အက်တမ် (ATOM) မှ ဆိုင်ကလုန်း မိုခါးဝင်ရောက်မှုအပြီးတွင် ရခိုင်ပြည်နယ်ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများ လုပ်ဆောင်ခဲ့

အက်တမ် (ATOM) သည် ဆိုင်ကလုန်း မိုခါးဒဏ်ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်နယ်မှ လူမှုအသိုင်းအဝိုင်းများအတွက် အခြေခံ အသုံးအဆောင်ပစ္စည်းများနှင့် နေအိမ်များ ပြုပြင်ဆောက်လုပ်ရန် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ လှူဒါန်းခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ အက်တမ် (ATOM) သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်း တစ်ခုဖြစ်သည့် We Love Rakhine သို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့၌ ပေးအပ်လှူဒါန်းခဲ့ပြီး အက်တမ် (ATOM) ၏ လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ် (Humanitarian Care & Rehabilitation Programme) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဆိုင်ကလုန်း မိုခါးဒဏ်ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် တစိုက်မတ်မတ် ကူညီထောက်ပံ့သွားမည့် အက်တမ် (ATOM) ၏ ကတိကဝတ်ကို မီးမောင်းထိုးပြသလျက်ရှိပါသည်။

Image: ATOM

အက်တမ် (ATOM) ၏ ကူညီထောက်ပံ့မှုများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ အိမ်ထောင်စုပေါင်း (၁၂၀)၊ စစ်တွေမြို့နယ်ရှိ အိမ်ထောင်စုပေါင်း (၇၀) နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အိမ်ထောင်စုပေါင်း (၆၀)၊ စုစုပေါင်း အိမ်ထောင်စုပေါင်း (၂၅၀) ကို အကျိုးပြုထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ အိမ်ထောင်စု တစ်စုချင်းစီတိုင်းကို ဆန်၊ ပဲနီလေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရန် ရေသန့်စင်ဆေးပြား အပြား (၃၀) ကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် အိမ်ထောင်စုတိုင်းကို နေအိမ်များ ပြုပြင်ဆောက်လုပ်ရေးအတွက် လိုအပ်သော (၀.၄၂ mm) အထူရှိ သွပ်ပြား အချပ် (၃၀)၊ (၂၄) ပေပတ်လည် တာလပတ်၊ သံနှင့် သွပ်ကြိုးများကိုလည်း ပေးအပ်သွားမည်ဖြစ်ပါတယ်။

အက်တမ် (ATOM) သည် အိမ်ထောင်စုများအတွက် ပစ္စည်းများ ပေးပို့သည့်နေရာတွင် We Love Rakhine နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။ အိမ်ထောင်စုတစ်စုစီကို မြန်မာငွေ (၈၄၉,၁၅၀) ကျပ်နှင့် ညီမျှသော ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်း ဖြစ်သည့်အတွက် အက်တမ် (ATOM) အနေဖြင့် မြန်မာငွေ သိန်းပေါင်း (၂၁၂,၂၈၇,၅၀၀) ကျပ်ကို ယခုလှူဒါန်းမှုတွင် ကူညီထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေပမာဏသည် ပစ္စည်းများသယ်ယူပို့ဆောင်ရေးအတွက် ကျသင့်သည့် ပို့ဆောင်စရိတ်များပါ ပါဝင်ပါသည်။

Image: ATOM

“ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ် ကြုံတွေ့ရင်ဆိုင်ခဲ့တဲ့ လူမှုအသိုက်အဝိုင်းတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ တစိုက်မတ်မတ် ကူညီထောက်ပံ့ပေးနိုင်ဖို့ ကျွန်တော်တို့ ကတိကဝတ်ပြုထားပါတယ်။ လူနေအိမ်တွေနဲ့ လူမှုဘဝတွေကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ  လိုအပ်တဲ့ အရင်းအမြစ်တွေရဲ့ အရေးပါမှုကို ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ နားလည်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့မှုတွေက လိုအပ်တဲ့ဒေသတွေကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးရောက်နိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ မုန်တိုင်းဒဏ် ကြုံတွေ့ခံစားခဲ့ရတဲ့ ဒေသတွေကို ကူညီထောက်ပံ့ခြင်းအားဖြင့် မျှော်လင့်ချက်တွေကို ပြန်လည် ဖန်တီးပေးနိုင်ဖို့နဲ့ ဖြစ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ရေရှည်မှာ ခံနိုင်ရည်မှုရှိစေနိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ အက်တမ် (ATOM) ရဲ့ လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ် (Humanitarian Care & Rehabilitation Programme) ကို ကူညီပံ့ပိုးပေးပြီး အတူတကွ ပူးပေါင်းပါဝင်ပေးတဲ့ We Love Rakhine အဖွဲ့အစည်းကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်မှ ပြောကြားခဲ့ပါသည်။

Image: ATOM

“ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက သဘာဝဘေးအန္တရာယ်တွေကို ကြုံတွေ့ခံစားခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် တကယ်အရေးပါပြီးတော့ We Love Rakhine အဖွဲ့အစည်းအနေနဲ့ အခုလို အက်တမ် (ATOM) ရဲ့ ဆိုင်ကလုန်းမိုခါးဒဏ်သင့် ပြည်သူတွေရဲ့ လူနေအိမ်တွေနဲ့ လူမှုဘဝတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ ကူညီထောက်ပံ့ပေးတဲ့ လုပ်ဆောင်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော့်အနေနဲ့လည်း အက်တမ် (ATOM) ရဲ့ အခုလို လှူဒါန်းမှုကြီးက အမှန်တကယ် လိုအပ်နေတဲ့သူတွေကို သိသိသာသာ အကူအညီဖြစ်စေနိုင်မယ်လို့ ယုံကြည်ထားပါတယ်။” ဟု We Love Rakhine ၏ ဥက္ကဌဖြစ်သူ ဦးထွန်းထွန်းနိုင်က ပြောကြားခဲ့သည်။

အက်တမ် (ATOM) မှ ရခိုင်ပြည်နယ်ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန် အကူအညီဖြစ်စေနိုင်မည့် တခြားသောနည်းလမ်းများကိုလည်း ရှာဖွေဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆိုင်ကလုန်း မိုခါး ဖြစ်ပေါ်နေစဉ်ကာလနှင့် ဖြစ်ပေါ်ပြီးကာလအတွင်း အက်တမ် (ATOM) သည် ရခိုင်ပြည်နယ်ရှိ အသုံးပြုသူ customer များကို မိမိချစ်ခင်ရသူများထံ ဆက်သွယ်နိုင်ရန်နှင့် လိုအပ်သည့်အချိန်တွင် အကူအညီတောင်းဆိုနိုင်ရန်အတွက် အခမဲ့ ဒေတာ၊ အခမဲ့ ဖုန်းပြောခွင့်နှင့် စာတို အခမဲ့ ပေးပို့ခွင့်များကို ထောက်ပံ့ပေးခဲ့ပါသည်။

Image: ATOM

ထို့အပြင် ဆိုင်ကလုန်း မိုခါးကြောင့် နိုင်ငံတစ်ဝှမ်းတွင် မုန်တိုင်းဒဏ် ကြုံတွေ့ခဲ့ရသည့် နေရာဒေသများရှိ ထိခိုက်ပျက်စီးခဲ့ရသော တယ်လီကွန်းတာဝါတိုင်များနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို စစ်ဆေးပြုပြင်မှုများလုပ်ဆောင်ပြီး အသုံးပြုသူ customer များအနေဖြင့် အက်တမ် (ATOM) ကွန်ရက်ကို အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရန်အတွက် အက်တမ် (ATOM) မှ သက်ဆိုင်ရာအဖွဲ့များက အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါသည်။