များကို လှူဒါန်းခဲ့ပြီး ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ကလေးငယ်များနှင့်အတူ ပျော်ရွှင်စွာ ကျင်းပဆင်နွှဲခဲ့ကြသည်။ ထို့အပြင် အက်တမ် (ATOM) က ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဘိုးဘွားရိပ်သာတွင်ရှိသော ဘိုးဘိုးဘွားဘွားများအတွက် ကျန်းမာရေးထောက်ပံ့မှုများကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

Image: ATOM

မိတ်ဖက်လုပ်ငန်းရှင်များကို ကျေးဇူးတင်ဂုဏ်ပြုခြင်း – အက်တမ် (ATOM) ၏ စီးပွားရေးမိတ်ဖက်လုပ်ငန်းရှင်များကို ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ညစာမိတ်ဆုံစားပွဲအခမ်းအနားကို အက်တမ် (ATOM) မိသားစုနှင့်အတူ ကျင်းပသွားမည်ဖြစ်သည်။

“အခုလိုမျိုး အက်တမ် (ATOM) ရဲ့ လုပ်ငန်းနှစ်ပတ်လည် နေ့ထူးနေ့မြတ်မှာ ချစ်ခင်တန်ဖိုးထားရတဲ့ အသုံးပြုသူ customer များရဲ့ အားပေးယုံကြည်မှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း  ပြောကြားလိုပါတယ်။ အက်တမ် (ATOM) ဟာ အသုံးပြုသူ customer တွေအတွက် နောက်ဆုံးပေါ် ခေတ်မီနည်းပညာထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံအတွက် ယူဆောင်လာရုံသာမက ပိုမိုကောင်းမွန်တဲ့ သုံးစွဲသူ ဝန်ဆောင်မှုအတွေ့အကြုံတွေကို ပေးအပ်သွားနိုင်ဖို့ ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အသုံးပြုသူ customer တွေနဲ့အတူ တိုးတက်အောင်မြင်အောင် ကြိုးစားရင်း ဒစ်ဂျစ်တယ်အနာဂတ်ကြီးရဲ့ အကျိုးကျေးဇူးတွေကို ဆောင်ကြဉ်းပေးလာနိုင်ဖို့အတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်သွားဦးမှာဖြစ်ပါတယ်” ဟု အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ahmad Abdallah ကပြောကြားခဲ့သည်။

Image: ATOM

ယခုကဲ့သို့ အက်တမ် (ATOM) ၏ နှစ်နှစ်ပြည့် လုပ်ငန်းနှစ်ပတ်လည်အထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အရည်အသွေးအကောင်းဆုံး ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပေးအပ်ရင်း မြန်မာနိုင်ငံ၏ တယ်လီကွန်းဆက်သွယ်ရေးနယ်ပယ်ကဏ္ဍ၏ အနာဂတ်ကို အလှပဆုံး ပုံဖော်တည်ဆောက်ကာ အသုံးပြုသူ customer များနှင့် လူမှုအသိုင်းအဝိုင်းများ၏ ဘဝပေါင်းများစွာကို အကျိုးသက်ရောက်မှုကောင်းများရရှိအောင် စွမ်းစွမ်းတမံ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်မှုများ၊ အသုံးပြုသူ customer များအတွက် အစီအစဉ်များနှင့် လူမှုအသိုင်းအဝိုင်းထောက်ပံ့ကူညီပံ့ပိုးပေးမှုများမှတစ်ဆင့် အက်တမ် (ATOM) သည် မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်နည်းပညာများကို ပိုမိုလက်လှမ်းမီနိုင်အောင် လုပ်ဆောင်ပေးပြီး စီးပွားရေးလုပ်ငန်းများကိုလည်း ကူညီပံ့ပိုးပေးကာ နည်းပညာတိုးတက်မှုများကို လူတိုင်း လက်တွေ့အသုံးချနိုင်ရန် ဆက်လက် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်သည်။

သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။